၂၀-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

အယ်လ်ဂျီးရီးယား ။      ။ မနေ့ညက ကစားခဲ့တဲ့ အာဖရိကဖလားပြိုင်ပွဲ၊ ဗိုလ်လုပွဲစဉ်မှာ အယ်လ်ဂျီးရီးယားအသင်းက ဆီနီဂေါအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံဆုဖလားကို ရရှိသွားခဲ့ပါတယ်။ မာရက်ဇ် ဦးဆောင်တဲ့ အယ်လ်ဂျီးရီးယားအသင်းဟာ ပွဲအစ (၂) မိနစ်မှာကတည်းက ဘောင်းဂျက် ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး အဲဒီဂိုးကို တစ်ပွဲလုံးထိန်းကစားနိုင်ခဲ့လို့ ပွဲအပြီးမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တာပါ။ မာနေး ဦးဆောင်တဲ့ ဆီနီဂေါတိုက်စစ်က အယ်လ်ဂျီးရီးယားခံစစ်ကို ဖိအားပေးပြီး ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးကံခေခဲ့ကြလို့ ဒုတိယနေရာနဲ့ပဲ ကျေနပ်လိုက်ရတာဖြစ်ပါတယ်။

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က ကွင်းလယ်လူ အိုဇေးလ်အနေနဲ့ လာမယ့်ရာသီမှာ အကောင်းဆုံးခြေစွမ်းမျိုး ပြသလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို (၂-၁)နဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာအိုဇေးလ်ရဲ့ ကစားပုံကို အမ်မရီ က ကျေနပ်နေခဲ့တာဖြစ်ပြီး အိုဇေးလ်အနေနဲ့ အဲဒီခြေစွမ်းမျိုးကိုသာ ထိန်းထားနိုင်ရင် ပုံမှန်ပွဲထွက်ခွင့်က သူ့အတွက်ပဲလို့ ပြောဆိုသွားခဲ့ပါတယ်။

(AP Photo/Marcio Jose Sanchez)

ရိုင်အိုလာ ။      ။ မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာရဲ့အေးဂျင့်ဖြစ်သူ ရိုင်အိုလာ က ပေါ့ဂ်ဘာဟာ ရီးယဲလ်အသင်းကို ပြောင်းရွှေ့ရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေကြောင်း ပြောဆိုလိုက်ပါတယ်။ ရိုင်အိုလာ ဟာ ပေါ့ဂ်ဘာကို မန်ယူအသင်းကနေ ထွက်ခွာသွားဖို့အတွက် နည်းမျိုးစုံနဲ့ဆောင်ရွက်နေသူဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပြီး မန်ယူပရိသတ်တွေကလည်း ရိုင်အိုလာကြောင့် ပေါ့ဂ်ဘာတစ်ယောက် မတည်မငြိမ်ဖြစ်နေခဲ့ရတာလို့စွပ်စွဲနေကြတာပါ။

အေစီ ။ ။ အေစီမီလန်အသင်းဟာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့အတွက် အသင်းကစားသမားနှစ်ဦးကို ရောင်းချသွားဖို့ ပြင်ဆင်နေပါတယ်။ အေစီတာဝန်ရှိသူတွေဟာ အန်ဒရီဆေးလ်ဗား ကို မိုနာကို အသင်းဆီ ရောင်းချဖို့ဆွေးနွေးနေပြီဖြစ်သလို တိုက်စစ်ကစားသမား ကတ်ရုန်း ကိုလည်း ၀ုဗ်အသင်းဆီ ရောင်းချဖို့ ပြင်ဆင်နေတာပါ။ အဲဒီနှစ်ယောက်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း(၅၀)လောက် ရရှိလိမ့်မယ်လို့ အေစီမီလန်တာဝန်ရှိသူတွေက ခန့်မှန်းထားကြောင်းနဲ့ အက်သလက်တီကိုတိုက်စစ်မှူး ကော်ရဲရားကိုခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း Sky Italia က ဖော်ပြပါတယ်။

READ
၂၃-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

 

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ဒီနေ့မနက်ပိုင်း ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ဒေါ့တ်မွန်အသင်းကို (၂-၃) ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။လူငယ်ကစားသမား အများအပြားကို ပွဲထွက်စေခဲ့တဲ့ လီဗာပူးလ်က ပွဲအစ (၃) မိနစ်မှာပဲ အယ်လ်ကာဆာ ရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပြီး ပွဲချိန် (၃၅)မိနစ်မှာ ၀ီလ်ဆင်က ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့တာပါ။ ဒုတိယပိုင်းပွဲချိန် (၅၃)မိနစ်နဲ့ (၅၈)မိနစ်မှာတော့ ဒေါ့တ်မွန်အသင်းက ဦးဆောင်ဂိုး(၂)ဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဗန်ဒိုက်၊ အာနိုးလ်၊ အန်ဒါဆင်၊ ဟန်ဒါဆင် စတဲ့ အဓိက ကစားသမားတွေ ၀င်ရောက်လာခဲ့ကြပြီး ပွဲချိန် (၇၅)မိနစ်မှာ ဘရူစတား က ပင်နယ်တီကနေတစ်ဆင့် လီဗာပူးလ်အတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးနိုင်ခဲ့တာပါ။

 

အေဂျက်ဇ် ။     ။ အေဂျက်ဇ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းဆီ ရောက်ရှိသွားတဲ့ ဒီလစ်ရဲ့နေရာကို အစားထိုးဖို့အတွက် မက္ကဆီကိုကလပ် ကလပ်အမေရိက အသင်းရဲ့ နောက်ခံလူ အိုမာ အယ်လ်ဗာရက်ဇ် ကို ခေါ်ယူလိုက်ပါတယ်။ အေဂျက်ဇ်အသင်းက အယ်လ်ဗာရက်ဇ်ကို ခေါ်ယူခဲ့တဲ့အကြောင်း သူတို့ရဲ့ တွစ်တာကနေ အသိပေးသွားခဲ့ပြီး (၅)နှစ် စာချုပ် ချုပ်ဆိုမှာပါ။

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းဟာ ကွင်းလယ်လူ အိုဘီယန် ကို ပေါင်(၇)သန်းနဲ့ ဆက်ဆူအိုလိုအသင်းဆီ ရောင်းချဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ အိုဘီယန် ဟာ လက်ရှိမှာ ၀က်စ်ဟမ်းအသင်းရဲ့ ခြေစမ်းပွဲ ခရီးစဉ်မှာ လိုက်ပါနေခဲ့ပြီး လာမယ့် တနင်္ဂနွေနေ့မှာ အီတလီ မြေကို သွားရောက်ရမှာဖြစ်တယ်လို့ Sky Sports က ဖော်ပြပါတယ်။

READ
၃၁-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Linn

Source : Goal , Mirror , TheSun

SHARE