၂-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter 'TheSun'

အလွတ်ခေါ်ယူခွင့် ။      ။ ဒီအပြောင်းအရွှေ့ကာလရဲ့ အလွတ်ခေါ်ယူမှုဈေးကွက်မှ နာမည်ကျော် ကစားသမားတွေ ရှိနေဆဲပဲဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပြီး ၀က်စ်ဟမ်တိုက်စစ်မှူး ကာရိုးလ် ၊ မာဆေးလ်ကနေ ထွက်ခွာလာတဲ့ ဘာလော့တယ်လီ ၊ ချယ်လ်ဆီးနောက်ခံလူ ကာဟေးလ် ၊ လီဗာပူးလ်တိုက်စစ်မှူး စတူးရစ်ခ်ျနဲ့ ဘိုင်ယန်ကွင်းလယ်လူ ရော်ဘင်နဲ့ ရစ်ဘာရီ ၊ အာဆင်နယ်တိုက်စ်မှူး ၀ဲလ်ဘက် တို့ဟာ အလွတ်ခေါ်ယူနိုင်မယ့် ကစားသမားစာရင်းထဲမှာ ရှိနေကြပါသေးတယ်။

ယန်ကင်ဆန် ။  ။ ပဲလေ့စ်အသင်းဟာ မန်ယူအသင်းဆီ ပြောင်းရွှေ့သွားတဲ့နောက်ခံလူ ဘစ်ဆာကာ နေရာမှာ အာဆင်နယ်နောက်ခံလူ ယန်ကင်ဆန်ကို ပေါင်(၅)သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ယန်ကင်ဆန် ကိုယ်တိုင်လည်း ပုံမှန်ပွဲထွက်ခွင့်အတွက် ပဲလေ့စ်အသင်းကို သွားရောက်ကစားချင်နေတယ်လို့ Goal က ဖော်ပြခဲ့ပြီး အသက် (၂၇)နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့ရာသီတွေမှာ ၀က်စ်ဟမ်း ၊ ဘာမင်ဂမ်အသင်းတွေဆီ အငှားသွားရောက်ကစားခဲ့ရတာပါ။

 

ဇာဟာ ။         ။ အာဆင်နယ်အသင်းဟာ ဇာဟာအတွက် ပဲလေ့စ်အသင်းရဲ့မြင့်မားတဲ့ တောင်းဆိုမှုကိုရင်ဆိုင်နေရပြီး ပဲလေ့စ်ဟာ ဇာဟာအတွက် ပေါင်(၆၅)သန်းအထိ အနည်းဆုံးလိုချင်နေခဲ့လို့ အာဆင်နယ်အသင်းအခက်တွေ့နေခဲ့ရတာပါ။ နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ အာဆင်နယ်ဟာ ဇာဟာအတွက် ပေါင်(၄၅)သန်း+ချန်ဘာ+ယန်ကင်ဆန် ကိုပေးမယ်လို့ ကမ်းလှမ်းထားကြောင်း Daily Mail သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

READ
(၇-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဂျူဗင်တပ်စ် ။    ။ ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်အတွက် ရမ်ဆေးနဲ့ရာဘီယော့ တို့ရောက်လာချိန်မှာ မာတွီဒီ ၊ ခီဒီယာ တို့ကို ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ အသက် (၃၂)နှစ်အရွယ် ကွင်းလယ်ကစားသမား နှစ်ယောက်ရဲ့စွမ်းဆောင်ရည်ဟာ အကျပိုင်းကိုရောက်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြပြီး မာတွီဒီ ကို လိုင်ယွန်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းလည်းရေးသားခဲ့ကြပါတယ်။

 

ဆီးဗီးလား ။     ။ ဆီးဗီးလားအသင်းဟာ နယ်သာလန်ကလပ် PSV အသင်းတိုက်စစ်မှူး လုခ်ဒီဂျောင် ကို ယူရို(၁၃)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်ခဲ့ပါပြီ။ PSV ရဲ့ ဂိုးသွင်းစက်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း နယ်သာလန်လိဂ်မှာ ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သူဖြစ်ခဲ့ပြီး ဆီးဗီးလားအသင်းက (၄)နှစ်စာချုပ်နဲ့ ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ဘင်နီတက်ဇ် ။  ။နယူးကာဆယ်အသင်းနည်းပြဟောင်း ဘင်နီတက်ဇ်ဟာ တရုတ်စူပါလိဂ်ကလပ် ဒါလီယန် အသင်းကိုနည်းပြဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ ဘင်နီတက်ဇ်ဟာ နယူးကာဆယ်အသင်းနဲ့ စာချုပ်သက်တမ်းမကုန်ဆုံးမီကတည်းက တရုတ်ကလပ်ရဲ့ ကမ်းလှမ်းမှုကို ရရှိထားခဲ့တာဖြစ်ပြီးနယူးကာဆယ်နဲ့ လမ်းခွဲလိုက်ချိန်မှာ ဒီကမ်းလှမ်းမှုကို လက်ခံခဲ့တာလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
၂၀-၁၀-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE