၂-၂-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ က ချယ်လ်ဆီးနည်းပြအလုပ်ဟာ စွန့်စားမှုများလွန်းတဲ့ အလုပ်တစ်ခုဖြစ်ပြီး ပုံမှန်ထက်ပိုတဲ့ဖိအားပေးမှုတွေ ရှိနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ (၂၀၁၈) ဇူလိုင်လကမှ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တဲ့ နည်းပြ ဆာရီဟာ နာပိုလီအသင်းကို ကိုင်တွယ်ခဲ့စဉ်က ပြသခဲ့တဲ့ စွမ်းဆောင်ရည်ပိုင်းအတွက် ချယ်လ်ဆီးမှာ အောင်မြင်လိမ့်မယ်လို့ မှတ်ချက်ပေးခံနေရပေမယ့်လည်း လက်တွေ့မှာတော့ အသင်းစီနီယာကစားသမားအချို့နဲ့ အဆင်မပြေဖြစ်နေပြီး အသင်းရဲ့ရလဒ်ပိုင်းတွေပါ ဆိုးရွားနေတဲ့အနေအထား ဖြစ်နေတာပါ။ ဆာရီက သူ့အနေနဲ့ အသင်းရဲ့ရလဒ်ပိုင်း ပြန်လည်ကောင်းမွန်လာဖို့ ကြိုးစားသွားမှာဖြစ်ပြီး အသင်းသားတွေအနေနဲ့ သူနဲ့ပူးပေါင်းလုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က မန်စီးတီးဟာ ဂွာဒီယိုလာထက်ပိုကောင်းတဲ့ နည်းပြမျိုးကို ဘယ်တော့မှ ရှာတွေ့နိုင်တော့မှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းဆီ သွားရောက်ကစားရမှာဖြစ်ပြီး အမ်မရီက ဒီပွဲဟာ အာဆင်နယ်အတွက် ကျိန်းသေပေါက်ခက်ခဲမယ့် ပွဲတစ်ပွဲလို့ ယုံကြည်ထားတာပါ။ အမ်မရီက မန်စီးတီးရဲ့ ချန်ပီယံမျှော်လင့်ချက်ကြောင့် အာဆင်နယ်ဟာ ဒီပွဲစဉ်မှာ အစွမ်းကုန်ကြိုးစားရလိမ့်မယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Goal

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ အခုနောက်ပိုင်းပွဲတွေမှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး ဘန်ဇီမာကို ငွေသားအလိုက်ပေးပြီး PSG တိုက်စစ်မှူး နေမာ ကိုခေါ်ဖို့ စိတ်ဝင်စားနေတယ်လို့ Marca က ဖော်ပြပါတယ်။ PSG ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရရှိဖို့အတွက် ဒဏ်ရာရနေတဲ့နေမာ နေရာမှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူချင်နေတာဖြစ်ပြီး ရီးယဲလ်ကတော့ နေမာတစ်ယောက် ဒဏ်ရာရနေစဉ်မှာ ပုံမှန်ထက် သက်သာတဲ့ဈေးနဲ့ ခေါ်ယူချင်နေတာပါ။ ရီးယဲလ်ဟာ နေမာ အတွက် ဘန်ဇီမာအပါအ၀င် ပေါင်(၁၀၅)သန်းပေးပြီး ကမ်းလှမ်းသွားဖို့ စီစဉ်နေတာဖြစ်ပြီး နေမာကို ခေါ်ယူရေးဟာ ရီးယဲလ်ဥက္ကဌ ပီရက်ဇ်ရဲ့ အိပ်မက်တစ်ခု ဖြစ်တယ်လို့ ရေးသားသွားခဲ့ပါတယ်။

READ
(၂၄-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Goal

ဝီလီယံ ။         ။ ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ၀ီလီယံ ဟာ တစ်နှစ်သက်တမ်းတိုးဖို့ ကမ်းလှမ်းလိုက်တဲ့ ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်ပါတယ်။ လာမယ့် ဘောလုံးရာသီကုန်ဆုံးရင် အသင်းနဲ့  စာချုပ်သက်တမ်းကုန်တော့မယ့် ၀ီလီယံဟာ ချယ်လ်ဆီးအသင်းနဲ့ အနည်းဆုံး (၃)နှစ် သက်တမ်းတိုးဖို့ မျှော်လင့်နေသူပါ။ ဒါပေမယ့်လည်း စာချုပ်သက်တမ်း တစ်နှစ်သာ တိုးချင်တဲ့ ချယ်လ်ဆီးကြောင့် ၀ီလီယံတစ်ယောက် အသင်းကနေ ထွက်ခွာသွားနိုင်ချေရှိတယ်လို့ Goal က ဖော်ပြပါတယ်။

AP

ဇာဗီ ။   ။ ကာတာအသင်းနည်းပြ ဆန်းချက်ဇ်က ကာတာကလပ် အယ်လ်ဆက်ဒ်အသင်းမှာ လာရောက်ကစားနေတဲ့ ကွင်းလယ်လူ ဇာဗီဟာ ကာတာအသင်းရဲ့လာဘ်ကောင်လေးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ Asian Cup ချန်ပီယံဆုကို ဒီနှစ်မှာ ကာတာအသင်း ဆွတ်ခူးနိုင်လိမ့်မယ်လို့ ဇာဗီက ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး ကာတာအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်ကို လာရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ အခုလို မှတ်ချက်ပေးသွားခဲ့တာပါ။ ဆန်းချက်ဇ်က ဇာဗီအနေနဲ့ ကာတာအသင်းဟာ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပွဲစဉ်မှာ အောင်မြင်မှုရဖို့ အခုလို ဟောကိန်းထုတ်ပေးဖို့လိုတယ်လို့ ရယ်စရာမှတ်ချက်ပေးသွားခဲ့ပါတယ်။

READ
၂၈-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Twitter

ဆိုးလ်ရှား ။      ။ မန်ယူအသင်းရဲ့ဘုတ်အဖွဲ့ဝင်တွေဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်ယူသာ PSG ကို အနိုင်ရပြီး နောက်တစ်ဆင့်တက်သွားမယ်ဆိုရင် နည်းပြဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ချက်ချင်းခန့်အပ်သွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ မန်ယူသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ မန်ယူနည်းပြဟောင်း ဖာဂူဆန် ဟာ ဆိုးလ်ရှားရဲ့အနာဂတ်အတွက် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပေးဖို့ အက်ဒ်ဝုဒ်ဝါ့ဒ်ကို တိုက်တွန်းနေပြီး ဆိုးလ်ရှားအတွက် ထောက်ခံပေးနေခဲ့တာပါ။ ဆိုးလ်ရှားရဲ့ လက်ရှိစွမ်းဆောင်ရည်ကို ဘုတ်အဖွဲ့ဝင်တွေက သဘောကျနေကြပြီး PSG ကိုသာ အနိုင်ရခဲ့မယ်ဆိုရင် အမြဲတမ်းနည်းပြအဖြစ် ချက်ချင်းခန့်အပ်လိမ့်မယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

Linn

Source : TheSun , Mirror , Goal

SHARE