၂-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ရီးယဲလ် ။        ။ ရီးယဲလ်အသင်းဟာ အသင်းနဲ့ အဆင်မပြေဖြစ်နေတဲ့ တိုက်စစ်မှူး ဂါရက်ဘေးလ်ကို ရောင်းချဖို့ အတည်ပြုလိုက်ပြီး ဆွေးနွေးမှု ပြုလုပ်နေတဲ့အသင်းကတော့ မန်ယူအသင်းနဲ့ဖြစ်တယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ (၆)နှစ်အကြာက ရီးယဲလ်အသင်းကို ပေါင် (၈၆)သန်းနဲ့ ရောက်ရှိသွားခဲ့တဲ့ ဘေးလ်ဟာ အသင်းဖော်တွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေသလို နည်းပြ ဆိုလာရီရဲ့ လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့အနေအထားပါ။ အသက်(၂၉)နှစ်အရွယ် တိုက်စစ်မှူးအတွက် ရီးယဲလ်အသင်းက သန်း(၁၀၀)နီးပါး လိုချင်နေပြီး မန်ယူအသင်းတာဝန်ရှိသူတွေဟာ ဘေးလ်အတွက် စပိန်အထိ ရောက်လာခဲ့ကြတယ်လို့ Marca က ဖော်ပြပါတယ်။

လင်ဒီလော့ဖ် ။  ။ မန်ယူအသင်းနောက်ခံကစားသမား လင်ဒီလော့ဖ်က နည်းပြ မော်ရင်ဟို လက်ထက်မှာ သူ့အနေနဲ့ ရုန်းကန်ခဲ့ရပေမယ့်လည်း ဆိုးလ်ရှားရဲ့လက်အောက်မှာတော့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ လင်ဒီလော့ဖ်ဟာ မော်ရင်ဟိုရဲ့လက်ထက်မှာ ဆိုးရွားတဲ့ ကစားပုံကို ပြသခဲ့ပြီး မန်ယူကစားသမားဟောင်းတွေက သူ့ရဲ့ခံစစ်ကစားပုံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဆိုးလ်ရှားရဲ့ စိတ်ကြိုက်နောက်ခံလူတစ်ယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့အကောင်းဆုံးပုံစံပြန်ရလာပြီလို့ ယုံကြည်ကြောင်း လင်ဒီလော့ဖ်ကဆိုပါတယ်။

TheSun

အီကာဒီ ။        ။ အင်တာမီလန်အသင်းဟာ တိုက်စစ်မှူး အီကာဒီ ကို တမင်ချန်လှပ်ထားခဲ့တာမဟုတ်ပဲ ဒဏ်ရာကြောင့် ကစားနိုင်ခြင်းမရှိသေးတာဖြစ်တယ်လို့ နည်းပြစပယ်လက်တီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အင်တာအသင်းဟာ အီကာဒီ မပါဝင်နိုင်ခြင်းနဲ့အတူ မနေ့ညက ပွဲစဉ်မှာ ကက်ဂလီယာရီအသင်းကို (၂-၁)နဲ့ ရှုံးနိမ့်ခဲ့ပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပါတယ်။ အီတလီသတင်းစာတွေကတော့ အင်တာမီလန်အသင်းဟာ အီကာဒီကို ပုဂ္ဂိုလ်ရေးအဆင်မပြေမှုတွေကြောင့် ချန်လှပ်ထားခဲ့ရတာဖြစ်တယ်လို့ ဖော်ပြနေကြပြီး အီကာဒီ ကိုယ်တိုင်ကလည်း အင်တာမီလန်နဲ့ အဆင်မပြေမှုတွေအကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့ပါသေးတယ်။

READ
၇-၁၁-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မာရှယ် ။         ။ မန်ယူအသင်းဟာ ဒီနေ့ည ကစားမယ့် ဆောက်သမ်တန်အသင်းနဲ့ ပွဲစဉ်အတွက် လိုရီဟိုတယ်ကို ရောက်လာခဲ့ကြပြီး အသင်းရဲ့အဓိက ကွင်းလယ်လူ မာရှယ်တစ်ယောက် ပါဝင်လာခြင်းမရှိသေးတာကို မီဒီယာတွေက တွေ့ခဲ့ရပါတယ်။ ရက်ရှ်ဖို့ဒ် ၊ လင်ဂတ် တို့ ဒဏ်ရာရနေတဲ့အနေအထားမှာ မာရှယ်ပြန်လည်ပါဝင်လာနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေကြပေမယ့်လည်း မာရှယ်ရဲ့ဒဏ်ရာအခြေအနေဟာ သက်သာသေးပုံမရဘူးလို့ မီဒီယာတွေက ဖော်ပြနေကြပါတယ်။ မန်ယူနည်းပြ ဆိုးလ်ရှားဟာ ဒီညပွဲအတွက် လူငယ်ကစားသမား (၃)ယောက်ကို ခေါ်ဆောင်လာခဲ့ပြီး တာဟစ်ချောင် ၊ အိန်ဂျယ်ဂိုမက်စ် နဲ့ ဂျိမ်းစ် ဂါနာ တို့က လိုရီဟိုတယ်ကို လိုက်ပါလာကြတာကိုတွေ့ခဲ့ရပါတယ်။

Dailymail

ချယ်လ်ဆီး ။     ။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ဟာ ခရစ္စတီယန်ဆန်ကို တရားမ၀င်နည်းလမ်းတွေနဲ့ ခေါ်ယူခဲ့တယ်လို့ တွေ့ရှိခဲ့ပြီးတဲ့နောက် ချယ်လ်ဆီးအသင်းအပေါ် စစ်ဆေးမှု စတင်လိုက်ပါပြီ။ ချယ်လ်ဆီးအသင်းဟာ ခရစ္စတီယန်ဆန် ကိုခေါ်ယူဖို့အတွက် သူ့ရဲ့ဖခင်ဖြစ်သူကို ပိုက်ဆံတွေ ပေးခဲ့ပြီး အပြောင်းအရွှေ့အတွက် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့တာပါ။ (၂၀၁၂)ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ ဒီနေ့အချိန်မှာတော့ ပြန်လည်အသက်ဝင်လာခဲ့ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ သက်သေအထောက်အထားတွေ ရရှိထားပြီးပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ လအတွင်းကပဲ လူငယ်ကစားသမားတွေကို စည်းဘောင်အပြင်ဖက်ကနေ ခေါ်ယူမှုအတွက် အပြောင်းအရွှေ့ပိတ်ပင်တဲ့ပြစ်ဒဏ်ချမှတ်ခံထားရပြီး ခရစ္စတီယန်ဆန် ရဲ့ ပြဿနာက ချယ်လ်ဆီးအတွက် အခြေအနေတွေပိုဆိုးလာဖွယ်ရှိနေပါတယ်။

READ
၈-၂-၂၀၂၀ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ
PA

မန်စီးတီး ။       ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမားခေါ်ယူမှု အနည်းဆုံး (၃) ဦးအထိ ပြုလုပ်သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။ အသင်းရဲ့ ဘယ်နောက်ခံလူ မန်ဒီိတစ်ယောက် ပြန်မကစားနိုင်သေးတဲ့ အခြေအနေမှာ ကစားသမားသစ်တွေကို မဖြစ်မနေ ခေါ်ယူရမှာဖြစ်တယ်လို့ ဂွာဒီယိုလာက ဆိုလိုက်ပြီး မန်စီးတီးရဲ့ ပစ်မှတ်ကစားသမားတွေအဖြစ် ဖရန့်ဖတ်တိုက်စစ်မှူး ဂျိုဗစ် နဲ့ အေဂျက်ဇ်နောက်ခံလူ ဒီလစ် တို့ရှိနေကြပါတယ်။

Linn

Source : Goal , TheSun , Dailymail

SHARE