၂၁-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ကလော့ပ် ။      ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအသင်းရဲ့ ကစားပုံကို မေးခွန်းထုတ်လိုက်ပါတယ်။ ကလော့ပ်က မန်ယူအသင်းဟာ နောက်ခံလူ (၅)ဦးနဲ့ ခံစစ်ပုံစံကစားသွားခဲ့ပြီး သူ့အနေနဲ့ ဒီကစားပုံကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရတယ်လို့ ဖွင့်ဟလိုက်တာပါ။ ကလော့ပ်က တကယ်တော့ သူ့အနေနဲ့ မန်ယူအသင်းရဲ့ ကစားကွက်ပိုင်းကို မှတ်ချက်ပေးခွင့်မရှိကြောင်းနဲ့ လီဗာပူးလ်အသင်းအနေနဲ့ မန်ယူထက်ပိုကောင်းအောင် ကစားပြနိုင်ခဲ့တာတော့ အမှန်ပဲဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

ရွိုင်ကိန်း ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက လူကာကူရဲ့နေရာကို အစားထိုးဖို့ မန်ယူအသင်းအတွက် အသင့်တော်ဆုံးတိုက်စစ်မှူးဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းသာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၉)ပွဲမှာ (၁၀)ဂိုးသာ သွင်းထားနိုင်တဲ့ မန်ယူအသင်းရဲ့ တိုက်စစ်အတွက် ဟယ်ရီကိန်းက အသင့်တော်ဆုံးပဲလို့ ရွိုင်ကိန်းက မှတ်ချက်ပေးလိုက်တာဖြစ်ပြီး ဒီကစားသမားကိုခေါ်ယူနိုင်ဖို့အတွက်တော့ တော်တော်လေး ကြိုးစားရလိမ့်မယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။

မော်ရင်ဟို ။     ။ မန်ယူအသင်းနည်းပြ မော်ရင်ဟို က သူ့အနေနဲ့ ဆိုးလ်ရှားလို ရာထူးကနေ အထုတ်မခံရတဲ့နည်းပြအဖြစ် မန်ယူအသင်းမှာ တာဝန်ယူချင်မိကြောင်း ပြောဆိုလိုက်ပါတယ်။ မန်ယူနဲ့ လီဗာပူးလ်တို့ပွဲအပြီးမှာ မော်ရင်ဟို က ဆိုးလ်ရှားနဲ့ပတ်သက်တဲ့ မှတ်ချက်တစ်ခု ပေးသွားခဲ့တာဖြစ်ပြီး ဆိုးလ်ရှားဟာ ရလဒ်တွေဆိုးပြီး တန်းဆင်းဇုန်အထက်နားမှာရှိနေခဲ့တာတောင် ရာထူးက ထုတ်ပယ်မခံရခြင်းက အားသာချက်တစ်ခု ဖြစ်နေကြောင်း ပြောဆိုသွားခဲ့တာပါ။

READ
ရေပန်းစားနေတဲ့အတိုင်း ပြင်သစ်တွေ ချန်ပီယံဖြစ်ပါ့မလား….

 

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ဖိအားပေးနိုင်ဖို့ အခွင့်အရေးတွေရှိနေပြီဆိုတဲ့အကြောင်း ဖွင့်ဟလိုက်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီနေ့ညမှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ကစားရမှာဖြစ်ပြီး အဲဒီပွဲစဉ်ကိုသာ အနိုင်ရခဲ့ရင် အမှတ်ပေးဇယားရဲ့ တတိယနေရာ၊ မန်စီးတီးအသင်းထက် (၁)မှတ်သာ လျော့ပြီး ချန်ပီယံဆုအတွက် ဖိအားပေးနိုင်တဲ့အခြေအနေတွေ ရှိလာမှာပါ။ အမ်မရီက သူ့အနေနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူး ၊ အမှုဆောင်ချုပ် ဆာနယ်လီအပါအ၀င်ကစားသမားတွေနဲ့ နေ့စဉ်စကားပြောလေ့ရှိပြီး ဒီရာသီမှာ အကောင်းဆုံးရလဒ်တစ်ခု ရယူကြဖို့ အားလုံးအသင့်ဖြစ်နေပြီလို့ ဖွင့်ဟသွားခဲ့ပါတယ်။

အယ်လ်ဒါဝီး ။   ။ စပါးအသင်းနောက်ခံလူ အယ်လ်ဒါဝီးက လာမယ့်တစ်ပတ်မှာ ယှဉ်ပြိုင်ရမယ့် လီဗာပူးလ်အသင်းနဲ့ပွဲစဉ်ဟာ စပါးအတွက် အခွင့်အရေးတစ်ရပ် ဖြစ်လာနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီတစ်ပတ်မှာ ၀က်ဖို့ဒ်အသင်းကို သရေသာ ကစားနိုင်ခဲ့ပေမယ့် အယ်လ်ဒါဝီးက စပါးအသင်းဟာ လမ်းကြောင်းမှန်ပေါ် ပြန်လည်ရောက်ရှိလာခဲ့ပြီလို့ မှတ်ချက်ပေးလိုက်ပြီး လီဗာပူးလ်အသင်းကို အခက်တွေ့အောင် ကစားကြဖို့ အသင်းဖော်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။

Linn

READ
၁၄-၉-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Source : TheSun , Goal , Mirror

SHARE