၂၂-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို ဟာ ထုတ်ပယ်ခံရပြီးတဲ့နောက် စပါးအသင်းလေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေအတွက် နှုတ်ဆက်စာကို နည်းစနစ်ဘုတ်ပြားမှာ ရေးသားသွားခဲ့ပြီး ကစားသမားတွေအားလုံး စိတ်မကောင်းဖြစ်ခဲ့ကြရတယ်လို့ Mirror က ဖော်ပြပါတယ်။ ပိုချက်တီနိုရဲ့ လက်ထောက်နည်းပြ ဂျီးဆပ်ပီရက်ဇ်က ဒီပို့စ်ကို သူ့ရဲ့တွစ်တာအကောင့်မှာ တင်သွားခဲ့တာဖြစ်ပြီး အားလုံးကိုကျေးဇူးအများကြီးတင်ကြောင်းနဲ့ နှုတ်ဆက်စကားမပြောနိုင်တော့ကြောင်း ရေးသားသွားခဲ့တာဖြစ်ပြီး သူ့နှလုံးသားထဲမှာ အမြဲရှိနေမယ့်အကြောင်း လက်ရေးနဲ့ ရေးသားသွားခဲ့တာပါ။

မော်ရင်ဟို ။     ။ စပါးအသင်းနည်းပြသစ် မော်ရင်ဟို ကတော့ လီဗာပူးလ်အသင်းကို နမူနာယူပြီး စပါးကိုလည်း အပြောင်းအလဲတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သူ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ သတင်းတွေအရတော့ မော်ရင်ဟို ဟာ သူ့ရဲ့သစ္စာရှိကစားသမားတွေဖြစ်ကြတဲ့ ဖယ်လိုင်နီ၊ မာတစ်နဲ့ မိုဗစ် တို့ကို စပါးအသင်းဆီ ခေါ်ယူသွားဖို့ ပြင်ဆင်နေပြီး ကစားသမားအပြောင်းအလဲတွေလည်း ပြုလုပ်သွားဖို့ရှိနေတာပါ။ ဒါ့အပြင် မော်ရင်ဟိုက အသင်းဟောင်းချယ်လ်ဆီးပရိသတ်တွေကို ပြိုင်ဖက်အသင်းဆီ ပြောင်းရွှေ့သွားခဲ့လို့ သူ့ကို သစ္စာဖောက်တစ်ယောက်လို့ မမြင်စေချင်ကြောင်းကိုလည်း တောင်းဆိုသွားခဲ့ပါတယ်။

 

ဆာလက် ။      ။ လီဗာပူးလ်အသင်းတိုက်စစ်မှူး ဆာလက် ဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး အသင်းနဲ့အတူလေ့ကျင့်ခန်း ပြန်ဆင်းနေနိုင်ပြီဖြစ်ပါတယ်။ ဒဏ်ရာကြောင့် အီဂျစ်အသင်းရဲ့ နိုင်ငံတကာပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ ဆာလက် ဟာလာမယ့် ပဲလေ့စ်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်လာဖို့ရှိနေပြီး စကော့တလန်အသင်းနဲ့ လွဲချော်ခဲ့တဲ့ နောက်ခံလူ ရောဘတ်ဆန် ကလည်း ဆာလက်နဲ့အတူ လေ့ကျင့်ခန်းဆင်းနေနိုင်ပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

ရက်ရှ်ဖို့ဒ် ။       ။ မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အသင်းကို အဆင့်(၄)အတွင်းဝင်အောင် စွမ်းဆောင်ဖို့ထက် ချန်ပီယံဆုဖလားတွေ ရရှိအောင်စွမ်းဆောင်နိုင်ဖို့က ပိုအရေးကြီးတယ်လို့ အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။ လက်ရှိအချိန်မှာ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၇)နေရာမှာ ရပ်တည်နေပြီး နှစ်ပေါင်း (၃၃)နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစကို ရင်ဆိုင်နေရတာပါ။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ (၃)ပွဲမှာ နိုင်ပွဲ(၂)ပွဲရရှိခဲ့ပြီးတဲ့နောက် ရက်ရှ်ဖို့ဒ်က အသင်းရဲ့ ရည်မှန်းချက်ဟာ ထိပ်ဆုံး(၄)သင်းဝင်ခွင့်မှာတင် ရပ်မနေပဲ ချန်ပီယံဆုဖလားတွေ ရယူဖို့လိုကြောင်း တိုက်တွန်းလိုက်တာပါ။

READ
2017-18ရာသီ ချန်ပီယံလိဂ်ပွဲစဉ်တွေကို Facebookမှာ တိုက်ရိုက်လွှင့်မည်

ပေါ့ဂ်ဘာ ။       ။ မန်ယူအသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာ ဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး လေ့ကျင့်ခန်းအစီအစဉ်တွေ လုပ်ဆောင်နေပြီလို့ သိရပါတယ်။ ခြေကျင်းဝတ်ဒဏ်ရာကြောင့် မန်ယူအသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့တဲ့ ကစားသမားဟာဒူဘိုင်းမှာ တစ်ကိုယ်တော် လေ့ကျင့်ခန်းတွေကိုသွားရောက်လုပ်ဆောင်နေခဲ့ပြီးတဲ့နောက် မန်ယူအသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ မန်ယူအသင်းရဲ့ ဆေးအဖွဲ့ဟာ ပေါ့ဂ်ဘာရဲ့ ဒဏ်ရာဟာ အခြေအနေကောင်းမွန်လာခဲ့ပြီဖြစ်ကြောင်းနဲ့ မကြာခင် အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။

လက်စတာ ။    ။ လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ က အသင်းအနေနဲ့ ကြယ်ပွင့်ကစားသမားတွေကို လာမယ့်အပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဒီရာသီမှာ လက်စတာအတွက် ခြေစွမ်းပြနေတဲ့ မက်ဒီဆင်၊ တိုင်လီမန် နဲ့ နောက်ခံလူ ဆိုယွန်ကူ တို့ဟာ လာမယ့်အပြောင်းအရွှေ့အတွက် တန်ဖိုးကြီး ကစားသမားတွေဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးနေကြပေမယ့်လည်း ရော်ဂျာကတော့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။

READ
၇-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE