(၂၂-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အဲဗာတန် VS မန်ယူ – ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ အရေးပါတဲ့ ပွဲစဉ်တစ်ခုမှာ မန်ယူတို့ အဝေးကွင်းမှာ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ ရည်ရွယ်ချက်ရှိရှိ စိတ်မပါလက်မပါ ဖြစ်နေတဲ့ဒီဂီယာ၊ အခွင့်အရေးအချို့ လွဲချော်ခဲ့တဲ့ တိုက်စစ်မှူးတွေ၊ ဖယိုဖရဲဖြစ်နေတဲ့ ပေါ့ဂ်ဘာဦးဆောင်တဲ့ ကွင်းလယ် အစရှိတာတွေဟာ ပရိသတ်အတွက် အလွန်ကို စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ အဲဗာတန်အတွက် (၄)ဂိုးစလုံးကို လျှောလျှောလျှူလျှူ ခွင့်ပြုခဲ့ရတာဖြစ်ပြီး မန်ယူဟာ ချန်ပီယံလိဂ်ဝင်ခွင့်အစား၊ ယူရိုပါလိဂ်မှာ သောင်တင်နေမလားဆိုတာ စိုးရိမ်စရာပါ။

ကာဒစ်ဖ် VS လီဗာပူး – လီဗာပူးတို့ဟာ ဒီပွဲကို အလွယ်တကူ အနိုင်ရခဲ့တာတော့ မဟုတ်ပါဘူး။ ကာဒစ်ဖ်ကလည်း တန်းဆင်းဇုန်ကနေ လွတ်ဖို့ ခြေကုန်ထုတ် ရုန်းကန်ခဲ့ပါတယ်။ လီဗာပူးအတွက် နှစ်ဂိုးကိုလည်း ဒုတိယပိုင်းအစနဲ့ ပွဲပြီးခါနီး ပင်နယ်တီတစ်လုံးက ရရှိခဲ့တာပါ။ ဒါပေမယ့် လီဗာပူးတို့ဟာ ခြေစွမ်းအရ အရမ်းကောင်းခဲ့တယ်ဆိုတာကို လက်ခံလို့ရပါတယ်။ လက်ရှိအချိန်အထိ ချန်ပီယံလောင်းစာရင်းမှာ အမှားအယွင်းမရှိသေးတဲ့ လီဗာပူးပါ။

(AP Photo/Tim Ireland)

အာဆင်နယ် VS ခရစ္စတယ်ပဲလေ့စ် – ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားမခံတော့တဲ့ အာဆင်နယ်တို့ဟာ အခွင့်ရေးကောင်းကို မရယူနိုင်ခဲ့ပါဘူး။ အာဆင်နယ်ဟာ ဒီပွဲအနိုင်ရတာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်လုဘက် အသင်းတွေအထက်မှာ အသာစီးရနေမှာပါ။ ဒါပေမယ့် ဒီပွဲမှာ အိမ်ရှင်အာဆင်နယ်တို့ ပြောပလောက်အောင် မကောင်းမွန်ခဲ့သလို၊ ပဲလေ့စ်က ဦးဆောင်ဂိုးသွင်းတာကို ခံခဲ့ရပါတယ်။ ရလဒ်ကတော့ 2-3 နဲ့ ရှုံးခဲ့ရပါတယ်။

အာဆင်နယ်အမျိုးသမီးအသင်း – WSL မှာ ခြေစွာနေတဲ့ အာဆင်နယ်အမျိုးသမီးအသင်းဟာ ယခုနှစ်မှာ အမှတ်ပေးချန်ပီယံဆုနဲ့ နီးစပ်နေပြီလို့ သိရပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်အမျိုးသမီးအသင်းက အမှတ်ပေးဇယားရဲ့ ဒုတိယနေရာက မန်စီးတီးအသင်းကို (၄)မှတ်အသာနဲ့ ဦးဆောင်နေပြီး၊ (၁၈)ပွဲကစားပြီးချိန်မှာ (၁၆)ပွဲနိုင်၊ (၂)ပွဲရှုံးရလဒ်နဲ့ ရမှတ် (၄၈)မှတ်နဲ့ ဦးဆောင်နေပါတယ်။

နေးလ်ဝါးနော့ – ကာဒစ်ဖ်အသင်းမန်နေဂျာ ဝါးနော့က လီဗာပူးတိုက်စစ်မှူး ဆာလက်ဟာ ဒိုင်ဗစ်ပစ်ရာမှာ အိုလံပစ်ဒိုက်ဗာ တွန်ဒလေးရဲ့ခြေရာကို 9.9 အထိ အမီနင်းနိုင်သူဖြစ်ကြောင်း လှောင်ပြောင်ခဲ့ပါတယ်။ ယမန်နေ့ညက ကာဒစ်ဖ်နဲ့ပွဲမှာ လီဗာပူးက 0-2 ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရွိုင်းဟော့ဆန် – ယမန်နေ့ညက အာဆင်နယ်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပဲလေ့စ်တိုက်စစ်မှူး ဇာဟာ,ဟာ အသင်းမှာ ပျော်ရွှင်နေသူဖြစ်ကြောင်း မန်နေဂျာ ဟော့ဆန်က ပြောခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ဇာဟာ,ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတစ်ခုခုမှာ ကစားလိုကြောင်း အသင်းတာဝန်ရှိသူတွေကို တောင်းဆိုခဲ့ပါတယ်။

Manchester City FC

ဘာနာဒိုဆေးလ်ဗား – မန်စီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက မန်ယူအသင်းနဲ့ကစားရမယ့် မန်ချက်စတာဒါဘီအဝေးကွင်းပွဲစဉ်ဟာ မန်စီးတီးအတွက်တော့ ချန်ပီယံအဆုံးအဖြတ် ပွဲစဉ်ဖြစ်သွားနိုင်ကြောင်း ဆိုပါတယ်။ အဆိုပါပွဲစဉ်ကို ဧပြီလ (၂၅)ရက်နေ့ ည (၁း၃၀)နာရီမှာ ကစားမှာ ဖြစ်ပါတယ်။

 

READ
2016/17 ပရီးမီးယားလိဂ်ပွဲစဉ်များ ကြိုတင်ပေါက်ကြား

လင်းသူရိန် (SportAhtar)

Source : goal.com/ espn.com/ skysports.com/ thesun.co.uk

SHARE