၂၁-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဖိလစ် ။                   ။ မန်ချက်စတာ ယူနိုက်တက် အသင်း ကတော့ ဘင်ဖီကာအသင်း လူငယ်ကစားသမားလေး ဂျာအိုဖိလစ်ကို ခေါ်ယူနိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေ စတင်လိုက်ပြီဖြစ်ပါတယ်။ ကစားသမား ကို လက်ဦး မှု ရယူ ပြီး ခေါ်ယူ နိုင်ဖို့ အတွက် ကစားသမား ရဲ့ စာချုပ် ဖျက်သိမ်း ကြေးကို ပေးချေ သွားဖို့ ၊ ကလပ် စံချိန်တင် အပြောင်း အရွှေ့ တစ်ခု ပြုလုပ် နိုင်ဖို့ ဆန္ဒ ရှိနေ တယ်လို့ သိရှိ ခဲ့ရ ပါတယ် ။ လက်ရှိ အချိန် မှာတိုက်စစ် ကစားသမား ရှာပုံတော် ဖွင့်နေ ခဲ့တဲ့ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် အသင်း ဟာလည်း ဒီ ရာသီ ဘင်ဖီကာ အသင်း အတွက် သွင်းဂိုး 20 ၊ ဂိုး ဖန်တီးမှု 11 ကြိမ် အထိ ပြုလုပ် ထား ခဲ့တဲ့ တိုက်စစ် အားသန် ကွင်းလယ် ကစားသမား လေးကို ခေါ်ယူချင်နေ ခဲ့ ပါတယ် ။ အသက် (၁၉)  နှစ်သာ ရှိနေ သေးတဲ့ ဘင်ဖီကာ စတား ဂျွာအို ဖိလစ် ဟာ ဖရန့်ဖတ် အသင်း နဲ့ ကစား ခဲ့တဲ့ ယူရိုပါလိဂ် ဆီမီး ဖိုင်နယ် ပထမ အကျော့ မှာ အသင်း အတွက် ဟတ်ထရစ် ဂိုး သွင်းယူ နိုင်ခဲ့ သလို ဂိုး တစ်ကြိမ် ဖန်တီး ခဲ့ပြီး အသင်း ရဲ့ သွင်းဂိုး လေးဂိုး လုံးနဲ့ တိုက်ရိုက် ပါဝင် ပတ်သက် ခဲ့ ပါတယ် ။

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ဟာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပြီး လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ TheSun သတင်းစာက ဖော်ပြပါတယ်။ လက်ရှိအချိန်မှာ မွေးရပ်မြေ ချီလီ ကို ပြန်ရောက်နေတဲ့ ဆန်းချက်ဇ်ဟာ မန်ယူအသင်းဆီကို သတ်မှတ်ချိန်ထက်စောပြီး ပြန်ရောက်လာဖို့ရှိကာ အပြောင်းအရွှေ့နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးသွားဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

READ
မန်စီးတီးကLeroy Saneကို ငါးနှစ်စာချုပ်ဖြင့် တရားဝင်ခေါ်ယူနိုင်ခဲ့ပြီ
AFP

နက်ဗက် ။       ။ ဂျူဗင်တပ်စ်အသင်း ဒု-ဥက္ကဌ နက်ဗက် က ဆာရီတစ်ယောက် ဂျူဗင်တပ်စ်အသင်းနည်းပြ ဖြစ်လာမယ်ဆိုတဲ့သတင်းတွေဟာ ကောလာဟလအဆင့်သာ ရှိနေသေးပြီး အသင်းရဲ့နည်းပြသစ်ကို အလျင်စလို ခန့်အပ်သွားမှာ မဟုတ်သေးဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ ဆာရီဟာ ဂျူဗင်တပ်စ်နည်းပြရာထူးအတွက် ရေပန်းစားလာခဲ့ပြီး ချယ်လ်ဆီးကနေ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေက ဖော်ပြနေကြတာပါ။

AP

ဘရိုက်တန် ။    ။ ဘရိုက်တန်အသင်းဟာ အသင်းနည်းပြ ခရစ်ဟောက်တန်နဲ့ လမ်းခွဲပြီးတဲ့နောက် ဆွမ်ဆီးအသင်းနည်းပြဟောင်း ဂရေဟမ်ပေါ်တာ ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း ကြေညာသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးအသင်းကို နည်းပြခဲ့ပြီး အမှတ်ပေးဇယားရဲ့အဆင့်(၁၀)မှာသာ ရပ်တည်စေခဲ့တဲ့ ပေါ်တာ ရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေက မေးခွန်းထုတ်နေကြပေမယ့် ဘရိုက်တန်အသင်းကတော့ (၄)နှစ်စာချုပ်နဲ့ ချက်ချင်း ခန့်အပ်လိုက်ပါပြီ။

READ
မန်ယူအသင်း၏ပစ်မှတ်ပေါ့ဘာ ရီးရဲလ်အသင်းနှင့်ဆွေးနွေးနေကြောင်းအေးဂျင့်ဝန်ခံ

ဘက်ပီ ။        ။ ပီအက်စ်ဂျီ အသင်းရဲ့ လူငယ်တိုက်စစ်မှုး အမ်ဘက်ပီ ကတော့ ဒီရာသီ ဘလွန်းဒီအော် ဆုအတွက် ဘာစီလိုနာ အသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီ ကပဲ ဆွတ်ခူး သွားလိမ့်မယ်လို့ မှတ်ချက် ပေးလိုက်ပါတယ်။မက်ဆီဟာ ဒီရာသီမှာ လာလီဂါ သွင်းဂိုး 36 ဂိုး အထိ သွင်းယူပြီး ၊ သူ့ရဲ့ 6 ကြိမ်မြောက် ပီချီချီ ရွှေဖိနပ်ဆု ကို ဆွတ်ခူးနိုင်ခဲ့သလို ၊ ပြိုင်ပွဲသမိုင်းကြောင်း တစ်လျှောက် အကြိမ်ရေ အများဆုံး ဆွတ်ခူးတဲ့ ဘောလုံး သမားအဖြစ် ရပ်တည် နိုင်ခဲ့ ပါတယ်။ဒါ့အပြင် အဲဒီ ဂိုးအရေအတွက်နဲ့ပဲ ဥရောပ ရွှေဖိနပ်ဆုကိုပါ ဆွတ်ခူးဖို့ အခြေအနေ ကောင်းနေပြီး ၊ ဒုတိယ နေရာက ဘက်ပီ က 32 ဂိုး သွင်းယူပေးထားကာ ၊ တစ်ပွဲ ကစားဖို့ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

AFP

Linn

Source : TheSun , Goal , Mirror

SHARE