၎-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Goal

ဂျာအိုဖိလစ် ။    ။ အက်သလက်တီကိုအသင်းမှာ ခြေစွမ်းမပြနိုင်ဖြစ်နေတဲ့ ဂျာအိုဖိလစ် ဟာ အသင်းရွေးချယ်မှု မှားယွင်းသွားခဲ့တာဖြစ်တယ်လို့ ရီးယဲလ်ကစားသမားဟောင်း ဗန်ဒါဗတ်က မှတ်ချက်ပေးလိုက်ပါတယ်။ အက်သလက်တီကိုအသင်းဆီကို ပေါင်(၁၁၃)သန်းနဲ့ရောက်ရှိသွားခဲ့တဲ့ ဖိလစ် ဟာ နည်းပြ ဆီမြွန်နီ ရဲ့လက်အောက်မှာ ပုံစံကောင်းပြနိုင်ဖို့ ရုန်းကန်နေရတယ်လို့ ဗန်ဒါဗတ်က မှတ်ချက်ပေးသွားခဲ့ပြီး ဖိလစ် အနေနဲ့ သူနဲ့မသင့်တော်တဲ့နည်းပြတစ်ယောက်နဲ့ အလုပ်တွဲလုပ်နေရတာလို့ သုံးသပ်သွားခဲ့ပါတယ်။

နေမာ ။ ။ PSG အသင်းတိုက်စစ်မှူး နေမာ ဟာ ဒဏ်ရာကြောင့် နန့်တက်စ်အသင်းနဲ့ ကစားမယ့် လူစာရင်းကနေ နှုတ်ထွက်သွားခဲ့ပြီး သူ့ရဲ့မွေးနေ့နားနီးကပ်လာချိန်မှာ ဒဏ်ရာရခဲ့ပြန်ပြီဖြစ်ကြောင်း သတင်းတွေကေ ဖ်ာပြနေကြပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့မှာ အသက် (၂၈)နှစ်ပြည့်မယ့် နေမာ ဟာ (၂၀၁၈)နဲ့(၂၀၁၉)ခုနှစ်တွေမှာလည်း သူ့ရဲ့မွေးနေ့ရောက်တိုင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး ဘောလုံးမကစားပဲ ကြီးကျယ်တဲ့မွေးနေ့ပါတီပွဲကို ဆင်နွှဲခဲ့သူဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေခဲ့ကြပါတယ်။

READ
၂၀-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အဲဗာတန် ။      ။ အဲဗာတန်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ဟိုးလ်ဂိတ် ကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ တယ်လီဂရပ်ဖ်က ဖော်ပြပါတယ်။ အသက် (၂၃)နှစ်အရွယ် ကွင်းလယ်လူဟာ ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြနေခဲ့ပြီး သူ့ရဲ့စာချုပ်က (၂၀၂၂)ခုနှစ်မှာ ကုန်ဆုံးမှာပါ။

အင်တာ ။        ။ အင်တာမီလန်အသင်းဟာ လက်စတာအသင်းတိုက်စစ်မှူး ဆလီမာနီ ကို ခေါ်ယူဖို့ အနီးစပ်ဆုံးအခြေအနေကိုရောက်နေပြီလို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။ လက်ရှိမှာ မိုနာကို အသင်းဆီ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဆလီမာနီ ကို အင်တာမီလန်အသင်းက အပြောင်းအရွှေ့ပိတ်ဖို့ ရက်ပိုင်းအလိုမှာ ရအောင်ခေါ်ယူသွားနိုင်ဖို့ရှိနေတယ်လို့ သိရပါတယ်။

လိုရန်တေး ။     ။ ဘာစီလိုနာအသင်းဟာ စပါးတိုက်စစ်မှူးဟောင်း လိုရန်တေး ကို ကာလတိုစာချုပ်နဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ AS က ဖော်ပြခဲ့ပါတယ်။ တိုက်စစ်မှူး တစ်ဦးခေါ်ယူဖို့ ကြိုးစားနေပေမယ့် အဆင်မပြေသေးတဲ့ ဘာစီလိုနာဟာ အသက် (၃၅)နှစ်နီးပါး ရှိနေပြီဖြစ်တဲ့ လိုရန်တေး ကို ရာသီဝင်စာချုပ် ချုပ်ဆိုပြီး ခေါ်ယူဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။

Linn

READ
ဆုကြေးငွေရရှိမှုအများဆုံး အားကစားသမားဖြစ်လာတဲ့ ရော်ဂျာဖက်ဒါရာ

Source : TheSun , Goal , Mirror

SHARE