၂၁-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ နေမာ ကိုပြန်လည်ခေါ်ယူဖို့အတွက် ကြိုးစားနေပေမယ့် PSG အသင်းရဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေးကြောင့် အခက်အခဲနဲ့ရင်ဆိုင်နေရပါတယ်။ PSG ဟာ နေမာအတွက် ပေါင် (၂၆၅)သန်းအထိ တောင်းဆိုထားခဲ့ပြီး ဒမ်ဘီလီ (ဒါမှမဟုတ်)ကော်တင်ဟို နဲ့ ငွေသား ပေါင်သန်း(၁၃၀)။ ကော်တင်ဟို+ဒမ်ဘီလီနဲ့ ပေါင်(၄၅)သန်း စတဲ့ ပြောင်းရွှေ့ကြေးမျိုးကို လိုချင်နေတယ်လို့ Marca သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။

ပီတာချက် ။     ။ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမားဟောင်း ပီတာချက် ဟာ ချယ်လ်ဆီးရဲ့အားကစားဒါရိုက်တာရာထူးကို လက်ခံလိုက်ပြီဖြစ်ကြောင်း Mirror က ဖော်ပြပါတယ်။ ပီတာချက် ဟာ အစောပိုင်းက ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို စဉ်းစားနေခဲ့သေးပေမယ့် ချယ်လ်ဆီးအသင်းကို လမ်းပတ်ရောက်ရှိလာမယ့် အခြေအနေတွေက ဒီရာထူးကို လက်ခံဖို့အတွက် ဖြစ်လာခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

 

ကော်တင်ဟို ။   ။ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်လူ ကော်တင်ဟို ဟာ သူ့ရဲ့အသင်းဟောင်း လီဗာပူးလ်ဆီ အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့လာနိုင်တယ်လို့ Le 10 Sport က ဖော်ပြပါတယ်။ လီဗာပူးလ်အသင်းမှာတုန်းက အဓိက ကွင်းလယ်လူတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ကော်တင်ဟို ဟာ ဘာစီလိုနာအသင်းမှာတော့ ပုံမှန်ခြေစွမ်းရဖို့ရုန်းကန်ခဲ့ရပြီး (၁၈)လကြာ ကစားခဲ့ပြီးတဲ့နောက် အသင်းပြောင်းဖို့အတွက် သတင်းတွေ ထွက်လာခဲ့တာပါ။

READ
၂၅-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Ricardo Mazalan)

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားဟာ အသင်းကနေ ထွက်ခွာဖို့ တွန်းအားပေးနေတဲ့ ပေါ့ဂ်ဘာရဲ့ အခြေအနေကြောင့် ရောင်းချလိုက်ဖို့ စဉ်းစားနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြပါတယ်။ ဆိုးလ်ရှားဟာ အသင်းရဲ့ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ပေါ့ဂ်ဘာနဲ့ လူကာကူ တို့ကိုရောင်းချပြီး အသင်းအတွက် ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားဖို့ ပြင်ဆင်နေပြီလို့ Daily Star က ရေးသားဖော်ပြခဲ့တာပါ။

လတ်ဂတ် ။      ။ မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမား လင်ဂတ် ဟာ ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေပါဝင်တဲ့ ဗီဒီယိုတစ်ခုကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေရဲ့အရေးယူခြင်းကို ခံရဖွယ်ရှိနေပါတယ်။ လင်ဂတ်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ မိုင်ယာမီကမ်းခြေကို အလည်အပတ်ခရီးထွက်နေကြတာဖြစ်ပြီး ဒီ ဗီဒီယိုဖိုင်ကြောင့် ပရိသတ်တွေကလည်း ဒေါသထွက်နေကြပါတယ်။

အဲဗာတန် ။      ။ အဲဗာတန်အသင်းဟာ CSKA မော်စကိုအသင်းရဲ့ ကွင်းလယ်ကစားသမား ဗလာဆစ် ကို ပေါင်(၁၄)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် (၂၁)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက CSKA အသင်းအတွက် (၃၁) ပွဲ ကစားပေးပြီး သွင်းဂိုး (၈) ဂိုး ရရှိခဲ့သူပါ။ အဲဗာတန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဘာစီလိုနာကွင်းလယ်လူ ဂိုမက်ဇ်ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်လို့ ဗလာဆစ် ဟာ ဒီအပြောင်းအရွှေ့မှာ အဲဗာတန်ခေါ်ယူနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့ပါတယ်။

READ
၆ - ၁ နဲ့ PSG ကို အနိုင်ရကာ ကွာတားဖိုင်နယ်ကို တက်ရောက်သွားခဲ့တဲ့ ဘာစီလိုနာ

Linn

Source : TheSun , Goal , Mirror

SHARE