၁၀-၂-၂၀၂၀ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

မက်ဆီ ။         ။ မနေ့ညက ကစားခဲ့တဲ့ ဘက်တစ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်ပေးခဲ့တဲ့ မက်ဆီကတော့ ဒီရာသီမှာ Hat-Trick သွင်းဂိုးရော၊ Hat-Trick ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တဲ့ ဒုတိယမြောက်ကစားသမားဖြစ်လာခဲ့ပါတယ်။ မက်ဆီ ထက် အရင် ဒီစံချိန်ကို ရနေတဲ့သူကတော့ လိုက်ပ်ဇစ်အသင်းတိုက်စစ်မှူး တီမိုဝါနာ ဖြစ်ပါတယ်။

ဇီဒန်း ။ ။ ရီးယဲလ်အသင်းက အိုဆာဆူနာအသင်းကို (၁-၄)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ နည်းပြ ဇီဒန်းဟာ ရီးယဲလ်နည်းပြဟောင်း မော်ရင်ဟို တင်ထားတဲ့ စံချိန်တစ်ခုကို ကျော်ဖြတ်လိုက်နိုင်ခဲ့ပါတယ်။ ဇီဒန်းဟာ ရီးယဲလ်အသင်းအတွက် နိုင်ပွဲ အများဆုံးယူနိုင်ခဲ့တဲ့ နည်းပြ စာရင်းမှာ တတိယနေရာကို ရောက်လာခဲ့ပြီး နိုင်ပွဲ (၈၈)ပွဲ ရှိခဲ့တာပါ။ ရီးယဲလ်နည်းပြဟောင်း မော်ရင်ဟို က နိုင်ပွဲ (၈၇)ပွဲနဲ့ စတုတ္တနေရာမှာ ကျန်ရစ်ခဲ့ပြီး မီဂွယ်မူနော့ဇ် ၊ ဒယ်လ်ဘော့စကေး တို့က နိုင်ပွဲအများဆုံးရယူနိုင်တဲ့ နည်းပြတွေအဖြစ် ထိပ်ဆုံးကရပ်တည်ခဲ့ကြပါတယ်။

ဘိုင်ယန် ။       ။ ဘိုင်ယန်အသင်းရဲ့ အားကစားဒါရိုက်တာ ဆာလီဟာမစ်ဇစ် ဟာ အေဂျက်ဇ်နောက်ခံလူ ဆာဂျီနို ဒက်စ်ရဲ့ ခြေစွမ်းကို ကြည့်ရှုဖို့အတွက် ဟော်လန်မြေအထိသွားရောက်ခဲ့ပြီး ခေါ်ယူဖို့ နီးစပ်နေပြီလို့ Bild က ဖော်ပြပါတယ်။ အေဂျက်ဇ်အသင်းရဲ့ ညာနောက်ခံ ကစားသမားဟာ ဟော်ဖန်ဟိမ်းနဲ့ကစားမယ့် ပိုကယ်ဖလားပွဲမတိုင်မီ ဘိုင်ယန်အသင်းဆီ ရောက်လာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

လီဗာပူးလ် ။     ။ လာမယ့်အပြောင်းအရွှေ့မှာ လီဗာပူးလ်အသင်းရဲ့ အလိုရှိဆုံးကစားသမားအဖြစ် လေဗာကူဆင်ကြယ်ပွင့် ကိုင်ဟာဗက်ဇ် ကို ပစ်မှတ်ထားနေတယ်လို့ Mirror က ဖော်ပြပါတယ်။ ဘိုင်ယန်၊ ဘာစီလိုနာနဲ့ မန်ယူအသင်းတို့က ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဟာဗက်ဇ် ဟာ လာမယ့်အပြောင်းအရွှေ့မှာတော့ လေဗာကူဆင် ကနေ ထွက်ခွာဖို့ရှိနေပြီး လီဗာပူးလ်အသင်းက အရ ခေါ်သွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

READ
၃-၄-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

မန်ယူ ။ ။ လက်စတာကွင်းလယ်လူ မက်ဒီဆင် ကိုခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ယူအသင်းရဲ့ ကြိုးစားမှုဟာ ဖြစ်လာနိုင်ဖွယ်မရှိတော့ဘူးလို့ Express က ဖော်ပြပါတယ်။ မက်ဒီဆင် ဟာ လက်စတာအသင်းနဲ့ စာချုပ်သစ်ချုပ်ဖို့ ဆွေးနွေးနေပြီဖြစ်ပြီး အသင်းပြောင်းရွှေ့ဖို့ စဉ်းစားတော့မှာမဟုတ်ဘူးလို့ Express က ဖော်ပြသွားတာပါ။

ဖာမီနို ။ ။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ဖာမီနို ကိုခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းက ကြိုးစားနေကြောင်း The Sun က ဖော်ပြပါတယ်။ လီဗာပူးလ်အသင်းဟာ ဖာမီနိုရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင်(၇၅)သန်းလောက်ရဖို့ မျှော်လင့်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပေမယ့် နည်းပြ ကလော့ပ်ကတော့ သူ့ရဲ့ချန်ပီယံကစားသမားတွေကို လက်လွှတ်မှာမဟုတ်ဘူးလို့ ဖွင့်ဟပြောဆိုထားတာပါ။

Linn

Source : TheSun , Goal , Mirror

SHARE