၂၃-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဂွာဒီယိုလာ ။    ။ ဒီရာသီမှာ မန်စီးတီးအသင်းကို ပြည်တွင်းဖလား(၃)လုံး ဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြ ဂွာဒီယိုလာ ဟာ ဂျူဗင်တပ်စ်နည်းပြရာထူးကို လက်ခံလိုက်ပြီလို့ AS သတင်းစာက ဖော်ပြသွားခဲ့ပြီး (၄)နှစ်စာချုပ် ချုပ်ဆိုလိုက်တယ်လို့ ရေးသားသွားခဲ့ပါတယ်။ ဂွာဒီယိုလာဟာ လက်ရှိအချိန်မှာ မန်စီးတီးကနေ ထွက်ခွာဖို့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုပြီးမြောက်သွားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနည်းပြရာထူးကို လက်ခံလိုက်တာပါ။ ဒီသတင်းကို အီတလီသတင်းထောက်တစ်ယောက်ဖြစ်တဲ့ ဖရက်ဒရီကို တစ်ဆင့် သတင်းဌာနတွေ သိခဲ့ရတာဖြစ်ပြီး အားလုံးအံ့အားသင့်ခဲ့ကြရပါတယ်။

ဒန်နီယယ်ဂျိမ်းစ် ။        ။ မန်ယူအသင်းကနေ ပေါင်သန်း(၂၀)နဲ့ခေါ်ယူဖို့သဘောတူညီမှု ရရှိထားတဲ့ ဆွမ်ဆီးကွင်းလယ်လူ ဂျိမ်းစ် ဟာ သဘောတူညီမှုရရှိအပြီး နောက်တစ်နေ့မှာပဲ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့လို့ စာချုပ် ချုပ်ဆိုမယ့်နေ့ရက်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ဂျိမ်းစ်ရဲ့အသက် (၆၀)အရွယ် ဖခင်ဟာ ရုတ်တရက် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေနဲ့ ဂျိမ်းစ်ကိုယ်တိုင် အချိန်ယူချင်တာကြောင့် စာချုပ်မှာလက်မှတ်ထိုးဖို့ရက်ကို ရွှေ့ဆိုင်းလိုက်တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

AFP

လီဝန်ဒေါစကီး ။          ။ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး က မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဆာနေးကို ဒီအပြောင်းအရွှေ့မှာ ခေါ်ယူပေးဖို့ ဘိုင်ယန်မြူးနစ်ရဲ့တာဝန်ရှိသူတွေကို တိုက်တွန်းလိုက်ပါတယ်။ လီဝန်ဒေါစကီးက ဆာနေးဟာ ဘိုင်ယန်အသင်း ချက်ချင်းခေါ်ယူသင့်တဲ့ ကစားသမားဖြစ်ပြီး ဘိုင်ယန်ရဲ့ကစားပုံဟာ သူနဲ့အလိုက်ဖက်ဆုံးပဲလို့ မှတ်ချက်ပေးသွားခဲ့တာပါ။

READ
၃၁-၁-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက လက်ရှိအချိန်မှာ ကစားသမားအပြောင်းအရွှေ့သတင်းတွေကို နားမထောင်နိုင်သေးပဲ ယူရိုပါလိဂ်ဗိုလ်လုပွဲအတွက်သာ အာရုံစိုက်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဆာရီက ဟီဂူအင်၊ ဟာဇက်တို့နဲ့ ပတ်သက်ပြီးထွက်ပေါ်နေတဲ့သတင်းတွေအတွက် ဘယ်လို မှတ်ချက်မှ မပေးနိုင်သေးကြောင်း ပြောဆိုလိုက်ပြီး ကစားသမားတွေရဲ့ဆန္ဒကသာ အရေးပါမှာဖြစ်တယ်လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားသွားခဲ့ပါတယ်။

AP

ရှာကွီရီ ။         ။ လီဗာပူးလ်အသင်းကွင်းလယ်ကစားသမား ရှာကွီရီ က  ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၂)ရာသီဆက် ရောက်ရှိလာနိုင်ခြင်းဟာ အသင်းသားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ညီညွတ်မှုကြောင့်သာ ဖြစ်ကြောင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။ ယာဂန်ကလော့ ရဲ့ အသင်းဟာ လက်ရှိ မှာတော့ စပိန် နိုင်ငံ မာဘယ်လာ မှာ ၆ ရက်ကြာ စခန်းသွင်း လေ့ကျင့်ကာ လာမည့် ဇွန်လ ၁ ရက်နေ့ တော့တင်ဟမ် နဲ့ ကစား ရမယ့် ချန်ပီယံလိဂ် ဖိုင်နယ် အတွက် ပြင်ဆင် နေပါတယ်။ ရှာကွီရီ က မာဘယ်လာ camp ဟာ လီဗာပူး အသင်းသားတွေရဲ့ စည်းလုံးမှုကို ပိုမို တိုးပွား စေနိုင်မယ်လို့ ယုံကြည် နေပါတယ်။

READ
မော်ရင်ဟိုမန်ယူသို့ပြောင်းရွှေ့ ခြင်းက မှန်ကန်တဲ့လုပ်ရပ်ဟုCarlo Cudiciniပြောကြား
AFP

မန်ယူ ။          ။ မန်ယူအသင်းဟာ ကွင်းလယ်လူ ဟာရဲရားရဲ့နေရာကို ရာကီတစ်နဲ့အစားထိုးဖို့အတွက် ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်နေပြီလို့ Marca သတင်းစာက ဖော်ပြပါတယ်။ အသက် (၃၁)နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် မန်ယူအသင်းရဲ့ ပေါင်သန်း(၃၀)ကျော်နဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပြီး ဘာစီလိုနာဖက်ကတော့ စဉ်းစားနေဆဲဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

Linn

Source : Marca , AS , Mirror

SHARE