၂၂-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒီဂီယာ ။         ။ မန်ယူအသင်းဂိုးသမား ဒီဂီယာ ဟာ တစ်ပတ်လုပ်ခလစာ ပေါင် (၃၅၀၀၀၀)နဲ့ ကမ်းလှမ်းခဲ့တဲ့ မန်ယူရဲ့ သက်တမ်းတိုးစာချုပ်သစ်ကို လက်ခံလိုက်ပြီး (၅)နှစ် သက်တမ်းတိုးစာချုပ်ကို ရက်ပိုင်းအတွင်း ချုပ်ဆိုသွားတော့မှာပါ။ လက်ရှိမှာ တစ်ပတ်လုပ်ခလစာ ပေါင်(၂၀၀၀၀၀) ရရှိနေတဲ့ ဂိုးသမားဟာ တိုက်စစ်မှူး ဆန်းချက်ဇ်ရဲ့ လစာဖြစ်တဲ့ တစ်ပတ်လုပ်ခ ပေါင်(၅၀၀၀၀၀) ကို ရရှိချင်ပေမယ့်လည်း မန်ယူအသင်းက ပေါင်(၃၅၀၀၀၀)အထိသာ အများဆုံးပေးချေဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဆွေးနွေးမှုအောင်မြင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

စပါး ။   ။ စပါးအသင်းဟာ ရီးယဲလ်ကွင်းလယ်လူ အဆန်ဆီယို နဲ့ အဲရစ်ဆင်ကို အလဲအလှယ်လုပ်မယ့် ကမ်းလှမ်းမှုကို စိတ်ဝင်စားနေပြီး နောက်ထပ် ပေါင်(၄၅)သန်း ရရှိဦးမယ့်အနေအထားကြောင့် အပြောင်းအရွှေ့ဖြစ်လာဖို့ နီးစပ်နေတယ်လို့ Marca က ဖော်ပြပါတယ်။ ရီးယဲလ်အသင်းဟာ စပါးကွင်းလယ်လူ အဲရစ်ဆင်အတွက် အဆန်ဆိုယို+ပေါင်(၄၅)သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပြီး စပါးအသင်းက ဒီကမ်းလှမ်းမှုကို လက်ခံစဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။

(AP Photo/Manu Fernandez)

အဒီဘာယော ။ ။ အသက် (၃၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အာဆင်နယ်နဲ့စပါးအသင်းတိုက်စစ်မှူးဟောင်း အဒီဘာယော ဟာ ပရီးမီးယားလိဂ်မြေကို ပြန်လည်ရောက်ရှိလာဖို့ နီးစပ်နေပါပြီ။ ပရီးမီးယားလိဂ်ကလပ် ၀က်ဖို့ဒ်အသင်းဟာ အဒီဘာယောကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ ကမ်းလှမ်းထားပြီး အဒီဘာယော ဟာ တူရကီကလပ် ဘာဆက်ဆီဟာ အသင်းကနေ မနေ့က စာချုပ်ကုန်ဆုံးပြီး ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။

READ
(၁၆-၆-၂၀၁၈) အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ကာရက်စ်ကို ။   ။ ဒီရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်နေခဲ့တဲ့ ကာရက်စ်ကို ဟာ သတ်မှတ်ထားတဲ့ရက်မတိုင်မီ အသင်းဆီပြန်ရောက်မလာခဲ့တာကြောင့် တရုတ်ကလပ်အသင်းရဲ့ ကစားခွင့်ပိတ်ပင်တဲ့ ပြစ်ဒဏ်နဲ့ရင်ဆိုင်နေရပါတယ်။ တရုတ်စူပါလိဂ်ကလပ် ဒါလီယန် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကဘယ်လ်ဂျီယံကို ပြန်သွားခဲ့ပြီး အသင်းဆီအချိန်မီ ပြန်ရောက်မလာခဲ့တဲ့  ကာရက်စ်ကို ကို အသင်းနဲ့ကစားခွင့် (၃)ရက်ပိတ်ပင်ထားပြီး အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာလည်း ပါဝင်ခွင့်မပြုခဲ့ပါဘူး။

 

အေစီ ။ ။ အေစီမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ မာလ်ဒီနီ ဟာ ရီးယဲလ်ကစားသမား (၃)ဦးကို ခေါ်ယူဖို့ စပိန်ကိုရောက်နေပြီး ဆွေးနွေးမှုတွေ စတင်ဖို့ ကြိုးစားနေပါပြီ။ အေစီအသင်းဟာ ရီးယဲလ်ကစားသမား (၃)ဦးဖြစ်တဲ့ ဆီဘယ်လော့စ် ၊ မာယိုရယ် နဲ့ အိုဒီဂတ် တို့ကို ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပြီး နည်းပြသစ် ဂျီယန်ပါအိုလို အတွက် ကစားသမားသစ်တွေ ခေါ်ယူပေးသွားမယ်လို့ ကတိပေးထားခဲ့တာပါ။

READ
၁၁-၉-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Linn

Source : TheSun , Goal , Mirror

SHARE