၁၄-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Si

ဇူးမား ။ ။ ချယ်လ်ဆီးအသင်း နောက်ခံလူ ဇူးမား က မော်ရင်ဟို ဟာ ချယ်လ်ဆီးနည်းပြအဖြစ် တာဝန်ထမ်းဆောင်စဉ်တုန်းက သူ့ကို အမှိုက် လို့ခေါ်ခဲ့ဖူးကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟို ဟာ အသက် (၁၉)နှစ်အရွယ် ဇူးမား ကို စိန့်အက်တီနီ အသင်းဆီကနေ ချယ်လ်ဆီးအသင်းဆီ ခေါ်ယူခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့တဲ့အတွက် စိတ်ပျက်နေခဲ့တာပါ။ ဇူးမားက မော်ရင်ဟို ဟာ ချယ်လ်ဆီးအသင်း ရှုံးပွဲကြုံခဲ့တဲ့ ပွဲစဉ်တစ်ပွဲမှာ သူ့ကို ရုံးခန်းထဲအထိ ခေါ်ယူကြိမ်းမောင်းခဲ့ဖူးကြောင်းနဲ့ အဲဒီအတွက် ခံစားခဲ့ရကြောင်းကိုလည်း ဖွင့်ဟ၀န်ခံသွားခဲ့ပါတယ်။

 

ကိုပါအီတာလီယာ ။      ။ မနေ့ညက ကစားခဲ့တဲ့ ကိုပါအီတာလီယာဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အေစီနဲ့ ဂျူဗင်တပ်စ်တို့ တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ တိုက်စစ်မှူးလား၊ နောက်ခံလူလားမကွဲပြားတော့ပဲ အေစီအတွက်ဂိုးတွေ ဆက်တိုက်သွင်းနေတဲ့ ရီဘစ် က ပွဲချိန် (၆၁)မိနစ်မှာ အေစီအတွက် ဦးဆောင်ဂိုးသွင်းပေးခဲ့တာပါ။ ဒါပေမယ့် ပွဲချိန် (၇၁)မိနစ်မှာ ဟာနန်ဒက်စ်တစ်ယောက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ အေစီတို့ တစ်ယောက်လျော့နဲ့ ကစားခဲ့ရပြီး ပွဲချိန် (၉၁)မိနစ်မှာ ရော်နယ်ဒို က ဂျူဗင်တပ်စ်အသင်းအတွက် ချေပဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူပေးသွားခဲ့တာပါ။

မန်ယူ ။ ။ မန်ယူအသင်း ကစားသမားဟောင်း လီရှပ် က ဒေါ့တ်မွန်ကွင်းလယ်လူ ဆန်ချို ဟာ မန်ယူအသင်းနဲ့ အသင့်တော်ဆုံး ကစားသမား ဖြစ်တယ်လို့ ထောက်ခံလိုက်ပြီး လာမယ့်အပြောင်းအရွှေ့မှာ အရခေါ်ယူသွားသင့်တယ်လို့ တိုက်တွန်းလိုက်ပါတယ်။ လက်ရှိမှာ ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)ကျော် ရှိနေတဲ့ ဆန်ချိုရဲ့ တန်ကြေးကြောင့် ခေါ်ယူချင်နေတဲ့အသင်းတွေ စဉ်းစားနေကြရပေမယ့်လည်း လီရှပ် ကတော့ မန်ယူဟာ ဆန်ချိုကိုသာ ရသွားရင် သူတို့ရဲ့အကောင်းဆုံး ပုံစံတွေကို ပြန်လည်ရယူနိုင်လိမ့်မယ်လို့ သုံးသပ်လိုက်တာပါ။

READ
၁၉-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဒိုင်ဘာလာ ။    ။ ဂျူဗင်တပ်စ်အသင်း အမှုဆောင်ချုပ် ပက်ထရီဆီ က အသင်းရဲ့ တိုက်စစ်မှူး ဒိုင်ဘာလာ ဟာ ဂျူဗင်တပ်စ်ရဲ့မက်ဆီ ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဆီ ရော်နယ်ဒို ရောက်လာခဲ့တာကြောင့် ဒိုင်ဘာလာ ရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်သွားခဲ့ရပေမယ့်လည်း လာမယ့် နှစ်တွေထဲမှာတော့ ဒိုင်ဘာလာ ဟာ ဂျူဗင်တပ်စ်အတွက် အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ပက်ထရီဆီ က သုံးသပ်လိုက်တာပါ။

ရာကီတစ် ။      ။ ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ရာကီတစ် က သူ့အနေနဲ့ ရော်နယ်ဒို နဲ့ တွဲဖက်ကစားနိုင်ဖို့ ဆန္ဒရှိနေကြောင်းနဲ့ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့နိုင်မယ့်သတင်းတွေကို အတည်ပြုလိုက်ပါတယ်။ ရာကီတစ် ဟာ စီးရီးအေ ကလပ်အသင်းတွေ ဖြစ်ကြတဲ့ ဂျူဗင်တပ်စ်နဲ့ အင်တာမီလန် တို့ရဲ့ ဆက်သွယ်ခြင်းကို ခံနေရပြီး ရော်နယ်ဒို ရှိရာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေခဲ့တာပါ။

READ
၆-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE