၁၈-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Goal "Twitter"

နေမာ ။ ။ နေမာရဲ့အေးဂျင့်အဖြစ် လုပ်ဆောင်နေတဲ့ ဖခင် ဖြစ်သူဟာ ဂျူဗင်တပ်စ်အသင်းအားကစားဒါရိုက်တာ ဖေဘီယို ပါရာတီစီ နဲ့ တူရင်မှာတွေ့ဆုံခဲ့တယ်လို့ Rai Sport က ဖော်ပြပါတယ်။ နေမာ တစ်ယောက် PSG အသင်းကနေ ပြောင်းရွှေ့ခွင့်ရဖို့အတွက် ဖခင်ဖြစ်သူက အစွမ်းကုန် လိုက်လံဆောင်ရွက်နေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး ဒီရာသီရဲ့ကြယ်စင်စုအသင်းလို့ နာမည်တပ်ခံနေရတဲ့ ဂျူဗင်တပ်စ်အနေနဲ့ နေမာကိုခေါ်ယူဖို့ အခွင့်အရေးတွေရှိလာခဲ့ပြီလို့ ရေးသားနေကြပါတယ်။

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က လီဗာပူးလ်ဟာ မန်စီးတီး ၊ PSG အသင်းတို့လို တစ်နှစ်ကို ပေါင်သန်း(၃၀၀)လောက် သုံးနိုင်တဲ့အသင်းမဟုတ်ဘူးလို့ပြောဆိုလိုက်ပြီး ဒီရာသီအပြောင်းအရွှေ့အတွက်လည်း မျှော်လင့်ချက်သိပ်မထားကြဖို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ လီဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မှန်ကန်တဲ့ ကစားသမားခေါ်ယူမှုတွေကို ပြုလုပ်ခဲ့ပြီး ချန်ပီယံလိဂ်ဆုဖလားကို အရယူနိုင်ခဲ့သလို ဒီရာသီမှာလည်း ကစားသမားကောင်းတွေထပ်ခေါ်ပြီး ဆုဖလားတွေ ထပ်မံရယူဖို့ ပရိသတ်တွေက ဆန္ဒရှိနေခဲ့ကြတာပါ။

(AP Photo/Armando Franca)

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က အသင်းကိုရောက်ရှိလာတဲ့ ကစားသမားသစ် ရိုဒရီ ဟာ ဘာစီလိုနာရဲ့ဘက်စကွက်ဇ်လို ကစားသမားဖြစ်ကြောင်း ချီးကျူးလိုက်ပြီး လျှင်မြန်ကာ၊ဖျက်အားကောင်းတဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဂွာဒီယိုလာ က သတင်းထောက်တွေကို ရိုဒရီနဲ့ပတ်သက်တဲ့မေးခွန်းတွေအတွက် ဖြေကြားပေးသွားခဲ့ပြီး သူ့အနေနဲ့ ရိုဒရီကို မန်စီးတီးမှာ အချိန်အကြာကြီး ရှိနေစေချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

READ
(၁၂-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

လူကာကူ ။      ။ မန်ယူအသင်းတိုက်စစ်မှူး လူကာကူ ဟာ လိဒ်အသင်းနဲ့ကစားမယ့် ခြေစမ်းပွဲလူစာရင်းကနေ နုတ်ထွက်သွားခဲ့ပြီးတဲ့နောက် အင်တာမီလန်ကိုပြောင်းဖို့ သေချာသွားခဲ့ပြီလို့ Sky Sports က ဖော်ပြပါတယ်။ လူကာကူ တစ်ယောက် မန်ယူလူစာရင်းကနေ ထွက်ခွာသွားခဲ့ခြင်းဟာ အင်တာမီလန်နဲ့ဆွေးနွေးမှု အဆုံးသတ်ဖို့ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး အင်တာနဲ့ မန်ယူတို့အကြား သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ ရေးသားနေကြပါတယ်။

 

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ သူတို့ရဲ့တောင်ပံကစားသမား မယ်လ်ကွန်အတွက် အနည်းဆုံး ပေါင်(၅၄)သန်း လိုချင်နေတယ်လို့ အသိပေးခဲ့ကြောင်း Marca သတင်းစာက ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ မယ်လ်ကွန် ကို အာဆင်နယ်က အငှားနဲ့ခေါ်ယူဖို့ ကြိုးစားနေသလို အဲဗာတန်နဲ့ စပါးအသင်းတို့ကလည်း ခေါ်ယူဖို့ ကြိုးစားမှုတွေ ရှိလာခဲ့တာကြောင့် ဘာစီလိုနာက ကစားသမားရဲ့ ဈေးနှုန်းကို သတ်မှတ်ပေးလိုက်တာပါ။

READ
၂၀-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

စပါး ။   ။ စပါးအသင်းဟာ အက်သလက်တီကိုအသင်းဆီ ပြောင်းရွှေ့သွားပြီဖြစ်တဲ့ ထရစ်ပီယာ ရဲ့နေရာမှာ အစားထိုးဖို့ နာပိုလီအသင်းနောက်ခံလူ ဟိုင်ဆက် နဲ့ ရိုးမားအသင်းရဲ့ ဖလော်ရန်ဇီ တို့ကို ပစ်မှတ်ထားနေတယ်လို့ Gianluca Di Marzio သတင်းစာက ဖော်ပြပါတယ်။ စပါးဟာ ထရန်ပီယာ ကို အက်သလက်တီကိုဆီ ပေါင်သန်း(၂၀)နဲ့ရောင်းချခဲ့တာဖြစ်ပြီး သူ့နေရာမှာ ကစားနိုင်တဲ့ ကစားသမားအဖြစ် အော်ရဲရား တစ်ယောက် ရှိနေပါသေးတယ်။

Linn

Source : TheSun , Goal , Mirror

SHARE