၂၁-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter "Mirror"

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ICC ဖလားပွဲစဉ်မှာလည်း ဖီအိုရင်တီးနားအသင်းကို (၃-၀)ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ရာသီကြိုပွဲစဉ်တွေမှာ ရာနှုန်းပြည့်အနိုင်ရလဒ်ကို ရယူထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ဘိုင်ယန်မြူးနစ်ကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ ဘိုင်ယန်နဲ့ပွဲမှာ ဂိုးသွင်းခဲ့တဲ့ ကီတီယာ ရဲ့ အကောင်းဆုံးခြေစွမ်းကို ဆက်လက်မြင်တွေ့ခဲ့ရပြီး ဒီကစားသမားလေးက အသင်းအတွက် သွင်းဂိုး(၂)ဂိုး ထပ်မံသွင်းယူပေးခဲ့တာပါ။ အာဆင်နယ်အသင်းရဲ့ သွင်းဂိုးတွေကို ကီတီယာ က ပွဲချိန် (၁၆)မိနစ်နဲ့ (၆၆)မိနစ်တွေမှာ သွင်းယူပေးခဲ့ပြီး ပွဲချိန် (၈၉)မိနစ်မှာ ၀ီလ်လော့ခ် က တတိယမြောက်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဂရင်းဝုဒ် ။       ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အင်တာမီလန်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ကို ချီးကျူးလိုက်ပြီး သူ့ရဲ့ကစားပုံဟာ မန်ယူကစားသမားဟောင်း ရွိုင်ယန်ဂစ်ကို သတိရစေတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂရင်းဝုဒ်ဟာ လိဒ်ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း မန်ယူအတွက် သွင်းဂိုးတစ်ဂိုး သွင်းပေးနိုင်ခဲ့ပြီး လာမယ့်ရာသီမှာ ပွဲထွက်ခွင့်ရမယ့် ကစားသမားလို့ ချီးကျူးခံနေရသူလည်းဖြစ်ပါတယ်။

READ
ကွန်တီကိုငြင်းပြီး မော်ရင်ဟိုအတွက်ကစားဖို့ ရွေးခဲ့ရခြင်းအကြောင်းကို လူကာကူဖွင့်ဟ

https://twitter.com/i/status/1152567452242456577

PSG ။  ။ PSG အသင်းနည်းပြ တူချယ်က လက်ရှိအချိန်မှာ နေမာ ကို ခေါ်ယူဖို့ ကမ်းလှမ်းလာတဲ့ ကလပ်အသင်းတွေရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီး သူ့အနေနဲ့နေမာ ကို အသင်းမှာ ဆက်ရှိနေစေဖို့ မျှော်လင့်ကြောင်းပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း လတ်တလောမှာ ညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်နေတဲ့အနေအထားမှာ ရှိနေခဲ့တာပါ။ တူချယ်က နေမာ ဟာ အသင်းအတွက် အားကိုးရတဲ့ ကစားသမားဖြစ်ပြီး ဘယ်လိုနည်းပြမျိုးမဆို နေမာကို အသင်းမှာ ရှိစေချင်ကြမှာပါ လို့ ပြောဆိုခဲ့ပါတယ်။

(AP Photo/Andre Penner)

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းဟာ မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဘူးလ်အသင်း နောက်ခံလူ အာရွန်လောင်း ကို တရားဝင်ကမ်းလှမ်းလိုက်တယ်လို့ ESPN က ဖော်ပြပါတယ်။ (၂၀၁၈)ခုနှစ်ရဲ့ မေဂျာလိဂ်အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ လောင်း ဟာ စာချုပ်လျော်ကြေး ပေါင်(၄)သန်းသာ ရှိတာမို့ ၀က်စ်ဟမ်းတို့အနေနဲ့ လောင်းအတွက် ပေါင်(၄)သန်းသာ သုံးပြီး ခေါ်ယူခွင့်ရှိမှာပါ။

ပဲလေ့စ် ။         ။ ပဲလေ့စ်အသင်းဟာ ချယ်လ်ဆီးရဲ့ လူငယ်ညာနောက်ခံကစားသမား ရိစ်ဂျိမ်းစ် ကို ပေါင်သန်း(၂၀)နဲ့ ကမ်းလှမ်းခဲ့ပြီး ပယ်ချခံခဲ့ရတယ်လို့ Mirror က ဖော်ပြပါတယ်။ အသက် (၁၉)နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ၀ီဂန်အသင်းဆီ အငှားသွားရောက် ကစားခဲ့ရပြီး ပဲလေ့စ်က ဘစ်ဆာကာရဲ့နေရာကို အစားထိုးဖို့ ကမ်းလှမ်းခဲ့တာပါ။

READ
၃၀-၆-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ဆာရီ ။ ။ ဂျူဗင်တပ်စ်အသင်းနည်းပြသစ် ဆာရီ က သူ့အနေနဲ့ ပေါ့ဂ်ဘာရဲ့ ကစားပုံကို သဘောကျပေမယ့်လည်း အသင်းအနေနဲ့ ခေါ်ယူဖို့ကတော့ မသေချာသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ပေါ့ဂ်ဘာကိုခေါ်ယူဖို့အတွက် ကစားသမား အလိုက်ပေးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဆာရီ က ငြင်းဆန်သွားခဲ့ပြီး အသင်းရဲ့ အားကစားဒါရိုက်တာ ပါရာတီစီ ဟာ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ဘုတ်အဖွဲ့နဲ့ ဆွေးနွေးနေဆဲဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Marca

SHARE