၂၁-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းရဲ့နောက်ခံလူတွေဖြစ်ကြတဲ့ ဘယ်လာရင်နဲ့ တီယာနေး တို့ဟာ အသင်းအတွက် ပြန်လည်ကစားပေးဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ နည်းပြ အမ်မရီက ပြောဆိုလိုက်ပါတယ်။ သောကြာနေ့က ကစားခဲ့တဲ့ အာဆင်နယ် ယူ(၂၃)နဲ့ ၀ုဗ်ယူ(၂၃)အသင်းတို့ရဲ့ ပွဲစဉ်မှာ ကစားသမားနှစ်ဦးစလုံးက တစ်နာရီကျော် ၀င်ရောက်ကစားခဲ့ပြီးတဲ့နောက် အသင်းမှာ ပွဲထွက်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အမ်မရီက အသိပေးခဲ့တာပါ။ အာဆင်နယ်ပရိသတ်တွေအတွက်တော့ ဒီသတင်းက သတင်းကောင်းပဲဖြစ်ပြီး လက်ရှိမှာ ဆိုးရွားနေတဲ့ ခံစစ်ပိုင်းအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဆာဗေ့ခ်ျ ။       ။ ဒီညရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ စပါးက လက်စတာကို အရှုံးပေးရလိမ့်မယ်လို့ ရော်ဘီဆာဗေ့ခ်ျက ခန့်မှန်းလိုက်ပါတယ်။ လက်စတာအသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ကစားရမယ့် ပိုချက်တီနိုရဲ့ စပါးအသင်းအနေနဲ့ ဒီနေ့ည ပွဲစဉ်မှာ (၂-၁)ဂိုးနဲ့ အရှုံးပေးရလိမ့်မယ်လို့ ဆာဗေ့ခ်ျက ခန့်မှန်းလိုက်တာပါ။ အဲဗာတန်အသင်းက အိမ်ကွင်းမှာ ရှက်ဖီးကို (၂-၀)နဲ့  နိုင်မယ်လို့ ဆာဗေ့ခ်ျက ခန့်မှန်းလိုက်ပြီး မန်စီးတီးက ၀က်ဖို့ဒ်ကို (၃-၀)နဲ့ နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။

မော်ရင်ဟို ။     ။ ရီးယဲလ်အသင်းဆီ ပြန်လည်ရောက်ရှိမယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ပေါ်တူဂီသားကြီး မော်ရင်ဟိုက အခုလို တုန့်ပြန်လိုက်ပါတယ်။ သူ့အနေနဲ့ မန်နေဂျာရှိပြီးသား အသင်းတစ်သင်းကို နည်းပြဖို့ မဖြစ်နိုင်ဘူးလို့ မော်ရင်ဟိုက ဆိုလိုက်ပြီး လက်ရှိနည်းပြ ဇီဒန်းဟာ ရီးယဲလ်ကနေ ထွက်ခွာသွားရလိမ့်မယ်လို့ မထင်ကြောင်း မော်ရင်ဟိုက မှတ်ချက်ပေးလိုက်ပါတယ်။

အန်ဒါဆင် ။     ။ မန်ယူအသင်းမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးကွင်းလယ်လူ အန်ဒါဆင် ဟာ အသက် (၃၁)နှစ် အရွယ်မှာပဲ ဘောလုံးသမားဘ၀ကနေ အနားယူသွားခဲ့ပါတယ်။ (၂၀၁၈)ခုနှစ်မှာ တူရကီကလပ်အသင်း ဒီမီယာစပေါ ကို ပြောင်းရွှေ့ကစားခဲ့တဲ့ အန်ဒါဆင် ဟာ တစ်နှစ်အကြာမှာပဲ ကစားသမားဘ၀ကနေ အနားယူဖို့ ရုတ်တရက်ဆုံးဖြတ်ချက် ချလိုက်တာပါ။ ဒီမီယာစပေါအသင်းရဲ့ဒါရိုက်တာ မူရက် က  အန်ဒါဆင် ဟာ ကလပ်အသင်းရဲ့နည်းပြအဖွဲ့ထဲမှာ ပါဝင်လာမှာဖြစ်တယ်လို့ မီဒီယာတွေကို အတည်ပြုပေးထားပါတယ်။

ဇာဟာ ။         ။ ပဲလေ့စ်အသင်းတောင်ပံကစားသမား  ဇာဟာ က အသင်းရဲ့တိုက်စစ်ပိုင်းမှာ သွင်းဂိုးတွေရဖို့အတွက် သူ့တစ်ယောက်တည်းကိုပဲ အားကိုးနေလို့မရဘူးလို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေရနေပေမယ့်လည်း တိုက်စစ်ပိုင်းကတော့ အားနည်းနေခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲမှာ (၃)ဂိုးသာ သွင်းနိုင်ခဲ့တာပါ။ ဇာဟာ က သူ့အနေနဲ့ သူ့တာဝန်ကို ကျေအောင်လုပ်ဖို့ ကြိုးစားနေသလိုမျိုး အသင်းဖော်တွေအနေနဲ့လည်း ကိုယ့်တာဝန်ကို ကိုယ်ကျေဖို့ အကောင်းဆုံးကြိုးစားသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

READ
၃၀-၁-၂၀၂၀ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လန်ဒန် ။         ။ မန်ယူ ၊ ချယ်လ်ဆီး ၊ အာဆင်နယ်နဲ့ လီဗာပူးလ်ပရိသတ်တွေအနေနဲ့ ဆိုးသွမ်းတဲ့ အမူအကျင့်တွေမပြုလုပ်ကြဖို့ လန်ဒန်ရဲတပ်ဖွဲ့က သတိပေးလိုက်ပါတယ်။ ဒီတစ်ပတ်ရဲ့ တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ်အသင်းကြီး (၄)သင်းရဲ့ ပရိသတ်တွေဟာ လန်ဒန်မှာ စုရုံးရောက်ရှိလာကြမှာဖြစ်ပြီး ပရိသတ် (၁၇၅၀၀၀)လောက်ကို လန်ဒန်ရဲတွေက ထိန်းသိမ်းသွားရဖို့ရှိနေတာပါ။ အာဆင်နယ်-ဗီလာ ၊ ၀က်စ်ဟမ်း-မန်ယူ ၊ ချယ်လ်ဆီး-လီဗာပူးလ်နဲ့ ပဲလေ့စ်-၀ုဗ် တို့ဟာ ဒီတစ်ပတ်ရဲ့ တနင်္ဂနွေနေ့ ပွဲစဉ်တွေအဖြစ် လန်ဒန်မြေမှာ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE