၂၀-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ဒီဂီယာ ။         ။ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ မန်ယူအသင်းဂိုးသမား ဒီဂီယာ ဟာ လီဗာပူးလ်နဲ့ကစားမယ့် မန်ယူလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ဒီသတင်းက မန်ယူပရိသတ်တွေအတွက် သတင်းကောင်းတစ်ခု ဖြစ်လာပြီး အသင်းဖော်တွေနဲ့အတူ လော်ရီဟိုတယ်ကိုရောက်လာတဲ့ ဒီဂီယာရဲ့ပုံရိပ်တွေကို မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ဒီဂီယာ ဟာ ကြားရက်အတွင်းကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်တွေမှာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး လီဗာပူးလ်နဲ့ပွဲကို သေချာပေါက်လွဲချော်မယ်လို့ သတင်းတွေ ထွက်နေခဲ့သူပါ။

မိုဗစ် ။  ။ အယ်လ်အေဂလက်ဆီအသင်းတိုက်စစ်မှူး အီဗရာဟီမိုဗစ် က ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့အကြား ကွာခြားမှုကို အခုလိုပဲ မှတ်ချက်ပေးသွားခဲ့ပါတယ်။ မိုဗစ် က ရော်နယ်ဒို ဟာ အလုပ်ကို ကြိုးစားလုပ်သူတစ်ယောက်ဖြစ်ပြီး ဘယ်လိဂ်မှာမဆို ကစားနိုင်တဲ့သူတစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီကတော့ အိမ်ထဲမှာပဲ သူ့ရဲ့ပါရမီကိုပြနေသူတစ်ယောက်နဲ့ တူနေပြီး အသင်းပြောင်းပြီး မကစားနိုင်တာက သူ့ရဲ့အားနည်းချက်တစ်ခုလို ဖြစ်နေတယ်လို့ မိုဗစ်က မှတ်ချက်ပေးလိုက်တာပါ။

 

အက်ဒ်ဝုဒ်ဝါ့ဒ် ။  ။ မန်ယူအသင်းကို ဝေဖန်မှုတွေ တောက်လျောက်ပြုလုပ်နေတဲ့ ဂယ်ရီနဗီးကို ရပ်တန့်ဖို့ အတွက် အမှုဆောင်ချုပ် ၀ုဒ်ဝါ့ဒ်တစ်ယောက် ကြိုးစားနေပြီလို့ Mirror က ဖော်ပြပါတယ်။ ၀ုဒ်ဝါ့ဒ်ဟာ အသင်းရဲ့ဘုတ်အဖွဲ့မှာ နဗီးအတွက် နေရာတစ်ခုပေးဖို့ ပြင်ဆင်နေပြီး သူ့ရဲ့အမြင်ကို အသင်းအတွက် အကျိုးရှိတဲ့နေရာတွေမှာ အသုံးချသွားမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ နဗီးနဲ့အတူ မန်ယူကစားသမားဟောင်း အီဗရာလည်း မန်ယူ ဘုတ်အဖွဲ့ဆီရောက်လာဖွယ်ရှိနေပါတယ်။

အဲရစ်ဆင် ။      ။ စပါးအသင်းကနေ ထွက်ခွာတော့မယ့် ကွင်းလယ်လူ အဲရစ်ဆင် ကို ခေါ်ယူဖို့ PSG အသင်းက စောင့်ကြည့်နေကြောင်း Dailymail ကဖော်ပြပါတယ်။ ရီးယဲလ်အသင်းကိုရောက်မယ်လို့ သတင်းတွေ ထွက်နေပေမယ့် အဲရစ်ဆင် ကို ဇန်န၀ါရီအပြောင်းအရွှေ့မှာ ဖြတ်ခုတ်ဖို့ PSG က ပြင်ဆင်နေတာဖြစ်ပြီး ပေါင် (၂၅)သန်းဝန်းကျင်လောက်နဲ့ရသွားဖွယ်ရှိနေတယ်လို့ Dailymail က ဖော်ပြပါတယ်။

စတာလင် ။      ။ မန်စီးတီးအသင်းဟာ တိုက်စစ်မှူး စတာလင် ကို ပရီးမီးယားလိဂ်ရဲ့လစာအများဆုံး ကစားသမားအဖြစ်စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့ Express က ဖော်ပြပါတယ်။ စတာလင် ဟာ ရီးယဲလ်အသင်းကို ပေါင်သန်း(၂၀၀)လောက်နဲ့ ရောက်သွားဖို့ရှိနေတယ်လို့ သတင်းထွက်နေသူဖြစ်ပြီး မန်စီးတီးအသင်းက သူတို့ရဲ့အဓိက တိုက်စစ်မှူးကို ဆက်လက်ထိန်းသိမ်းသွားဖို့  ဆန္ဒရှိနေခဲ့တာပါ။

READ
၁၀-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

 

SHARE