၉-၂-၂၀၂၀ အတွက် မနက်ခင်း ဦီးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ရော်နယ်ဒို ။     ။ မနေ့ညက ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဗီရိုနာအသင်းကို ဂျူဗင်တပ်စ်အသင်း အံ့အားသင့်ဖွယ် ရှုံးနိမ့်သွားခဲ့ပေမယ့် တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်အသင်းအတွက် မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီပွဲစဉ်ရဲ့ ပွဲချိန် (၆၅)မိနစ်မှာ ဂျူဗင်တပ်စ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ရော်နယ်ဒို ဟာ စီးရီးအေပွဲစဉ်(၁၀)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံး ဂျူဗင်တပ်စ် ကစားသမား ဖြစ်လာခဲ့တာပါ။

အီဂါလို ။         ။ မန်ယူအသင်းအငှားခေါ်ယူထားတဲ့ ကစားသမားသစ် အီဂါလို ဟာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့် မန်ယူအသင်းလေ့ကျင့်ရေးဆင်းရာ စပိန်မြေကို လိုက်ပါသွားနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ တရုတ်ကလပ် ရှန်ဟိုင်းရှန်ဟွာအသင်းမှာ ကစားပေးခဲ့တဲ့ အီဂါလို ဟာ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့ (၁၄)ရက်အတွင်း သွားရောက်ခဲ့သူ ဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်ရှိ၊မရှိ စောင့်ကြည့်ခြင်းကို ခံနေရပြီး မန်ချက်စတာကနေ ထွက်ခွာခွင့်မရှိပဲ ဖြစ်နေတယ်လို့ နည်းပြ ဆိုးလ်ရှားက အသိပေးပါတယ်။

 

ဘေးလ် ။        ။ ရီးယဲလ်အသင်းတိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ တရုတ်စူပါလိဂ်ရဲ့ ကြယ်ပွင့်ကစားသမားတစ်ယောက်ဖြစ်ဖို့ အလိုရှိနေတယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၉)၊ နွေရာသီအပြောင်းအရွှေ့မှာ တရုတ်စူပါလိဂ်ဆီ ပြောင်းရွှေ့ဖို့  နီးစပ်ခဲ့ပေမယ့် ပျက်ပြယ်သွားခဲ့တဲ့အပေါ် ဘေးလ်က စိတ်ပျက်နေခဲ့ပြီး သူ့အနေနဲ့ တရုတ်လိဂ်ဆီ ပြောင်းရွှေ့ဖို့ အများကြီး မျှော်လင့်ထားခဲ့တာဖြစ်တယ်လို့ အေးဂျင့်က ပြောဆိုလိုက်တာပါ။

READ
(၂၅-၃-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဂရီယယ်လစ်ရှ် ။ ။ မန်ယူအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်နေတဲ့ ဗီလာအသင်းခေါင်းဆောင် ဂရီယယ်လစ်ရှ်တစ်ယောက် မန်ယူအသင်းဆီ ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီလို့ Goal က ဖော်ပြပါတယ်။ မန်ယူအသင်းအနေနဲ့ အသက် (၂၄)နှစ်အရွယ် ကစားသမားအတွက် တရားဝင်ကမ်းလှမ်းမှုတွေ မလုပ်သေးပေမယ့်လည်း ဂရီယယ်လစ်ရှ်ကတော့ မန်ယူအသင်းနဲ့ ပတ်သက်တဲ့သတင်းတွေကို စုံစမ်းနေခဲ့ကြောင်း နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မက်ဆီ ။         ။ အာဆင်နယ်အသင်းနဲ့ ဘာစီလိုနာကွင်းလယ်လူဟောင်း ပီတစ် က မက်ဆီ အနေနဲ့ ဘာစီလိုနာကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်မှာ သွားရောက်ကစားမယ်ဆိုရင် အောင်မြင်ဖို့ ခက်ခဲမှာဖြစ်ကြောင်း သုံးသပ်လိုက်ပါတယ်။ ပီတစ် က မက်ဆီဟာ ရော်နယ်ဒို လို ကစားသမားမျိုး မဟုတ်တာကြောင့် ပရီးမီးယားလိဂ်မှာ အောင်မြင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ မှတ်ချက်ပေးလိုက်ပြီး လူကပ်ကစားတာတွေ၊ ကြမ်းတမ်းတဲ့ဖျက်ထုတ်မှုတွေကို မက်ဆီ တစ်ယောက် ခံနိုင်ရည်ရှိမှာမဟုတ်ဘူးလို့ ဆိုလိုက်တာပါ။

Linn

READ
၇-၃-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Source : TheSun , Goal , Mirror

SHARE