၁၉-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ မနေ့ညက ကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ မန်ယူတို့ရဲ့ FA ဖလားပွဲစဉ်မှာ ပေါ့ဂ်ဘာနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ခြေစွမ်းဟာ မန်ယူအတွက် အဓိက ကျခဲ့တယ်လို့ နည်းပြ ဆိုးလ်ရှားက ဆိုပါတယ်။ အဲဒီပွဲစဉ်မှာ မန်ယူက ချယ်လ်ဆီးကို (၀-၂)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။ မန်ယူအတွက် တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ပေါ့ဂ်ဘာက အဲဒီပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့လို ပေါ့ဂ်ဘာအတွက် သွင်းဂိုးတစ်ဂိုး ဖန်တီးပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကလည်း မန်ယူရဲ့အဓိက တိုက်စစ်မှူးနေရာမှာ တစ်စထက်တစ်စ ပုံပေါ်လာခဲ့ပါတယ်။ ဆိုးလ်ရှားက မန်ယူနည်းပြအဖြစ် စတင်တဲ့ ရာသီမှာ အသင်းအတွက် ဖလားတစ်လုံးရယူပေးနိုင်မယ်ဆိုရင် သူ့အနေနဲ့ အရမ်းပျော်ရွှင်မိမှာဖြစ်တယ်လို့လည်း ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက သူ့အနေနဲ့ ပွဲရလဒ်ကိုသာ စိုးရိမ်ကြောင်းနဲ့ ပရိသတ်တွေရဲ့ လှောင်ပြောင်နေမှုတွေကိုတော့ စိုးရိမ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်း ပရိသတ်တွေဟာာ ဒုတိယပိုင်း ပွဲချိန်တွေမှာ ဆာရီရဲ့ ကစားပုံကို အော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး မော်ရင်ဟို ချယ်လ်ဆီးကို တစ်ကျော့ပြန်ရောက်လာကာစက လှောင်ပြောင်တဲ့ သီချင်းမှာ ဆာရီရဲ့နာမည်ကို ထည့်သွင်းခဲ့ကြတာပါ။ ဆာရီက ပရိသတ်တွေ ဘယ်လိုခံစားရမယ်ဆိုတာ နားလည်ကြောင်းနဲ့ သူကိုယ်တိုင်လည်း ရှုံးပွဲအတွက် စိတ်ပျက်နေမိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

READ
၂၃-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

ဒေါ့တ်မွန် ။      ။ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ ဒေါ့တ်မွန်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နုရင်ဘတ်အသင်းနဲ့ ပွဲစဉ်မှာ ဂိုးမရှိသရေကျခဲ့တာကြောင့် ဒုတိယနေရာက ဘိုင်ယန်အသင်းနဲ့ (၃)မှတ်သာ ကွာတော့တဲ့အခြေအနေကိုရောက်ရှိသွားခဲ့ပါတယ်။ ဒေါ့တ်မွန်ဟာ အသင်းခေါင်းဆောင် မာကိုရူးစ် ဒဏ်ရာရသွားကတည်းက နိုင်ပွဲရဖို့ ရုန်းကန်နေရပြီး နောက်ဆုံး(၃)ပွဲဆက် သရေကျခဲ့တဲ့အနေအထားကြောင့် ဘိုင်ယန်မြူးနစ်ရဲ့ ပြန်လည်ဖိအားပေးခြင်းကို ခံနေရတာပဲဖြစ်ပါတယ်။ ဒေါ့တ်မွန်ရဲ့ တိုက်စစ်မှူး အယ်လ်ကာဆာ ဒဏ်ရာက ပြန်လည်ကောင်းမွန်လာခဲ့ပေမယ့် မာကိုရူးစ်ရဲ့နေရာကိုတော့ အစားထိုးဖို့ ခက်ခဲနေခဲ့ပြီး အနိုင်(၃)မှတ်အတွက် ရုန်းကန်နေခဲ့ရတာပါ။

Twitter

FA ဖလား ။      ။ FA ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီး မန်စီးတီးအသင်းဟာ ဆွမ်ဆီးကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်သလို မန်ယူအသင်းကလည်း ၀ုဗ်အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မန်စီးတီးအတွက် သက်သောင့်သက်သာ နိုင်ပွဲရမှာဖြစ်ပေမယ့် မန်ယူကတော့ ရုန်းကန်ရလိမ့်မယ်လို့ သုံးသပ်မှုတွေလည်းရှိနေခဲ့တာပါ။ ၀က်ဖို့ဒ်အသင်းက သူတို့ရဲ့အိမ်ကွင်းမှာ ပဲလေ့စ်ကို လက်ခံယှဉ်ပြိုင်ရမှာဖြစ်သလို မီဝေါလ် အသင်းကလည်း သူတို့ရဲ့အိမ်ကွင်းမှာ ဘရိုက်တန်အသင်းကို လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

READ
၂၅-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ စုစည်းမှု
TheSun

လီဗာပူးလ် ။     ။ ဂျာမနီအသင်း ဂန္ဓ၀င်ကစားသမားဟောင်းကြီး လိုသာမာသီးယပ်စ်က လီဗာပူးလ်အသင်းဟာ နောက်ခံလူ ဗန်ဒိုက် မပါဘူးဆိုရင်တောင် ဘိုင်ယန်ကို အနိုင်ကစားနိုင်စွမ်းရှိတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒီနေ့ည ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်ဟာ လီဗာပူးလ်ရဲ့အိမ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဘိုင်ယန်ခံစစ်ပိုင်းဟာ လီဗာပူးလ်တိုက်စစ်ကို ကျိန်းသေပေါက် ဂိုးပေးရလိမ့်မယ်လို့ မာသီးယပ်စ်က ခန့်မှန်းပါတယ်။ ဘိုင်ယန်ဟာ ဒီရာသီမှာ ကစားပုံအားနည်းနေခဲ့ပြီး အဖက်ဖက်က ကျဆင်းမှုတွေရှိလာတာကြောင့် ချန်ပီယံလိဂ်မှာ ရုန်းကန်ရလိမ့်မယ်လို့လည်း မာသီးယပ်စ်က သုံးသပ်သွားခဲ့ပါတယ်။

EPA

လိဒ် ။   ။ ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ လအတွင်းက ဒါဘီအသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ စပိုင်စေလွှတ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တဲ့အတွက် ဒဏ်ငွေ ပေါင် (၂၀၀၀၀၀) ချမှတ်ခြင်းခံခဲ့ရပါတယ်။ နည်းပြ ဘီယယ်ဆာ ရဲ့ လိဒ်အသင်းဟာ အဲဒီပွဲစဉ်မှာ ဒါဘီကို (၂-၀)နဲ့ နိုင်ခဲ့ပေမယ့်လည်း ဒါဘီအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်က ကစားကွက်တွေကို ချောင်းမြောင်းအကဲခတ်ဖို့အတွက် လူတစ်ဦးကို စေလွှတ်ခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာပါ။ စစ်ဆေးမှုတွေ ပြုလုပ်ပြီးချိန်မှာတော့ လိဒ်အသင်းတာဝန်ရှိသူတွေက သူတို့ စေလွှတ်ခဲ့တဲ့ စပိုင်ဖြစ်ကြောင်း ၀န်ခံသွားခဲ့ပြီး အခုလို ဒဏ်ငွေချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

Linn

Source : TheSun , Dailymail , Goal

SHARE