၁၉-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

မက်ဆီ ။         ။ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီ က နေမာကို ဘာစီလိုနာဆီပြန်မလာစေချင်တဲ့ ဘုတ်အဖွဲ့ဝင်တွေ ရှိနေကြောင်းနဲ့သူတို့ကြောင့် နေမာကို မခေါ်နိုင်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ နေမာ ကို ပြန်လည်ခေါ်ယူမယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့်လည်း ဘုတ်အဖွဲ့အတွင်းမှာ နေမာ ကို ခေါ်ဖို့ ဆန္ဒမရှိတဲ့ အဖွဲ့ဝင်တွေရှိနေတာကြောင့် သူ့ရဲ့အသင်းဖော်ဟောင်းအနေနဲ့ ဘာစီလိုနာအသင်းဆီ ပြန်လာခွင့်မရခဲ့တာဖြစ်တယ်လို့ မက်ဆီက ဖွင့်ဟသွားခဲ့ပါတယ်။

ဟယ်ရီကိန်း ။   ။ စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းက နည်းပြ ပိုချက်တီနို အနေနဲ့ စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်း ပြသဖို့ စပါးအသင်းကို ရလဒ်တွေပြန်ကောင်းအောင် စွမ်းဆောင်ပြရမှာဖြစ်တယ်လို့မှတ်ချက်ပေးလိုက်ပါတယ်။ စပါးအသင်းရဲ့ရလဒ်ဆိုးတွေကနေ ပြန်လည်ရုန်းထွက်နိုင်အောင် ကြိုးစားကြဖို့ ဟယ်ရီကိန်းက ပိုချက်တီနိုနဲ့အတူ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပြီး ဒီနေ့ည ကစားမယ့်ပွဲစဉ်မှာ ရလဒ်ကောင်းတွေရယူကြဖို့ ပြောဆိုလိုက်တာပါ။

 

ဘာလာကော့ဗ် ။         ။ ဘူလ်ဂေးရီးယားနဲ့အင်္ဂလန်တို့ပွဲစဉ်မှာ ပရိသတ်တွေရဲ့လူမျိုးရေးခွဲခြားမှု ပြသနာတွေ ဖြစ်ပွားခဲ့ပြီးနောက် အသင်းနည်းပြ ဘာလာကော့ဗ်တစ်ယောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ပါပြီ။ ဘူလ်ဂေးရီးယားပရိသတ်တွေအနေနဲ့ လူမျိုးရေးခွဲခြားမှုတွေမလုပ်ခဲ့ဘူးလို့  ကာကွယ်ပြောဆိုပေးခဲ့တဲ့ နည်းပြဟာ ဘူလ်ဂေးရီးယားဘောလုံးအဖွဲ့ချုပ်နဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက် ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ဂရင်းဝုဒ် ။       ။ မန်ယူအသင်းဟာ လူငယ်တိုက်စစ်မှူး မေဆင်ဂရင်းဝုဒ် ကို (၂၀၂၃)ခုနှစ်အထိ အသင်းမှာဆက်ရှိနေစေမယ့် သက်တမ်းတိုးစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် (၁၈)နှစ်အရွယ် တိုက်စစ်မှူးလေးဟာ မန်ယူရဲ့အနာဂတ်ကြယ်ပွင့်ကစားသမားအဖြစ် သတ်မှတ်ခံနေရသူဖြစ်ပြီး ဆိုးလ်ရှားရဲ့စီမံကိန်းတွေထဲမှာ အဓိက ကျသူလို့ သတင်းတွေက ရေးသားခဲ့ကြပါတယ်။

မာတစ် ။         ။ လီဗာပူးလ်အသင်းရဲ့နောက်ခံကစားသမား ဂျိုရယ်မာတစ် ဟာ အသင်းနဲ့ (၂၀၂၄)ခုနှစ်အထိ သက်တမ်းရှိတဲ့ သက်တမ်းတိုးစာချုပ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ပါတယ်။ အသက် (၂၈)နှစ်အရွယ် နောက်ခံလူဟာ လီဗာပူးလ်ရဲ့ခံစစ်မှာ နေရာတစ်ခု ရရှိနေသူဖြစ်ပြီး မာတစ် ကို သက်တမ်းတိုးဖို့ ကလော့ပ်ကိုယ်တိုင်က ဘုတ်အဖွဲ့ကို တင်ပြခဲ့တာဖြစ်ကြောင်း Mirror က ဖော်ပြပါတယ်။

READ
အာဆင်နယ် VS လက်စတာစီးတီးပွဲကြိုသုံးသပ်ချက်

Linn

Source : TheSun , Dailymail , Mirror

SHARE