၁၉-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်စီးတီး ။       ။ မန်စီးတီးအသင်းဟာ ၀င်ဘလေကွင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲစဉ်မှာ ၀က်ဖို့ဒ်အသင်းကို ((၆-၀) ဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီး ပြည်တွင်းဖလား(၃)လုံးကို တစ်ရာသီအတွင်း သိမ်းပိုက်နိုင်တဲ့ ပထမဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ မန်စီးတီးရဲ့ အဓိက  တိုက်စစ်ကစားသမား စတာလင် က အဲဒီပွဲမှာ ဟတ်ထရစ် သွင်းယူနိုင်ခဲ့ပြီး အခြားအနိုင်ဂိုးတွေကိုတော့ဒေးဗစ်ဆေးလ်ဗား ၊ ဂျီးဆပ်နဲ့ ဒီဘရိုင်းတို့က သွင်းယူပေးခဲ့တာပါ။ မန်စီးတီးအသင်းရဲ့ (၆-၀)ဆိုတဲ့ရလဒ်ဟာ (၁၁၆)နှစ်တာကာလအတွင်း အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ကြီးမားတဲ့ ဂိုးကွာခြားချက် ဖြစ်လာခဲ့ပါတယ်။

ဗန်ပါစီ ။                   ။ မန်ယူနဲ့ အာဆင်နယ်တိုက်စစ်မှူးဟောင်းဗန်ပါစီ က သူ့ရဲ့ဘောလုံးသမားဘ၀ အကောင်းဆုံးအခိုက်အတန့်ဟာ မန်ယူမှာ ကစားခဲ့စဉ်တုန်းက သွင်းဂိုးတစ်ဂိုးကြောင့် ဖြစ်ပေါ်ခဲ့ရတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဘောလုံးလောက ကနေ အနားယူသွားပြီဖြစ်တဲ့ ဗန်ပါစီက အင်တာဗျူးတစ်ခုမှာ (၂၀၁၃)ခုနှစ်တုန်းက ဗီလာအသင်းနဲ့ မန်ယူအသင်းတို့ ကစားခဲ့ရတဲ့ ပွဲစဉ်ဟာ သူ့ဘ၀အတွက် အကောင်းဆုံးအခိုက်အတန့်ဖြစ်ခဲ့ပြီး အဲဒီပွဲက မြေမကျကန်သွင်းချက်ကို အခုအချိန်ထိ အမှတ်ရနေဆဲ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
၁၂-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AP

လာလီဂါ ။       ။ လာလီဂါပြိုင်ပွဲပြီးဆုံးသွားချိန်မှာတော့ ဗလင်စီယာအသင်းက ဂီတာဖေးကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်အထိ လာလီဂါအမှတ်ပေးဇယားရဲ့အဆင့်(၄)နေရာမှာ ရပ်တည်ခဲ့တဲ့ ဂီတာဖေးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ နောက်ဆုံးပွဲမှာ ဗီလာရီးယဲလ်ကို သရေသာ ကစားနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်သွားခဲ့ရတာပါ။ ဗလင်စီယာကကတော့ ဗယ်လာဒိုးလစ်အသင်းကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။

AFP

အမ်မရီ ။         ။ မနေ့ညက ကစားခဲ့တဲ့ လီဗန်တေး-အက်သလက် ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တဲ့ အာဆင်နယ်နည်းပြ အမ်မရီ ကို စပိန်သတင်းစာတွေက သတိထားမိကြပြီး အက်သလက်တီကို ကစားသမားတစ်ဦးရဲ့ခြေစွမ်းကို လာရောက်အကဲခတ်တာ ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ အမ်မရီရဲ့ အာဆင်နယ်အသင်းဟာ အက်သလက်ကွင်းလယ်လူ ရိုဒရီ ကို မန်စီးတီးနဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။

READ
၂၇-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းဟာ လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့လစာကို တစ်ပတ်လုပ်ခ ပေါင်(၃၀၀၀၀၀)အထိ တိုးမြှင့်ပေးမယ်လို့ ထပ်မံ ကမ်းလှမ်းလိုက်ပါတယ်။ ရက်ရှ်ဖို့ဒ်ဖက်ကတော့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေကို ရပ်ဆိုင်းထားခဲ့ပြီး နည်းပြဆိုးလ်ရှားလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်အတွက် အာမခံချက်ရှိမှသာ ဆက်လက်ဆွေးနွေးသွားမယ်လို့ ပြောဆိုထားတာပါ။

ဆက်ဆက်ဂ်နွန် ။         ။ မန်ယူအသင်းဟာ ဖူလ်ဟမ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဆက်ဆက်ဂ်နွန်ကို ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းမှု စတင်ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ အသက် (၁၈)နှစ်အရွယ် လူငယ်ကစားသမားအတွက် မန်ယူက ပေါင်သန်း(၄၀)နဲ့ စတင်ကမ်းလှမ်းလိုက်တာဖြစ်ပြီး စပါး၊ ဂျူဗင်တပ်စ်အသင်းတွေကလည်း ဒီကစားသမားကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြတာာပါ။

AP

Linn

Source : Goal , Mirror , TheSun

 

SHARE