၂-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မော်ရင်ဟို ။     ။ မန်ယူအသင်းနည်းပြမော်ရင်ဟို က ဆောက်သမ်တန်ကို (၂-၂) ဂိုးနဲ့ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို အပြစ်တင်လိုက်ပြီး အသင်းအတွက် ပေးဆပ်လိုစိတ်မရှိဘူးလို့ စွပ်စွဲလိုက်ပါတယ်။ မန်ယူအသင်းဟာ မနေ့က သရေပွဲကြောင့် (၃) ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရတဲ့ အခြေအနေ ဖြစ်သွားခဲ့ပြီး မော်ရင်ဟို ရဲ့ ရလဒ်ပိုင်းကို အသင်းတာဝန်ရှိသူတွေကလည်း စိတ်ပျက်နေပါတယ်။ မော်ရင်ဟိုကတော့ သူ့အနေနဲ့ အသင်းအတွက် ပေးဆပ်ကစားပေးတဲ့ ကစားသမားတွေကို မန်ယူအသင်းမှာ မတွေ့ရဘူးလို့ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆိုလိုက်ပါတယ်။

ဂျူဗင်တပ်စ် ။    ။ ဖီအိုရင်တီးနားအသင်းကို (၀-၃) နဲ့ အနိုင်ယူခဲ့တဲ့ ပွဲအပြီးမှာ ဂျူဗင်တပ်စ်အသင်းဟာ ရာသီအစ လိဂ်ပွဲစဉ် (၁၄) ပွဲမှာ (၁၃) ပွဲအနိုင်ရတဲ့ စံချိန်ကောင်းတစ်ခုကို ထပ်မံရရှိသွားခဲ့ပြန်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ဘန်တန်ကာ၊ ချီလီနီ၊ ရော်နယ်ဒို တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ဖီအိုရင်တီးနားကို အနိုင်ရခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ပင်နယ်တီက တစ်ဆင့် ဂိုးသွင်းယူပေးခဲ့တဲ့ ရော်နယ်ဒိုကလည်း ဂျူဗင်တပ်စ်ရဲ့ ရာသီအစ (၁၄) ပွဲမှာ သွင်းဂိုး (၁၀) ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

READ
လာကာဇက်တီမှာ ဘန်ဇီမာကဲ့သို့ ထူးချွန်လာနိုင်ဟု အိုဇေးလ်ချီးကျူး
AP

ကူလီဘာလီ ။   ။ နာပိုလီအသင်းဟာ နောက်ခံလူ ကူလီဘာလီအတွက် မန်ယူအသင်းရဲ့ပေါင် (၉၁) သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ပါတယ်။ အသင်းရဲ့ ခံစစ်ပိုင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ယူအတွက်တော့ ကူလီဘာလီဟာ ဦးစားပေး ပစ်မှတ်ပဲဖြစ်ပေမယ့် နာပိုလီအသင်းကတော့ သူတို့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ နာပိုလီအသင်း ဥက္ကဌ ဒီလော်ရန်းတစ်က မန်ယူရဲ့ကမ်းလှမ်းမှုကို ချက်ချင်းပယ်ချခဲ့တာဖြစ်ပြီး ဒီ့ထက်ပိုပြီးမြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုး မျှော်လင့်နေတယ်လို့ အီတလီသတင်းစာတွေက ရေးသားနေကြပါတယ်။

AFP

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က မန်စီးတီးအသင်းရဲ့ အမှားအယွင်းမရှိ ရှေ့ဆက်နေမှုကို လေးစားမိကြောင်းနဲ့ ပရီးမီးယားလိဂ်အသင်းတွေအနေနဲ့ မန်စီးတီးအသင်းကို ကြောက်ရွံ့နေကြကြောင်း ပြောဆိုလိုက်ပါတယ်။ ကလော့ပ်က မန်စီးတီးအသင်းဟာ ပြိုင်ဖက်အသင်းတွေအပေါ် လွှမ်းမိုးမှုရှိပြီး သူတို့နဲ့ ယှဉ်ပြိုင်ရပြီဆိုတာနဲ့  အမှတ်ပေးဖို့ အဆင်သင့်တွေဖြစ်ကုန်တယ်လို့ ဆိုလိုက်တာပါ။ မန်စီးတီးဟာ ညတုန်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို (၃-၁) ဂိုးနဲ့ အနိုင်ယူခဲ့ပြီး အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်ထားခဲ့တာပါ။

READ
(၁၆-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အိုဇေးလ် ။       ။ နည်းပြ အမ်မရီရဲ့လက်အောက်မှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ အိုဇေးလ်ဟာ အင်တာမီလန်အသင်းကို သွားရောက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ mirror က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းအနေနဲ့လည်း မြင့်မားတဲ့လစာမျိုးပေးချေနေရတဲ့ အိုဇေးလ်ကို ရောင်းချသွားဖို့ အဆင်သင့်ရှိနေပြီး တစ်ပတ် ပေါင် (၃၅၀၀၀၀) အထိ ပေးနေရတဲ့ ကစားသမားရဲ့အပြောင်းအရွှေ့ကို မြင်တွေ့ရဖို့ရှိနေပါတယ်။ အိုဇေးလ်ဟာ လက်ရှိမှာ အာဆင်နယ်အသင်းနဲ့ (၂၀၂၁) ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုထားပြီး သူ့ရဲ့တန်ကြေးဟာ ပေါင်သန်း (၅၀) ၀န်းကျင်ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

(AP Photo/Tim Ireland)

Linn

Source : TheSun , Dailymail , Mirror

SHARE