၁၈-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ စာချုပ်သက်တမ်းတိုးဖို့အတွက် ဆွေးနွေးနေမှုတွေကို ရပ်ဆိုင်းထားလိုက်တယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ အသက် (၂၁)နှစ်အရွယ် လူငယ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီ ကုန်ဆုံးခါနီးမှာ ခြေစွမ်းကောင်းတွေ ပျောက်ဆုံးခဲ့ရပြီး မန်ယူအတွက် ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရတာပါ။ ရက်ရှ်ဖို့ဒ်နဲ့ မန်ယူရဲ့စာချုပ်သက်တမ်းဟာ နောက်ထပ် (၂)ရာသီ ကျန်နေသေးပေမယ့် မန်ယူအသင်းအနေနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကြိုးစားနေတာဖြစ်ပြီး လက်ရှိမှာတော့ ရက်ရှ်ဖို့ဒ်က စာချုပ်သစ်ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားပြီး ဆိုးလ်ရှားလက်ထက် ပြုပြင်ပြောင်းလဲမှုတွေကို စောင့်ကြည့်ဖို့ စဉ်းစားနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

အဲဗာတန် ။      ။ အဲဗာတန်အသင်းဟာ ဘုန်းမောက်အသင်းရဲ့တိုက်စစ်မှူး ကယ်လန်ဝီလ်ဆင် ကို ပေါင် (၃၅)သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် အဲဗာတန်အနေနဲ့ သူတို့ရဲ့ ကွင်းလယ်လူ ဂွီယီ ကို ရောင်းချပြီးမှသာ ခေါ်ယူဖို့ ကြိုးစားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး လက်ရှိမှာ မာကိုဆေးလ်ဗားအတွက် အပြောင်းအရွှေ့အသုံးစရိတ်က အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

READ
ဇန်န၀ါရီဈေးကွက်မှာ ဆန်းချက်ဇ်ကို အရခေါ်ယူဖွယ်ရှိနေတဲ့ ချယ်လ်ဆီး
AP

ဘိုင်ယန် ။       ။ ဘိုင်ယန်မြူးနစ်အသင်းဟာ အသင်းနည်းပြ ကိုဗက် ကို ရာထူးကနေ ထုတ်ပယ်သွားဖို့  ပြင်ဆင်နေပြီး မေလ (၂၅)ရက်မှာ ကစားမယ့် လိုက်ပ်ဇစ်အသင်းနဲ့ ပိုကယ်ဖလားဗိုလ်လုပွဲရလဒ်ကို စောင့်ကြည့်နေပါတယ်။ ဘိုင်ယန်အသင်းဟာ လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာထားရသလို ပြည်တွင်းချန်ပီယံဆုအတွက်လည်း ဒေါ့တ်မွန်အသင်းနဲ့ ယှဉ်ပြိုင်နေရဆဲပါ။ ဒီအခြေအနေတွေကို ဘိုင်ယန်အသင်း တာဝန်ရှိသူတွေက အားမရ ဖြစ်နေကြပြီး ဘိုင်ယန်ရဲ့လွှမ်းမိုးမှုကြီးမားတဲ့ ပုံစံမျိုး ပြန်လည်ရရှိဖို့အတွက် နည်းပြအပြောင်းအလဲတွေ လုပ်ဆောင်ချင်နေကြတာဖြစ်ပါတယ်။

AFP

ကော်တင်ဟို ။   ။ လီဗာပူးလ်အသင်းနောက်ခံကစားသမားဟောင်း ကာရေဂါက ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ဟို အနေနဲ့ လီဗာပူးလ်ဆီ ပြန်လည်ပြောင်းရွှေ့ခြင်းကသာ အမှန်ကန်ဆုံးလုပ်ရပ်ဖြစ်လိမ့်မယ်လို့ တိုက်တွန်းလိုက်ပါတယ်။ ဘာစီလိုနာအသင်းမှာ ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ ကော်တင်ဟို ဟာ ဒီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားပြီး လီဗာပူးလ်အသင်းကို ပြန်လည်ပြောင်းရွှေ့နိုင်ချေတွေရှိနေတာပါ။ ကာရေဂါ က ကော်တင်ဟို ကို လီဗာပူးလ်ပရိသတ်တွေက ကြိုဆိုကြမှာဖြစ်ပြီး သူ့အတွက် နေရာမှန်ပဲဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
အားကစားလောကရဲ့ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ မန်ယူနဲ့ စီရော်နယ်ဒိုတို့ ထိပ်ဆုံးမှရပ်တည်
Twitter

လယ်လာနာ ။   ။ လီဗာပူးလ်အသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေခဲ့တဲ့ ကွင်းလယ်လူ လယ်လာနာ ဟာ အသင်းဟောင်း ဆောက်သမ်တန်ဆီ ပြန်လည်ပြောင်းရွှေ့ဖို့ ကြိုးစားနေတယ်လို့ Express က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လယ်လာနာ ဟာ အရန်ခုံမှာသာ တစ်ချိန်လုံး ထိုင်နေခဲ့ရပြီး ပွဲထွက်ဖို့အတွက် အခွင့်အရေးပျောက်ဆုံးနေခဲ့တာပါ။ လီဗာပူးလ်အသင်းကလည်း လယ်လာနာ ကို ရောင်းချဖို့ ဆန္ဒရှိနေပြီး သူ့အတွက် ပေါင် (၁၃)သန်း အလိုရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE