၈-၂-၂၀၂၀ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ရော်နယ်ဒို ။     ။ ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ် ဟာဘတ်ဟိုင်နာ က ဘိုင်ယန်အသင်းအနေနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒို ကိုခေါ်ယူဖို့ကြိုးစားသွားမှာမဟုတ်ကြောင်းနဲ့ ရော်နယ်ဒိုဟာ သူတို့အတွက် အသက်ကြီးလွန်းနေပြီဖြစ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။ ရော်နယ်ဒို ဟာ ဂျုဗင်တပ်စ်အသင်းပြီးတဲ့နောက် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကစားမယ့်လို့ သတင်းတွေ ထွက်နေခဲ့တဲ့အပေါ် ဟိုင်နန်က တုန့်ပြန်လိုက်တာဖြစ်ပြီး ရော်နယ်ဒို ကိုခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်းမှတ်ချက်ပေးလိုက်တာပါ။

ဒန်နီရို့စ် ။       ။ စပါးအသင်းကနေ နယူးကာဆယ်အသင်းဆီ အငှားနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ နောက်ခံလူ ဒန်နီရို့စ်က စပါးနည်းပြမော်ရင်ဟို ဟာ သူ့ကို အခွင့်အရေးမပေးခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ နယူးကာဆယ်အသင်းဆီ ရာသီကုန်အထိ အငှားနဲ့ပြောင်းရွှေ့သွားခဲ့တဲ့ အသက် (၂၉)နှစ်အရွယ် နောက်ခံလူဟာ မော်ရင်ဟို ရောက်ရှိလာခဲ့ပြီးနောက် စပါးအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးသွားခဲ့ပြီး အသင်းပြောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။

 

ရီဗယ်ဒို ။         ။ ဘရာဇီးအသင်းတိုက်စစ်မှူးဟောင်း ရီဗယ်လ်ဒို က ဘာစီလိုနာအသင်းအနေနဲ့ နေမာ ကို ပြန်လည်ခေါ်ယူသင့်နေပြီဖြစ်ကြောင်းနဲ့ မက်ဆီသာ ဘာစီလိုနာက ထွက်ခွာသွားခဲ့ရင် နေမာ ဟာ အားကိုးရမယ့် ကစားသမားဖြစ်လာမှာ ဖြစ်ကြောင်း သုံးသပ်လိုက်ပါတယ်။ ရီဗယ်ဒို ဟာ နေမာ ကို ဘာစီလိုနာ ပြန်လည်ခေါ်ယူဖို့အတွက် မကြာခဏ တိုက်တွန်းတတ်သူဖြစ်ပြီး ဒီတစ်ကြိမ်မှာလည်း ဘာစီလိုနာအနေနဲ့ နေမာကို ပြန်လည်ခေါ်ယူသင့်တယ်လို့ တိုက်တွန်းလိုက်ပြန်တာပါ။

ဘေးလ် ။        ။ ရီးယဲလ်အသင်းတိုက်စစ်မှူး ဂါရက်ဘေးလ်ရဲ့လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေအပေါ် နည်းပြ ဇီဒန်းက မကျေမနပ်ဖြစ်နေတယ်လို့ Marca က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ရီးယဲလ်အသင်းက ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် အသင်းမပြောင်းဖြစ်ခဲ့တဲ့ ဘေးလ် ကို အရောင်းစာရင်းတင်ဖို့ နည်းပြဇီဒန်းက အလိုရှိနေပြီး တစ်ဖက်မှာတော့ ရီးယဲလ်ဥက္ကဌ ပီရက်ဇ်က ဘေးလ်ကို ရီးယဲလ်မှာ ဆက်လက်ရှိနေစေချင်ပါတယ်။

READ
၁၉-၁၂-၂၀၁၈ အတွက် မနက်ခင်းဦးဦးဖျားဖျား အားကစားသတင်းများ

တိုရွန်တို ။       ။ မေဂျာလိဂ်ကလပ် တိုရွန်တို အသင်းဟာ အက်စ်ပန်ညိုအသင်းတိုက်စစ်မှူး ပီယက်တီ ကို ခေါ်ယူလိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။ အက်စ်ပန်ညိုအသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့တဲ့ ပီယက်တီ ကို တိုရွန်တိုက ပြောင်းရွှေ့ကြေးမပေးရပဲ ရလိုက်တာဖြစ်ပြီး (၃)နှစ်စာချုပ် ချုပ်ဆိုသွားမှာပါ။

Linn

Source : TheSun , Goal , Marca

SHARE