၇-၂-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Fox Sports

ဘက်စ်ကွက်ဇ် ။ ။ ဘာစီလိုနာအသင်း ကွင်းလယ်ကစားသမား ဘက်စကွက်ဇ်က မနေ့ညက ကစားခဲ့တဲ့ စူပါဖလားပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မှုဟာ မက်ဆီနဲ့အဘီဒယ် တို့ရဲ့ပြဿနာနဲ့မဆိုင်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘီလ်ဘာအို အသင်းကို (၁-၀)နဲ့ အရှုံးပေးခဲ့ရတာဖြစ်ပြီး မက်ဆီ၊ ဖာတီ တို့ ဦးဆောင်တဲ့ တိုက်စစ်က သွင်းဂိုးတစ်ဂိုးတောင် မရခဲ့တာပါ။ ဘက်စ်ကွက်ဇ် က မက်ဆီနဲ့ အဘီဒယ်တို့ရဲ့အကြားက တင်းမာမှုတွေကြောင့် ဘာစီလိုနာဟာ ရှုံးပွဲတွေ့ခဲ့ရတာမဟုတ်ပဲ သူတို့နှစ်ဦးကို အပြစ်တင်ဖို့မရှိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ ဂိုးသမား ကီပါ ကို လာမယ့်အပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ စီစဉ်နေပြီး သူ့ရဲ့နေရာမှာ အေဂျက်ဇ်ဂိုးသမား အိုနာနာ ကို ခေါ်ယူဖို့ ရှိနေတယ်လို့ Goal က ဖော်ပြပါတယ်။ လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ကီပါ ဟာ နည်းပြ လမ်းပတ် ရဲ့ စိတ်ကြိုက်ကစားသမားအဖြစ် ရှိမနေတော့ပဲ အသင်းအနေနဲ့ရောင်းချဖို့ စီစဉ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်း တိုက်စစ်မှူး ရော်နယ်ဒို က သူ့အနေနဲ့ အသက် (၃၅)နှစ်အရွယ် ရောက်ပြီ ဖြစ်ပေမယ့်လည်း ဘောလုံးကစားခြင်းကနေ အနားယူဖို့ တစ်ခါမှ စိတ်မကူးမိသေးကြောင်း ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒို က သူ့အနေနဲ့ ဂျူဗင်တပ်စ်အသင်းအတွက် ချန်ပီယံလိဂ်ဆုဖလား ယူဆောင်ပေးဖို့ကိုသာ ဆန္ဒရှိနေပြီး တခြားအရာတွေ မစဉ်းစားမိသေးဘူးလို့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။

ဇီဒန်း ။ ။ မနေ့ညက ပွဲစဉ်မှာ ဆိုစီဒက်အသင်းကို (၃-၄)ဂိုးနဲ့ ရှုံးနိမ့်ပြီးတဲ့နောက် ရီးယဲလ်အသင်းနည်းပြ ဇီဒန်းက အသင်းရဲ့ လူထုတ်ပုံနဲ့ပတ်သက်ပြီး ကာကွယ်ပြောဆိုလိုက်ပါတယ်။ ရီးယဲလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘရာဟင်ဒီယာ့ဇ် ၊ ဂျိမ်းရိုဒရီဂွက်ဇ်တို့ကို နေရာပေးခဲ့ပြီး ဇီဒန်းရဲ့ လူထုတ်ပုံ မမှန်တာကြောင့် ရှုံးပွဲကြုံခဲ့ရတာလို့ ဝေဖန်မှုတွေ ရှိနေခဲ့တာပါ။ ဇီဒန်းကတော့ ရီးယဲလ်ကစားသမားတွေဟာ အစွမ်းကုန်ကြိုးစားခဲ့ကြကြောင်းနဲ့ ရှုံးပွဲအတွက် ဘယ်သူ့ကိုမှ အပြစ်တင်သွားဖို့မရှိကြောင်း ပြောဆိုလိုက်ပါတယ်။

READ
၁၀-၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဟာလန်း ။       ။ နော်ဝေအသင်းကစားသမားဟောင်း ဖော့ဂ်ျတို့ဖ် က မန်ယူ၊ ဂျူဗင်တပ်စ်လိုအသင်းမျိုးတွေကို ငြင်းပယ်ခဲ့တဲ့ ဟာလန်းရဲ့ ဆုံးဖြတ်ချက်က မှန်ကန်သွားခဲ့ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ ဒေါ့တ်မွန်အသင်းမှာ (၄)ပွဲကစားပြီး (၈)ဂိုးသွင်းပေးထားနိုင်ခဲ့တဲ့ အသက် (၁၉)နှစ်အရွယ် တိုက်စစ်မှူးလေးရဲ့ ခြေစွမ်းကို အားလုံးက ချီးကျူးနေကြပေမယ့် ဖော့ဂ်ျတို့ဖ်ကတော့ ဟာလန်းတစ်ယောက် အခုလို ခြေစွမ်းပြ ကစားနေနိုင်တာဟာ အသင်းရွေးချယ်မှု မှန်ကန်ခဲ့တာကြောင့်ပဲ ဖြစ်တယ်လို့ ဆိုလိုက်တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE