၁၃-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ တောင်ပံကစားသမား ဇီယက်ခ်ျ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားပြီဆိုတဲ့အကြောင်းကို အေဂျက်ဇ်နည်းပြ တန်ဟတ် က အတည်ပြုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့မှာ ငြိမ်သက်နေခဲ့တဲ့ ချယ်လ်ဆီးဟာ ဇီယက်ခ်ျအတွက် ပေါင်(၃၈)သန်း အသုံးပြုခဲ့ပြီး (၄)နှစ်စာချုပ်နဲ့ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ဂွာဒီယိုလာ ။    ။ ဘာစီလိုနာ ၊ ဘိုင်ယန်မြူးနစ်၊ မန်စီးတီးအသင်းတို့နဲ့ ဆုဖလားတွေအများကြီး ယူခဲ့ပြီးပေမယ့်လည်း ဂွာဒီယိုလာကတော့ သူဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြ မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ စပိန်၊ဂျာမနီနဲ့ အင်္ဂလန်မြေတွေမှာ လိဂ်ဖလား(၈)လုံးအထိ ရယူခဲ့ပြီး ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား(၂)ကြိမ် သိမ်းပိုက်ထားတဲ့ ဂွာဒီယိုလာ က သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ ဘယ်တုန်းကမှ မမှတ်ယူထားခဲ့ပဲ သူ့ထက်စွမ်းရည်မြင့်တဲ့နည်းပြတွေ အများကြီးရှိနေကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။

မာလာဂါ ။       ။ မာလာဂါအသင်းဟာ (၂၀၀၂)ခုနှစ်တုန်းက တိုက်စစ်မှူး ရော်နယ်ဒို ကို ယူရို(၂)သန်းနဲ့ ခေါ်ယူနိုင်လုနီးပါး ဖြစ်ခဲ့ပြီး လက်လွှတ်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ မာလာဂါအသင်းရဲ့ တာဝန်ရှိသူတွေဟာ (၂၀၀၂)ခုနှစ် ဥရောပယူ(၁၇)ချန်ပီယံရှစ်ပြိုင်ပွဲကို ကင်းထောက်စေလွှတ်ခဲ့ပြီး ရော်နယ်ဒို ရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြတာပါ။ အဲဒီနောက်မှာ စပို့တင်းလူငယ်အကယ်ဒမီထွက် ကစားလေးကို ခေါ်ယူဖို့ စီစဉ်ခဲ့ကြပေမယ့် အသင်းဘုတ်အဖွဲ့က ပယ်ချသွားခဲ့လို့ ရော်နယ်ဒို ကိုခေါ်ခွင့်မရခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အီဂါလို ။         ။ တရုတ်ကနေ ပြန်လာခဲ့လို့ ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်ခြင်းခံနေရတဲ့ မန်ယူတိုက်စစ်မှူးသစ် အီဂါလို ဟာ မန်ယူအသင်းဖော်တွေနဲ့ လေ့ကျင့်ခွင့်ကို အခုအချိန်အထိ မရသေးဘူးလို့ Mirror က ဖော်ပြပါတယ်။ အီဂါလို ဟာ လက်ရှိအချိန်မှာ စောင့်ကြည့်ကာလ (၁၄)ရက်နဲ့ ရင်ဆိုင်နေရပြီး မန်ယူအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို လာခွင့်မရှိပဲဖြစ်နေတာပါ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားကတော့ ဒီတစ်ပတ် ကစားမယ့် ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ အီဂါလို ကို ပွဲထုတ်ဖို့ရှိတယ်လို့ ပြောဆိုထားပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ အပြောင်းအရွှေ့တုန်းက ဘိုင်ယွန်ကွင်းလယ်လူ တိုလစ်ဆို ကို အငှားခေါ်ယူဖို့ကြိုးစားခဲ့ပြီး ဘိုင်ယန်မြူးနစ်ရဲ့ ပယ်ချခြင်းကို ခံခဲ့ရတယ်လို့ Kicker က ဖော်ပြပါတယ်။ ဘိုင်ယန်မြူးနစ်မှာ ပွဲထွက်နိုင်ဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်ကစားသမားဟာ မန်ယူတာဝန်ရှိသူတွေရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကတော့ အငှားချထားဖို့ ငြင်းဆိုသွားခဲ့တာပါ။

READ
(၁၉-၄-၂၀၁၉)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE