၁၈-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Mirror"

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က နာပိုလီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်နဲ့ VAR စနစ်တို့ရဲ့စွမ်းဆောင်ရည်တွေအပေါ် မေးခွန်းထုတ်လိုက်ပါတယ်။ နာပိုလီအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ရတဲ့ အဲဒီပွဲစဉ်၊ ပွဲချိန်(၈၁)မိနစ်မှာ လီဗာပူးလ်အသင်း ပင်နယ်တီပေးခဲ့ရပြီး အဲဒီပင်နယ်တီက လီဗာပူးလ်အသင်းအတွက် အဆုံးအဖြတ်ဖြစ်သွားခဲ့တာပါ။ ရုပ်သံမြင်ကွင်းတွေမှာတော့ နာပိုလီအသင်းခေါင်းဆောင် ကယ်လီဂျွန်ဟာ လီဗာပူးလ်နောက်ခံလူ ရော်ဘတ်ဆန်နဲ့မထိပဲ ဒိုင်ဗင်ပစ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ပွဲအပြီးမှာ နည်းပြ ဂျာဂန်ကလော့ပ်က ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က ဗလင်စီယာအသင်းနဲ့ပွဲစဉ်မှာ ပင်နယ်တီလွဲချော်သွားခဲ့တဲ့ ကွင်းလယ်လူ ဘာကလေ ဟာ ပင်နယ်တီကန်သွင်းဖို့အတွက် တာဝန်ပေးထားတဲ့ ကစားသမားဖြစ်တယ်လို ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ချယ်လ်ဆီးအသင်းရဲ့ ပင်နယ်တီ ကန်သွင်းသူတွေအဖြစ် ဂျော်ဂျင်ဟိုနဲ့ ၀ီလီယံတို့က တာဝန်ယူခဲ့ကြပေမယ့် မနေ့ညက ပွဲစဉ်မှာ လူစားဝင်လာခဲ့တဲ့ ဘာကလေ က ပင်နယ်တီကို ကန်သွင်းဖို့ကြိုးစားခဲ့တာဖြစ်ပြီး လွဲချော်သွားခဲ့တာပါ။ ဘာကလေ အနေနဲ့ ပင်နယ်တီကို လုယူပြီးကန်သွင်းခဲ့တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပေမယ့် လမ်းပတ်ကတော့ ဘာကလေ ဟာ ဒီရာသီမှာပင်နယ်တီကန်သွင်းဖို့ ရွေးချယ်ထားတဲ့ကစားသမားဖြစ်ကြောင်းနဲ့ အသင်းဖော်တွေဆီက လုယူပြီး ကန်သွင်းခဲ့တာမဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟို ။     ။ အင်္ဂလန်အသင်းဂိုးသမားဟောင်း ရောဘတ်ဂရင်း က ချယ်လ်ဆီးနည်းပြ လမ်းပတ်ဟာ ပင်နယ်တီကောင်းကောင်းကန်တတ်တဲ့ ဂျော်ဂျင်ဟို ကို ချန်လှပ်ပြီး ဘာကလေ ကို ပင်နယ်တီကန်သွင်းသူအဖြစ် ရွေးချယ်ခဲ့ခြင်းဟာ ထူးဆန်းတဲ့အပြုအမူပဲလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ချယ်လ်ဆီးရဲ့ ပင်နယ်တီကန်သွင်းသူအဖြစ် တာဝန်ယူခဲ့တဲ့ ဂျော်ဂျင်ဟို ဟာ သူ့ရဲ့ကစားသမားဘ၀မှာ ပင်နယ်တီ (၁၃)ဂိုး သွင်းယူခဲ့သူဖြစ်ပြီး တစ်ကြိမ်သာ လွဲချော်ထားခဲ့တာပါ။

ဟာလန်း ။       ။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဆဲလ်ဘတ်အသင်းအတွက် Hat- Trick သွင်းဂိုး သွင်းယူပေးသွားတဲ့ လူငယ်တိုက်စစ်မှူးဟာလန်းရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး မန်ယူနည်းပြ ဆိုးလ်ရှားက ချီးကျူးလိုက်ပါတယ်။ ဟာလန်း ဟာ ဆိုးလ်ရှားတစ်ယောက် မိုလ်ဒီအသင်းကို နည်းပြခဲ့စဉ်က မိုလ်ဒီတိုက်စစ်မှူးအဖြစ် ကစားခဲ့ဖူးသူဖြစ်ပြီး အသင်းအတွက် (၁၄)ဂိုး သွင်းပေးနိုင်ခဲ့တာပါ။ ဆိုးလ်ရှားက သူ့အနေနဲ့ မိုလ်ဒီအသင်းမှာရှိနေစဉ်ကတည်းက ဟာလန်းရဲ့ခြေစွမ်းနဲ့ အဆုံးသတ်ပိုင်းကို စိတ်ဝင်စားမိကြောင်းနဲ့ မန်ယူအသင်းဆီ ခေါ်ယူဖို့ကိုလည်း စိတ်ကူးရှိနေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
၂၈-၇-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

ဇာဗီ ။   ။ ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမားဟောင်း ဇာဗီ က မန်စီးတီးတိုက်စစ်မှူး စတာလင် ဟာ မက်ဆီရဲ့နေရာကို အစားဝင်မယ့်ကစားသမားမျိုးဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမား ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက သွင်းဂိုး (၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ စတာလင် ရဲ့ခြေစွမ်းဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာတာကိုတွေ့နေရပြီး မက်ဆီ၊ရော်နယ်ဒို တို့လို အဆင့်ကိုရောက်လာလိမ့်မယ်လို့ ဇာဗီက မှတ်ချက်ပေးလိုက်တာပါ။

READ
၁၅-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို က သူ့ရဲ့ကစားသမားဘ၀မှာ အကောင်းဆုံးသွင်းဂိုးအဖြစ် အမှတ်ရနေတဲ့သွင်းဂိုးက ရီးယဲလ်နဲ့ဂျူဗင်တပ်စ်ပွဲမှာ သွင်းယူခဲ့တဲ့ နောက်ပြန်ကန်ချက်ဂိုးပဲဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်မှာ ရီးယဲလ်အတွက် ကစားပေးနေတဲ့ ရော်နယ်ဒိုက ဂျူဗင်တပ်စ်အသင်းဖက်ကို နောက်ပြန်ကန်ချက်နဲ့ ဂိုးသွင်းယူလိုက်တာဖြစ်ပြီး အဲဒီသွင်းဂိုးကို ဂျူဗင်တပ်စ်ပရိသတ်တွေကအစ လက်ခုပ်တီးပြီး ချီးကျူးခဲ့ကြတာပါ။

https://twitter.com/i/status/1113376435228553216

Linn

Source : TheSun , Goal , Mirror

SHARE