၁၉-၁၂-၂၀၁၈ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ

ဒေါ့တ်မွန် ။      ။ ဒေါ့တ်မွန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ တန်းတက်အသင်း ဒက်ဆယ်ဒေါ့ဖ်နဲ့ ပွဲစဉ်မှာ (၂-၁) ဂိုးနဲ့ မထင်မှတ်ပဲ အရှုံးပေးလိုက်ရပြီး ဒီရာသီရဲ့ ပထမဆုံး ဘွန်ဒက်စ်လီဂါ ရှုံးပွဲနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။ ဒီပွဲစဉ်မှာ ဆန်ချို၊ အယ်လ်ကာဆာ ၊ ဂွာရဲရိုး တို့ကို အရန်ခုံမှာသာထားပြီး အရန်ကစားသမားအချို့အသုံးပြုခဲ့တဲ့ ဒေါ့တ်မွန်ဟာ ဒက်ဆယ်ဒေါ့ဖ်ရဲ့ ဦးဆောင်ဂိုး (၂) ဂိုးကို ခွင့်ပြုခဲ့ရပြီးနောက် ပွဲချိန် (၈၁)မိနစ်မှာမှ အယ်လ်ကာဆာက တစ်လုံးတည်းသော ချေပဂိုးကိုသွင်းယူနိုင်ခဲ့တာပါ။ ဒေါ့တ်မွန်ဟာ ဒီရှုံးပွဲကြောင့် အမှတ်ပေးဇယား ဒုတိယနေရာက ဂလက်ဘတ်အသင်းနဲ့ (၆)မှတ်သာ ကွာတော့တဲ့အနေအထားကိုရောက်သွားခဲ့ပြီး ချန်ပီယံဆုအတွက် ဖိအားအနည်းငယ် ရှိသွားခဲ့ပါတယ်။

တယ်ရီ ။         ။ ချယ်လ်ဆီးအသင်းနောက်ခံကစားသမားဟောင်း ဂျွန်တယ်ရီက မန်ယူအသင်းရဲ့ အဓိက ကစားသမားအချို့ကြောင့် နည်းပြမော်ရင်ဟို ရာထူးကနေ ထွက်ခွာသွားခဲ့ရတယ်လို့ ယုံကြည်နေပါတယ်။ မန်ယူအသင်းနောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မက်ဂရက်က မော်ရင်ဟိုထုတ်ပယ်ခံရပြီး နာရီပိုင်းအကြာမှာ မန်ယူကစားသမားတွေထဲက သုံးလေးယောက်ဟာ အထုပ်ပြင်ထားဖို့လိုပြီဖြစ်ကြောင်းနဲ့ အသင်းအပေါ်လေးစားမှုမရှိတဲ့ ကစားသမားတွေဖြစ်ကြောင်း၊ သူတို့ကြောင့်မော်ရင်ဟိုထွက်သွားရတာဖြစ်ကြောင်း တွစ်တာမှာရေးသားသွားခဲ့ပြီး အဲဒီပို့စ်ကို တယ်ရီက ထောက်ခံကြောင်းပြသခဲ့တာပါ။

READ
၂၅.၆.၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
SkySports

ဇိုလာ ။ ။ ချယ်လ်ဆီးအသင်းလက်ထောက်နည်းပြ ဇိုလာ က အသင်းရဲ့အပြောင်းအရွှေ့လှုပ်ရှားမှုမှာ ၀ီလ်ဆင်ကိုခေါ်ယူဖို့ ကြိုးစားနေတာကိုပဲ အတည်ပြုပေးနိုင်သေးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးဟာ ဘုန်းမောက်အသင်းတိုက်စစ်မှူး ၀ီလ်ဆင် ကို ပေါင် သန်း (၃၀) နဲ့ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး ဒီရာသီမှာ (၈) ဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်မှူးကို မျက်စိကျနေခဲ့တာပါ။ ဇိုလာက ဘုန်းမောက်အသင်းအနေနဲ့ သူတို့ရဲ့ ကစားသမားကို ဆက်ထိန်းထားချင်တဲ့ အခြေအနေမျိုးရှိနေပြီး ညှိနှိုင်းမှုတွေ စတင်လုပ်နေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။

AFP

အစ္စကို ။         ။ ရီးယဲလ်ကွင်းလယ်လူ အစ္စကိုအတွက် အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့က ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်ဖို့ ပြင်ဆင်နေကြပြီလို့ Marca က ဖော်ပြပါတယ်။ အစ္စကို ကို ချယ်လ်ဆီးအသင်းက ပေါင်သန်း(၇၀)နဲ့ ကမ်းလှမ်းထားတယ်လို့လည်း သတင်းတွေထွက်နေပြီး တစ်ပတ်ကို ပေါင် (၂၅၀၀၀၀)နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီးပြီလို့တောင် Marca က ဖော်ပြနေတာပါ။ ဒါပေမယ့် ရီးယဲလ်ဥက္ကဌကတော့ အစ္စကိုအတွက် ပေါင်သန်း(၁၀၀)နီးပါး လိုချင်နေလို့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေရဆဲပဲဖြစ်ပါတယ်။

READ
၂၂-၂-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Marca

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက မန်ယူအသင်းအနေနဲ့ ပိုချက်တီနိုကို နည်းပြရာထူးအတွက် ကမ်းလှမ်းလာခဲ့ရင် ငြင်းဆန်လိုက်တာက ပိုပြီးသင့်တော်တယ်လို့ ပိုချက်တီနိုကိုလှမ်းပြီး တိုက်တွန်းလိုက်ပါတယ်။ အမ်မရီက ပိုချက်တီနိုရဲ့ လက်ရှိအသင်းဟာ မန်ယူထက်ပိုပြီး စုစည်းမှုကောင်းတဲ့အသင်းဖြစ်နေကြောင့် သူ့အနေနဲ့ စပါးအသင်းမှာသာ ဆက်ပြီးရှိနေသင့်တယ်လို့ မှတ်ချက်ပေးသွားခဲ့တာပါ။

ဘတ်ရှူဝါရီ ။    ။ မိုနာကိုအသင်းနည်းပြ အွန်နရီဟာ ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဘတ်ရှူဝါရီကို အငှားနဲ့ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပါတယ်။ ဘတ်ရှူဝါရီဟာ လက်ရှိအချိန်မှာ စပိန်ကလပ် ဗလင်စီယာအသင်းဆီ အငှားနဲ့ သွားရောက်ကစားနေသူဖြစ်ပြီး ဗလင်စီယာမှာ ပုံစံကောင်းရဖို့ ရုန်းကန်နေရတာပါ။ အွန်နရီဟာ ဘယ်လ်ဂျီယံအသင်းမှာ နည်းပြအဖြစ်ဆောင်ရွက်ခဲ့စဉ်က ဘတ်ရှူဝါရီနဲ့ ဆက်ဆံရေးကောင်းတွေရှိခဲ့လို့ သူ့ရဲ့အသင်းဆီခေါ်ယူဖို့ ကြိုးစားနေတာပဲဖြစ်ပါတယ်။

Linn

Source : TheSun , Dailymail , Goal

 

SHARE