၁၉-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "TalkSport"

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ပွဲစဉ်မှာ (၁-၁)ဂိုးနဲ့ သရေကျခဲ့ပြီး နည်းပြသစ်လမ်းပတ်လက်ထက်မှာ (၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပါပြီ။ ပထမပိုင်းပွဲချိန် (၇)မိနစ်မှာတင် ချယ်လ်ဆီးတို့ ဦးဆောင်ဂိုးရရှိသွားခဲ့ပြီး မေဆွန်မောင့် ရဲ့ သွင်းဂိုးက ချယ်လ်ဆီးရဲ့နိုင်ပွဲတစ်ပွဲကို လုံလောက်စေပြီလို့ အားလုံးက ထင်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း ပွဲချိန် (၆၆)မိနစ်မှာတော့ လက်စတာကွင်းလယ်လူ အန်ဒီဒီ က ခေါင်းတိုက်ဂိုးတစ်ဂိုးနဲ့ ပြန်လည်ချေပသွားခဲ့လို့ ပွဲအပြီးမှာ ချယ်လ်ဆီးတို့ တစ်ဂိုးစီ သရေရလဒ်နဲ့ကျေနပ်လိုက်ရပြီး လမ်းပတ်အတွက်တော့ ပရီးမီးယားလိဂ်အဖွင့်(၂)ပွဲမှာ ရမှတ်(၁)မှတ်သာ ရရှိခဲ့တဲ့အနေအထားဖြစ်သွားခဲ့ပါတယ်။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ခံစစ်ကစားသမားတွေဖြစ်ကြတဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့အတွဲဟာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ခံစစ်အတွဲဖြစ်လာဖို့ ယုံကြည်ထားတယ်လို့ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးနောက်ခံကစားသမားအဖြစ် ရပ်တည်နေတဲ့ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့အတွဲဟာ ချယ်လ်ဆီးအသင်းကို (၄-၀)နဲ့နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်လာခဲ့ပြီး ပေးဂိုးမရှိ ပွဲစဉ်တစ်ပွဲကို ဖန်တီးနိုင်ခဲ့တဲ့အတွက် ဆိုးလ်ရှားက အခုလိုမျိုး ပြောဆိုသွားခဲ့တာပါ။

 

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ်က လက်စတာအသင်းကို သရေကျခဲ့တဲ့ ပွဲစဉ်ဟာ ချယ်လ်ဆီးအသင်းအတွက် သင်ခန်းစာယူရမယ့်ပွဲစဉ်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ လမ်းပတ်က ချယ်လ်ဆီးကစားသမားတွေဟာ ပထမပိုင်းပွဲချိန် (၂၅)မိနစ်အတွင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့်လည်း အဲဒီနောက်မှာတော့ ကစားပုံက လျော့တိလျော့ရဲဖြစ်သွားခဲ့ရတယ်လို့ ၀န်ခံသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းကို စတင်ကိုင်တွယ်တဲ့အချိန်မှာပဲ ပရီးမီးယားလိဂ်ရဲ့အစောဆုံးထုတ်ပယ်ခံရနိုင်တဲ့ နည်းပြစာရင်းမှာ ပါဝင်နေတဲ့ လမ်းပတ်ဟာ လက်ရှိအချိန်မှာ (၃)ပွဲဆက်နိုင်ပွဲပျောက်နေတဲ့ ရလဒ်ပိုင်းကြောင့် ဖိအားဒဏ်နဲ့ရင်ဆိုင်နေရပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

တူချယ် ။         ။ PSG အသင်းနည်းပြ တူချယ်က PSG ဟာ နေမာရဲ့နေရာအတွက် အစားထိုးခေါ်ယူမှု မပြုလုပ်ရသေးပဲ ကစားသမားကိုရောင်းချဖို့ ဆုံးဖြတ်သွားမှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ရင်းနက်စ်အသင်းနဲ့ပွဲစဉ်မှာ (၂-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် တူချယ် က နေမာရဲ့အခြေအနေနဲ့ ပတ်သက်လို့ ပြောဆိုသွားခဲ့ပြီး အသင်းအတွက် မကစားပေးနိုင်တဲ့နေမာကြောင့် အသင်းရဲ့ရလဒ်ပိုင်းပါ ထိခိုက်လာစေတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

လော်ရန်တေး ။ ။ စပါးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီး ထွက်ခွာလာခဲ့တဲ့ တိုက်စစ်မှူး လော်ရန်တေးကို စီးရီးအေကလပ်အသင်းတွေဖြစ်ကြတဲ့ နာပိုလီ ၊ ဖီအိုရင်တီးနားနဲ့ လာဇီယိုတို့က ခေါ်ယူဖို့ ကြိုးစားနေကြတယ်လို့ အီတလီသတင်းစာတွေက ဖော်ပြပါတယ်။ ဘိုင်ယန်ကွင်းလယ်လူဟောင်း ရစ်ဘာရီ ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဖီအိုရင်တီးနားအသင်းဟာ လော်ရန်တေး ကိုခေါ်ယူဖို့ အခြေအနေကောင်းတွေရှိနေပြီး ဆွေးနွေးမှုတွေတောင် စတင်နေပြီလို့ Gazzetta dello Sports က ဖော်ပြသွားခဲ့ပါတယ်။

READ
ဗန်ဒိုက်ခ်ျကို ပေါင်(၇၅)သန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရခဲ့တဲ့ လီဗာပူးအသင်း

ဘာလော့တယ်လီ ။      ။ အီတလီတိုက်စစ်မှူး ဘာလော့တယ်လီ တစ်ယောက်ကတော့ စီးရီးအေကိုတန်းတက်လာခဲ့တဲ့ ဘရက်ဆီယာအသင်းဆီ ပြောင်းရွှေ့သွားခဲ့ပြီပဲဖြစ်ပါတယ်။ ဘရက်ဆီယာအသင်းဟာ ဘာလော့တယ်လီကို (၃)နှစ်စာချုပ်နဲ့ခေါ်ယူသွားခဲ့တာဖြစ်ပြီး အင်တာမီလန် ၊အေစီမီလန်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဘာလော့တယ်လီ တစ်ယောက် စီးရီးအေမြေကို တစ်ဖန်ပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE