၁၉-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

TheSun "Twitter"

မက်ဂွိုင်းယား ။  ။ ပြီးခဲ့တဲ့ ရာသီတုန်းက စွမ်းဆောင်ခဲ့တဲ့ မက်ဂွိုင်းယားနဲ့ ဒီလစ် တို့ရဲ့ စွမ်းဆောင်ရည်ပိုင်း နှိုင်းယှဉ်မှုကို ကြည့်ပြီး မန်ယူပရိသတ်တွေကတော့ စိတ်ပျက်နေကြပါတယ်။ ဂျူဗင်တပ်စ်ကို ပေါင်(၆၇.၅)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဒီလစ် ဟာ မက်ဂွိုင်းယားထက် စွမ်းဆောင်မှုပိုင်းမှာ အစစအရာရာ သာလွန်နေခဲ့ပေမယ့်လည်း မက်ဂွိုင်းယားရဲ့ပြောင်းရွှေ့ကြေးက ဒီလစ်ထက် (၁၀)သန်းကျော်လောက် ပိုများနေခဲ့တာပါ။ မန်ယူပရိသတ်တွေကတော့ ဒါဟာ ဓားပြတိုက်ဖို့ကြိုးစားသလိုပဲလို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ မှတ်ချက်ပေးနေကြပါတယ်။

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းတိုက်စစ်မှူးဟောင်း ပယ်ရီ ဂရော့ဗ် က မန်ယူအသင်းဟာ နည်းပြဆိုးလ်ရှားရဲ့လက်ထက်မှာ ပိုပြီးကောင်းမွန်လာဖို့ မရှိသေးပဲ နည်းပြအမ်မရီ ရဲ့ အာဆင်နယ်ကသာ လာမယ့်ရာသီမှာ ထိပ်ဆုံး(၄)သင်းစာရင်း ၀င်နိုင်လိမ့်မယ်လို့ပြောဆိုလိုက်ပါတယ်။ ဂရော့ဗ်က ဒီရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူခြင်းမပြုနိုင်တဲ့ ချယ်လ်ဆီးအသင်းအနေနဲ့လည်း ရလဒ်ကောင်းတွေရဖို့ ရုန်းကန်ရဖွယ်ရှိနေပြီး လမ်းပတ်ကိုယ်တိုင်လည်း အဆင့်(၄)အတွင်းဝင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရဖွယ်ရှိတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

TalkSport “Twitter”

စတူးရစ်ခ်ျ ။      ။ လီဗာပူးလ်အသင်းကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ တိုက်စစ်မှူး စတူးရစ်ခ်ျကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က လောင်းကစားမှုနဲ့ ပွဲပယ်ပြစ်ဒဏ်၊ ဒဏ်ငွေပြစ်ဒဏ်တွေချမှတ်လိုက်ပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခံရဖို့ စောင့်ဆိုင်းနေတဲ့ ကစားသမားဟာ ပေါင်(၇၅၀၀၀) ဒဏ်ရိုက်ခံခဲ့ရပြီး ၊ ဘောလုံးကစားခြင်းကနေ (၆)ပတ် ပိတ်ပင်ခံခဲ့ရတာပါ။ စတူးရစ်ခ်ျဟာ (၂၀၁၈)ခုနှစ်အတွင်းမှာ FA ရဲ့ ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ချိုးဖောက်လို့ လောင်းကစားမှု ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဒီဖြစ်ရပ်အပေါ် အယူခံဝင်ခဲ့ပါသေးတယ်။

READ
၁၄-၂-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Manu Fernandez)

ဗာတွန်ဂန် ။     ။ စပါးအသင်းနောက်ခံကစားသမား ဗာတွန်ဂန် က စပါးအသင်းမှာ ကာလရှည်ရှိနေဖို့ မသေချာကြောင်း ပြောဆိုလိုက်ပါတယ်။ အသက် (၃၂)နှစ်အရွယ် ကစားသမားဟာ (၂၀၁၂)ခုနှစ်ကတည်းက အေဂျက်ဇ်ကနေ စပါးအသင်းကိုပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ပွဲပေါင်း (၂၈၅)ပွဲအထိ ကစားပေးထားသူပါ။ ဗာတွန်ဂန်ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ အဆင်မပြေသေးကြောင်း ဗာတွန်ဂန် က အသိပေးသွားခဲ့ပါတယ်။

ဘင်အာဖာ ။     ။ ရင်းနက်စ်အသင်းကနေ စာချုပ်ကုန်ဆုံးပြီး ထွက်ခွာလာခဲ့တဲ့ ကွင်းလယ်လူ ဘင်အာဖာ ဟာ ဈေးကွက်ထဲက အလွတ်ခေါ်ယူနိုင်မယ့် ကစားသမားစာရင်းမှာ ရှိနေပြီး လာလီဂါမှာ သွားရောက်ကစားဖို့ စီစဉ်နေတယ်လို့ ESPN က ဖော်ပြပါတယ်။ အသက် (၃၂)နှစ်အရွယ် ကွင်းလယ်လူ ဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ ပြင်သစ်မြေမှာ ဆက်လက်ကစားချင်စိတ်မရှိတော့ပဲ ဘက်တစ်၊ အက်စ်ပန်ညိုအသင်းတွေနဲ့ ချိတ်ဆက်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၁၈-၁၂-၂၀၁၈ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်ဟာ မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာကိုခေါ်ယူရေးအတွက် အသုံးပြုမယ့် ကစားသမား(၃)ဦးကို ရွေးချယ်ထားပြီးဖြစ်တယ်လို့ Corriere Della Sera သတင်းစာက ဖော်ပြပါတယ်။ ဂျူဗင်တပ်စ်ဟာ နောက်ခံလူ ကန်ဆယ်လို၊ ကွင်းလယ်လူ မာတွီဒီ နဲ့ ဒေါက်ဂလပ်ကော်စတာ တို့ (၃) ဦးကို ပေါ့ဂ်ဘာရဲ့အပြောင်းအရွှေ့အတွက် ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး သူတို့(၃) ဦးပေါင်းတန်ကြေးဟာ အနည်းဆုံး ပေါင်သန်း(၁၅၀)နဲ့အထက်မှာရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

Linn

Source : TheSun , Dailymail , Mirror

SHARE