၅-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Mirror

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ FA ဖလား ပြန်ကန်ပွဲစဉ်မှာ ရှရူးဘူရီအသင်းကို (၁-၀)နဲ့ အနိုင်ယူပြီး နောက်တစ်ဆင့် တက်သွားနိုင်ခဲ့ပါတယ်။ လူငယ်ကစားသမားတွေကိုသာ ပွဲထုတ်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ ကစားခဲ့ရပေမယ့် ဂိုးရဖို့တော့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် (၇၅)မိနစ်မှာ ရှရူးဘူရီနောက်ခံလူ ၀ီလီယံက ကိုယ့်ဂိုးကိုယ်သွင်းခဲ့လို့ လီဗာပူးလ်တို့ နိုင်ပွဲရသွားခဲ့တာပါ။ လီဗာပူးလ်ဟာ FA ဖလား ပဉ္စမအဆင့်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဟယ်ရီကိန်း ။   ။ စပါးအသင်းနည်းပြမော်ရင်ဟို က အသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ရာသီကုန်ဆုံးခါနီးအချိန်မှာ အသင်းအတွက် ပြန်လည်ကစားပေးနိုင်မှာဖြစ်တယ်လို့ အသိပေးလိုက်ပါတယ်။ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူုခဲ့တဲ့ ဟယ်ရီကိန်းဟာ အင်္ဂလန်ရဲ့ယူရို (၂၀၂၀)ပွဲစဉ်တွေကို လွဲချော်ဖွယ်ရှိနေတယ်လို့ သတင်းထွက်နေခဲ့ပေမယ့်လည်း လက်ရှိအခြေအနေအရတော့ ဒဏ်ရာကနေမြန်မြန်ဆန်ဆန် ကောင်းမွန်လာနေပြီး ယူရိုပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ရှိနေတာပါ။

ကီပါ ။  ။ချယ်လ်ဆီးအသင်းမှာ ပွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ပြဿနာရှိနေတဲ့ ဂိုးသမား ကီပါ ဟာ ကာလရှည်တွဲလာခဲ့တဲ့ ချစ်သူနဲ့ လမ်းခွဲခဲ့လို့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပြန်ပါတယ်။ စပိန်သတင်းစာတွေက ကီပါဟာ သူနဲ့ငယ်စဉ်ကတည်းက ချစ်ကြိုက်လာခဲ့တဲ့ ချစ်သူ အန်ဒရီယာ ကို လမ်းခွဲသွားခဲ့ကြောင်းနဲ့ ကီပါအနေနဲ့ တခြားမိန်းကလေးတွေနဲ့ အရှုပ်အရှင်းတွေရှိနေခဲ့ကြောင်း ရေးသားခဲ့ကြတာပါ။

 

View this post on Instagram

 

😍

A post shared by Kepa Arrizabalaga Revuelta (@kepaarrizabalaga) on

မက်ဆီ ။         ။ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ က ကစားသမားခေါ်ယူမှုတွေကို အဆင်ပြေအောင် လုပ်ဆောင်နိုင်ခြင်းမရှိတဲ့ အားကစားဒါရိုက်တာ အဘီဒယ် ကို ဝေဖန်လိုက်ပါတယ်။ ဒီရာသီမှာ အသင်းအတွက် တိုက်စစ်မှူးတစ်ဦး လိုအပ်နေပေမယ့် ခေါ်ယူနိုင်ခြင်းမရှိတဲ့ ဘာစီလိုနာရဲ့အခြေအနေကို မက်ဆီက စိတ်ပျက်နေတာဖြစ်ပြီး ကစားသမားတွေဟာ အသင်းမှာ မပျော်မရွှင်ဖြစ်နေရတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

ဘရက်စီယာ ။   ။ စီးရီးအေပြိုင်ပွဲရဲ့ အဆင့်(၁၉)နေရာမှာ ရပ်တည်နေတဲ့ ဘရက်စီယာ အသင်းဟာ နည်းပြ ကိုရီနီ ကို ထုတ်ပယ်လိုက်ပြီးနောက် ဒီယေဂိုလိုပက်ဇ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဘိုလော့ဂ်နာ ၊ ပါးမားနဲ့ ကက်ဂလီယာရီအသင်းတွေကို နည်းပြခဲ့ဖူးတဲ့ လိုပက်ဇ်ဟာ ဘရက်စီယာနဲ့ (၂)နှစ်ခွဲစာချုပ် ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

READ
၁၆-၈-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE