၂-၂၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Dailymail

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ပြီးခဲ့တဲ့ ဇန်န၀ါရီအပြောင်းအရွှေ့မှာ မှန်ကန်တဲ့ အပြောင်းအရွှေ့ (၂)ခုရှိခဲ့ကြောင်း ဖွင့်ဟလိုက်ပြီး တစ်ခုက ဒေါ့တ်မွန်အသင်းကို ပြောင်းရွှေ့သွားတဲ့ ဟာလန်းရဲ့အပြောင်းအရွှေ့ဖြစ်သလို နောက်တစ်ခုကလီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာတဲ့ မီနာမီနို ရဲ့ အပြောင်းအရွှေ့ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

 

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့အတွက် မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗား ကိုခေါ်ဖို့  ပစ်မှတ်ထားနေတယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ပိတ်ပင်ခံရမှုကြောင့် ဘာစီလိုနာဟာ ဘာနာဒိုဆေးလ်ဗား ကို ပုံမှန်ထက်လျော့နည်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ ရင်းနက်စ်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ကာမာဗင်ဂါ အတွက် ယူရိုသန်း(၇၀)လောက်ပေးဖို့ အဆင်သင့်ရှိနေတယ်လို့  Marca က ဖော်ပြပါတယ်။ အသက် (၁၇)နှစ်အရွယ် ကွင်းလယ်ကစားသမားလေးဟာ ဒီရာသီမှာ ရင်းနက်စ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာခဲ့ပြီး အသင်းအတွက် တစ်ဂိုးသွင်းကာ ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်ထားနိုင်ခဲ့တာပါ။

မန်ယူ ။ ။ မန်ယူအသင်းဟာ ကွင်းလယ်လူ ပေါ့ဂ်ဘာ ကို စာချုပ်သစ်ချုပ်ဖို့အတွက် ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ Goal က ဖော်ပြပါတယ်။ မန်ယူအသင်းအတွက် ကစားပေးချင်စိတ် မရှိတော့ဘူးလို့ ဝေဖန်ခံနေရပေမယ့်လည်း အသင်းတာဝန်ရှိသူတွေကတော့ ပေါ့ဂ်ဘာ ကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေကြပြီး အသင်းမှာ ဆက်လက်ရှိနေဖို့  ကြိုးစားနေကြတာပါ။

READ
၆-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရွန်နီ ။ ။ မနေ့ညက ကစားခဲ့တဲ့ ဒါဘီအသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဒါဘီအသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးခဲ့တဲ့ ရွန်နီကတော့ အင်္ဂလိပ် လိဂ်ပြိုင်ပွဲတွေမှာ ဂိုး (၅၀၀)ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်ရဲ့ ပွဲချိန် (၅၅)မိနစ်မှာ ရွန်နီက ဒါဘီအသင်းအတွက် အဖွင့်ဂိုးကို ပင်နယ်တီကတစ်ဆင့် သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ဂိုး(၅၀၀) ပြည့်တဲ့မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့တာပါ။

Linn

Source : TheSun , Marca , Goal

SHARE