၁၉-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

အက်သလက်တီကို ။     ။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ် ပထမအကျော့မှာတော့ အက်သလက်တီကို အသင်းက လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ (၁-၀)ဂိုးနဲ့ အနိုင်ယူလိုက်ပါတယ်။ လီဗာပူးလ်က ဆာလက်၊မာနေး၊ဖာမီနို တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီး အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်ခဲ့ပေမယ့်လည်း ပွဲချိန် (၄)မိနစ်မှာ အက်သလက်ကွင်းလယ်လူ ဆောလ် ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ရပြီး အဲဒီ တစ်ဂိုးနဲ့ပဲ ရှုံးသွားခဲ့ရတာပါ။ ဘောလုံးပိုင်ဆိုင်မှုမှာ လီဗာပူးလ်အသင်းအပြတ်အသတ်အသာရခဲ့ပေမယ့် ပွဲစဉ်တစ်လျှောက်လုံး ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့တာက ပြောစရာဖြစ်ခဲ့ပြီး အက်သလက်ရဲ့ခံစစ်ကို မကျော်နိုင်ဖြစ်ခဲ့ရပါတယ်။

ဟာလန်း ။       ။ ဒီရာသီမှာ ဒေါ့တ်မွန်အသင်းခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ဟာလန်းကတော့ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း သွင်းဂိုး(၂)ဂိုး သွင်းယူပေးခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်ကောင်းကို ပြသခဲ့ပြန်ပါတယ်။ PSG အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဟာလန်း က ဆန်ချို၊ သော်ဂန်ဟာဇက် တို့နဲ့ အကောင်းဆုံး တွဲဖက်ကစားခဲ့ပြီး သူ့ရဲ့ခြေစွမ်းကောင်းကို ပြသသွားခဲ့တာပါ။ ပွဲချိန် (၆၉)မိနစ်မှာ ဒေါ့တ်မွန်အတွက် ဟာလန်းအဖွင့်ဂိုးသွင်းပေးပြီးတဲ့နောက် (၆)မိနစ်အကြာမှာ နေမာ က ပြန်လည်ချေပနိုင်ခဲ့ပေမယ့်လည်း နောက်ထပ် (၂)မိနစ်အကြာမှာပဲ ဟာလန်းက ဒေါ့တ်မွန်အတွက် အနိုင်ဂိုး ထပ်သွင်းပေးသွားခဲ့လို့ ပွဲအပြီးမှာ ဒေါ့တ်မွန်အသင်း အနိုင်ရရှိသွားခဲ့တာပဲဖြစ်ပါတယ်။

နေမာ ။ ။ PSG အသင်းတိုက်စစ်မှူး နေမာ က အသင်းတာဝန်ရှိသူတွေဟာ သူ့ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ စိတ်ပူနေဆဲ ဖြစ်ကြပြီး ပြန်ကစားဖို့အတွက် သူကိုယ်တိုင်ဆုံးဖြတ်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ PSG အသင်းရဲ့ ပြီးခဲ့တဲ့ လီဂူးပွဲစဉ် (၃)ပွဲကို ဒဏ်ရာအခြေအနေကြောင့် လွဲချော်ခဲ့ရတဲ့ နေမာ က အသင်းတာဝန်ရှိသူတွေဟာ သူ့ကိုပြန်ကစားခိုင်းဖို့ ကြောက်နေခဲ့ကြပေမယ့်လည်း သူကိုယ်တိုင်က အသင်းအတွက် ပြန်လည်ကစားပေးချင်ခဲ့တာကြောင့် ဒီပွဲကို ၀င်ရောက်ကစားခဲ့တာလို့ ပြောဆိုသွားခဲ့တာပါ။

မက်ဆီ ။         ။ မေဂျာလိဂ်ကလပ်အသင်းဖြစ်တဲ့ အယ်လ်အေဂလက်ဆီ အသင်းဟာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ခေါ်ယူဖို့ ကမ်းလှမ်းနေတယ်လို့ Marca က ဖော်ပြပါတယ်။ ဘာစီလိုနာအသင်းနဲ့ တင်းမာမှုတွေရှိနေတဲ့ မက်ဆီ ကို မေဂျာလိဂ်ကလပ်အသင်းက မြင့်မားတဲ့လစာနဲ့ ကမ်းလှမ်းလိုက်တာလို့ သိရပြီး အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ အီဗရာဟီမိုဗစ်ရဲ့နေရာမှာ အစားထိုးဖို့ ရည်ရွယ်နေတယ်လို့ သတင်းတွေက ဖော်ပြပါ တယ်။

မော်ရင်ဟို ။     ။ စပါးအသင်းတိုက်စစ်မှူး ဆွန်ဟောင်မင် ဟာ လက်ဖျံရိုးထိခိုက်မိသွားတဲ့ ဒဏ်ရာကြောင့် ခွဲစိတ်မှု ခံယူရတော့မှာဖြစ်ပြီး စပါးအသင်းရဲ့ ပွဲစဉ်တွေကို ရာသီကုန်လောက်အထိ လွဲချော်ရဖွယ်ရှိနေတယ်လို့ အသင်းကနေ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ တိုက်စစ်မှူး ဟယ်ရီကိန်းဒဏ်ရာရနေတာကြောင့် ဆွန်ဟောင်မင် ကို အားကိုးနေရတဲ့ စပါးအသင်းအတွက်တော့ ဒီ အခြေအနေက စိတ်ပျက်စရာဖြစ်ခဲ့ပြီး တိုက်စစ်မှူးစစ်စစ် မရှိတဲ့အနေအထားကို စပါးအသင်းရင်ဆိုင်ရဖို့ရှိနေပါပြီ။

READ
ပေါ်တူဂီ-စပိန် ပွဲကြီးပွဲကောင်းနဲ့အတူ ဒီညကမ္ဘာ့ဖလားပွဲစဉ်တွေအတွက် သုံးသပ်ချက်

Linn

Source : TheSun , Goal , Marca

SHARE