၂၄-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ရာမို့စ် ။ ။ ရီးယဲလ်အသင်းရဲ့နောက်ခံကစားသမား ရာမို့စ်ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အပြီး တားမြစ်ဆေးစစ်ဆေးမှုမှာ ဆေးကျခဲ့ပါတယ်။ ဒီ အဖြစ်အပျက်ကို ရီးယဲလ်အသင်းရဲ့ အရေးကြီးစာရွက်စာတမ်းတွေ ပေါက်ကြားခဲ့ခြင်းကနေတစ်ဆင့် သိရှိခဲ့ရတာဖြစ်ပြီး ရာမို့စ်ဟာ အဲဒီပွဲအပြီးမှာ သူ့ရဲ့ဆီးနမူနာကို တားမြစ်ဆေးစစ်ဆေးသူတွေဆီ ပေးခဲ့ရပြီးနောက် အဲဒီဆီးထဲမှာ တားမြစ်ဆေးနဲ့ ပတ်သက်တဲ့ ဒြပ်တွေတွေ့ရှိခဲ့ရတာပါ။ ဒါပေမယ့်လည်း UEFA ရဲ့တာဝန်ရှိသူတွေက ဒီရှာဖွေတွေ့ရှိမှုကို ချက်ချင်းပဲ ပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြပြီး ရာမို့စ်နဲ့ ပတ်သက်လို့ နှုတ်ဆိတ်နေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လက်ရှိအချိန်မှာတော့ အရေးကြီးစာရွက်စာတမ်းတွေပေါက်ကြားမှုကတစ်ဆင့် ဒီဖြစ်ရပ်ကပြန်လည်အသက်ဝင်လာခဲ့ပြီး စုံစမ်းမှုတွေ ပြန်လည်ပြုလုပ်သွားဖို့ရှိနေတာပါ။ ရီးယဲလ်အသင်းကတော့ ဒီဖြစ်ရပ်ဟာ အသင်းဆရာဝန်ရဲ့ မှားယွင်းမှုသာဖြစ်ပြီး ရာမို့စ်အနေနဲ့ တားမြစ်ဆေးသုံးစွဲတာမျိုးမရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

မန်ဒီ ။  ။ မန်စီးတီးအသင်းရဲ့ နောက်ခံကစားသမား မန်ဒီ ဟာ သူ့ရဲ့ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက် (၃)လလောက် အနားယူရမှာဖြစ်ပါတယ်။ ဘာစီလိုနာမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ခွဲစိတ်မှု သွားရောက်ပြုလုပ်ခဲ့တဲ့ မန်ဒီဟာ ဘယ်ဖက်ဒူးမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်မှုခံယူဖို့ ဆုံးဖြတ်ခဲ့တာပါ။ မန်ဒီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း ညာဖက်ဒူးမှာ ဒဏ်ရာရရှိခဲ့ဖူးပြီး အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ရပါသေးတယ်။

READ
အာဆင်နယ်ကိုပြောင်းချင်နေတဲ့ လိုင်ယွန်တိုက်စစ်မှုးLacazette
(AP Photo/Rui Vieira, FILE)

မော်ရင်ဟို ။     ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုက ဘယ်လ်ဂျီယံနဲ့ အိုက်စလန်အသင်းတို့ရဲ့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တာဟာ အသင်းတိုက်စစ်မှူးလူကာကူအတွက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုက လူကာကူရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့ ဒဏ်ရာအခြေအနေကို သိရှိချင်တာကြောင့် ဘယ်လ်ဂျီယံပွဲကို သွားရောက်ကြည့်ရှုခဲ့တာလို့ ထုတ်ဖော်ပြောဆိုလိုက်တာပါ။ မော်ရင်ဟိုက အသင်းအတွက် (၁၀)ပွဲဆက် ဂိုးပေါက်ပျောက်ထားတဲ့ ကစားသမားရဲ့အခြေအနေအပေါ် စိတ်ပူနေခဲ့ပြီး ဒီနေ့ညမှာ ကစားမယ့် ပဲလေ့စ်နဲ့ပွဲစဉ်အတွက် အသုံးပြုသွားဖို့ရှိနေတယ်လို့ အရိပ်အမြွက်ပြောဆိုထားခဲ့ပါတယ်။

Twitter

PSG ။  ။ PSG အသင်းရဲ့ အဓိက တိုက်စစ်အတွဲဖြစ်တဲ့ နေမာနဲ့ ဘက်ပီ တို့ဟာ ဒဏ်ရာကြောင့် အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိသေးသလို ဒီတစ်ပတ်ကစားမယ့် လိဂ်ပွဲစဉ်ကို လွဲချော်သွားမှာဖြစ်တယ်လို့ နည်းပြ တူချယ်က အသိပေးလိုက်ပါတယ်။ ဒီနေ့ညမှာ ကစားရမယ့် တူးလော့စ်အသင်းနဲ့ပွဲစဉ်ကို နှစ်ယောက်စလုံး လွဲချော်မှာဖြစ်ပေမယ့် လီဗာပူးလ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပြန်လည်ပါဝင်လာနိုင်ဖို့ ရှိနေတာပါ။ PSG ဟာ လက်ရှိမှာ လီဂူး(၁)ရဲ့အမှတ်ပေးဇယားကို (၁၃)မှတ်အထိ ဖြတ်ပြီး ဦးဆောင်နေတာကြောင့် ပြိုင်ဖက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်စရာမရှိတဲ့အနေအထားပါ၊ ဒါပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ နိုင်ပွဲတွေရဖို့လိုနေပြီး လီဗာပူးလ်နဲ့ကစားရမယ့်ပွဲစဉ်က သူတို့အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်လာခဲ့ပါတယ်။

TheSun

ဆာရီ ။ ။ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီက ကွင်းလယ်လူ ကန်တီ ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့ပြီးတဲ့နောက် အသင်းရဲ့ အဓိက ကွင်းလယ်လူ ဟာဇက်ကိုလည်း စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေမိကြောင်း ၀န်ခံလိုက်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးကနေ ထွက်ခွာဖို့ သတင်းတွေထွက်နေခဲ့တဲ့ ဟာဇက်ကို စာချုပ်သက်တမ်းတိုးမြင့်ဖို့က ခက်ခဲတဲ့အနေအထားတစ်ရပ်မှာရှိနေတာပါ။ ဆာရီကတော့ ဟာဇက်နဲ့ ပတ်သက်ပြီး စာချုပ်သစ်ဆွေးနွေးမှုဟာ အလားအလာကောင်းတွေရရှိလာဖွယ်ရှိနေတယ်လို့ စပါးနဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

READ
၂၀၁၇ ဘောလုံးလောကို အမှတ်တရရှိစေမယ့် အကောင်းဆုံးအခိုက်အတန့်များ

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက အသင်းအနေနဲ့ ရာသီကုန်ဆုံးချိန်မှာ အဆင့်(၄) အတွင်း ၀င်ဖို့ဆိုရင် လက်ရှိခြေစွမ်းထက် ပိုမိုတိုးတက်လာဖို့ လိုအပ်တယ်လို့ အသင်းသားတွေနဲ့ တာဝန်ရှိသူတွေကို သတိပေးလိုက်ပါတယ်။ အမ်မရီက အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းဟာ ဒီ့ထက်ပိုပြီး ကောင်းမွန်လာဖို့ မျှော်လင့်တယ်လို့ ပြောဆိုလိုက်သလို အဓိက ပြိုင်ဖက်အသင်းတွေနဲ့ ယှဉ်လိုက်ရင် အာဆင်နယ်ရဲ့ခံစစ်ပိုင်းက အားနည်းချက်တစ်ခု ဖြစ်နေတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာမှာ ရပ်တည်နေပြီး မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးနဲ့ စပါး တို့က သူတို့ရဲ့အထက်မှာ ရှိနေကြပါတယ်။

Linn

Source : Dailymail , Goal , TheSun

SHARE