၂၂-၉-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Youtube

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ တန်းတက်အသင်းလေး ဂရန်နာဒါကို (၂-၀)နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်သွားခဲ့ပြန်ပါတယ်။ ဒီရာသီ လာလီဂါပြိုင်ပွဲမှာ နိုင်ပွဲ (၂)ပွဲသာ ရထားသေးတဲ့ ဘာစီလိုနာအသင်းဟာ အခြားတန်းတက်အသင်းတစ်သင်းဖြစ်တဲ့ အိုဆာဆူနာ ကိုလည်း ရာသီအစပွဲစဉ်မှာ သရေသာ ကစားထားနိုင်ခဲ့တာပါ။ ပွဲအစ (၂)မိနစ်မှာကတည်းက ဂရန်နာဒါအသင်းရဲ့ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရတဲ့ ဘာစီလိုနာဟာ ပွဲချိန် ဒုတိယပိုင်းမှာ မက်ဆီကို ထည့်သွင်းကစားခဲ့ပေမယ့်လည်း ချေပဂိုးမရတဲ့အပြင် ပွဲချိန် (၆၆)မိနစ်မှာ ပင်နယ်တီတစ်လုံးထပ်ပေးလိုက်ရလို့  ပွဲအပြီးမှာ (၂-၀)ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

အင်တာ ။        ။ မနေ့ညက ကစားခဲ့တဲ့ အေစီနဲ့အင်တာ တို့ရဲ့ မီလန်ဒါဘီ ပွဲစဉ်မှာတော့ အင်တာမီလန်က (၀-၂)ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲချိန် (၄၈)မိနစ်မှာ ဘရိုဇိုဗစ် ၊ ပွဲချိန် (၇၈)မိနစ်မှာ လူကာကူ တို့က အင်တာမီလန်အတတွက် သွင်းဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြတာပါ။ ဒီရာသီမှာ အင်တာမီလန်ကို ပြောင်းရွှေ့သွားခဲ့တဲ့ တိုက်စစ်မှူး လူကာကူ အတွက်တော့ အင်တာမီလန်ရဲ့ စီးရီးအေပွဲစဉ်(၄)ပွဲမှာ (၃) ပွဲအထိ ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆိုးလ်ရှား ။      ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ရီးယဲလ်အသင်းအနေနဲ့ ပေါ့ဂ်ဘာကိုခေါ်ယူဖို့ ကြိုးစားနေမှုအပေါ် လက်လျော့လိုက်ဖို့ လိုအပ်နေပြီဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ ရီးယဲလ်အသင်းဥက္ကဌ ပီရက်ဇ်က ပေါ့ဂ်ဘာကို ခေါ်ယူဖို့ ကြိုးစားသွားဦးမယ်လို့ ပြောဆိုခဲ့တဲ့အပေါ် ဆိုးလ်ရှားက တုန့်ပြန်လိုက်တာဖြစ်ပြီး ပေါ့ဂ်ဘာဟာ မန်ယူအသင်းအတွက် လက်ရှိမှာ အကောင်းဆုံး ပေးဆပ်နေသူဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်တာပါ။

READ
၂၁-၁၂-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

 

ဂွာဒီယိုလာ ။    ။ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာ က ၀က်ဖို့ဒ်ကို (၈-၀)နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ပတ်သက်လို့ သူ့ရဲ့ထင်မြင်ချက်ကို ပြောဆိုသွားခဲ့ပါတယ်။ ဂွာဒီယိုလာ က အမှတ်ပေးဇယားထိပ်ဆုံးမှာ (၅)မှတ်ဖြတ်ပြီး ဦးဆောင်နေတဲ့ လီဗာပူးလ်ဟာ အမှတ်ပေးချန်ပီယံဆုကို ရရှိနေပြီ လို့ ဟာသလုပ် ပြောဆိုလိုက်ပြီး ဒီရာသီမှာ လီဗာပူးလ်ရဲ့စွမ်းဆောင်ရည်က တကယ့်ကို အထင်ကြီးစရာ ဖြစ်နေခဲ့တယ်လို့ ချီးကျူးသွားခဲ့ပါတယ်။

READ
၃၁-၇-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

အဂွီရို ။ ။ မန်စီးတီးအသင်းတိုက်စစ်မှူး အဂွီရို ဟာ ပရီးမီးယားလိဂ် သမိုင်းကြောင်းတစ်လျှောက်မှာ ဘယ်ကစားသမားမှ မရသေးတဲ့ စံချိန်သစ်တစ်ခုကို ရရှိသွားခဲ့ပါတယ်။ ၀က်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက် အဂွီရိုဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် (၆)ပွဲဆက် ဂိုးသွင်းနိုင်တဲ့  ကစားသမား ဖြစ်လာခဲ့ပြီး အာဆင်နယ်ကစားသမားဟောင်း ရီယက်စ်၊ မန်ယူတိုက်စစ်မှူးဟောင်း ရွန်းနီ တို့ရဲ့ (၅)ပွဲဆက် ဂိုးသွင်းတဲ့ စံချိန်ကို ဖြတ်ကျော်သွားခဲ့တာပါ။

Twitter / Mirror

မန်ယူ ။ ။ ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူအသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ တိုက်စစ်မှူးလေး ဂရင်းဝုဒ်ကတော့ ၀က်စ်ဟမ်းအသင်းနဲ့ ကစားမယ့် လူစာရင်းမှာ ပါဝင်လာခဲ့ခြင်းမရှိဘူးလို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ မန်ယူနောက်ခံလူ လုခ်ရှော က ၀က်စ်ဟမ်းနဲ့ ပွဲစဉ်ကို သေချာပေါက်လွဲချော်မှာဖြစ်ပြီး ပေါ့ဂ်ဘာနဲ့ မာရှယ်တို့ရဲ့အခြေအနေကတော့ စောင့်ကြည့်နေတုန်းပဲ ဖြစ်တယ်လို့ ဗြိတိန်သတင်းစာတွေက ရေးသားခဲ့ကြပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE