၁၅-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

မန်စီ်းတီး ။       ။ မန်စီးတီးအသင်းဟာ UEFA က ချမှတ်ထားတဲ့ ဘဏ္ဍာရေးညီမျှမှု စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့ကြောင်း တွေ့ရှိခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် (၂)ရာသီ ပိတ်ပင်ခံလိုက်ရပါတယ်။ (၂၀၁၂)ခုနှစ်ကနေ (၂၀၁၆)ခုနှစ်အတွင်း မန်စီးတီးဟာ စပွန်ဆာဝင်ငွေတွေကို အကြောင်းပြကာ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာဖြစ်ကြောင်း UEFA က တွေ့ရှိပြီးတဲ့နောက် (၂)ရာသီ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့သလို၊ ဒဏ်ငွေအဖြစ်လည်း ယူရို သန်း(၃၀) ချမှတ်ခဲ့ပါတယ်။

အာတီတာ ။     ။ အာဆင်နယ်အသင်းနည်းပြ အာတီတာ က အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ကစားသမား ပီပီရဲ့ ခြေစွမ်းကောင်းကို မကြာခင် ပြန်လည်တွေ့ရှိရမယ့်အကြောင်း အာမခံလိုက်ပါတယ်။ အာဆင်နယ်အသင်းဆီကို ပေါင်(၇၂)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ပီပီဟာ အသင်းအတွက် (၂၇)ပွဲ ကစားထားပြီး (၅)ဂိုးသာ သွင်းနိုင်ခဲ့သေးသူပါ။ အာတီတာ က အသင်းအနေနဲ့ ပီပီ ကို ခြေစွမ်းပြနိုင်ဖို့ အခွင့်အရေးတွေ ပေးသွားမှာဖြစ်ပြီး ကစားခွင့်ရလာတာနဲ့အမျှ ခြေစွမ်းပိုပြလာနိုင်လိမ့်မယ်လို့ ပြောဆိုသွားခဲ့တာပါ။

 

ချယ်လ်ဆီး ။     ။ အေဂျက်ဇ်အသင်းတောင်ပံကစားသမား ဇီယက်ခ်ျကို ခေါ်ယူနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းကတော့ လာမယ့် အပြောင်းအရွှေ့မှာ တိုက်စစ်ကစားသမား (၃)ဦး ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ ဒေါ့တ်မွန်အသင်း တောင်ပံကစားသမား ဆန်ချို၊ လိုင်ယွန်တိုက်စစ်မှူး ဒမ်ဘီလီ နဲ့ ဘာမင်ဂမ်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ဘယ်လင်ဟမ် တို့ဟာ ချယ်လ်ဆီးရဲ့ အပြောင်းအရွှေ့ ပစ်မှတ်တွေအဖြစ် ရှိနေကြတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မန်ယူ ။ ။ ဒီတစ်ပတ် တနင်္လာမှာ ကစားရမယ့် ချယ်လ်ဆီးအသင်းနဲ့ ပွဲစဉ်အတွက် ကစားသမား (၆)ယောက် လွဲချော်မှာဖြစ်တဲ့အကြောင်း မန်ယူနည်းပြ ဆိုးလ်ရှားက အတည်ပြုလိုက်ပါတယ်။ တိုမီနေး ၊ တွမ်ဇီဘီ ၊ ဖိုဆူမန်ဆက်ခ်ျ ၊ ပေါ့ဂ်ဘာ ၊ ရက်ရှ်ဖို့ဒ်နဲ့ လီဂရန့် တို့ဟာ ချယ်လ်ဆီးနဲ့ပွဲကို လွဲချော်ကြမှာဖြစ်ပြီး တိုက်စစ်မှူးသစ်ဖြစ်တဲ့ အီဂါလို ကတော့ အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုးလ်ရှားက အတည်ပြုထားပါတယ်။

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့် ပိတ်ပင်ခံလိုက်ရတဲ့နောက် ကစားသမားတွေ အသင်းက ထွက်ခွာသွားကြမှာကို စိုးရိမ်နေမိကြောင်း ဖွင့်ဟလိုက်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် (၂)ရာသီ ပိတ်ပင်ခံရတဲ့ မန်စီးတီးရဲ့ အခြေအနေကြောင့် ကစားသမားသစ်ခေါ်ယူမှုတွေမှာ ခက်ခဲသွားနိုင်ပြီး အသင်းရဲ့ အဓိက ကစားသမားတွေကို ဆက်ထိန်းထားရတာလည်း ခက်ခဲသွားလိမ့်မယ်လို့ ဂွာဒီယိုလာက သုံးသပ်ပါတယ်။

READ
၁-၁၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE