၂၄-၃-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ကီယန် ။         ။ အီတလီအသင်းက ဖင်လန်အသင်းကို (၂-၀)နဲ့ အနိုင်ရခဲ့တဲ့ ယူရို(၂၀၂၀) ခြေစစ်ပွဲစဉ်မှာ အီတလီအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ ကီယန် က အသင်းသမိုင်းတစ်လျှောက် ဒုတိယမြောက်အသက်အငယ်ဆုံးဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ ပွဲချိန် (၇၄)မိနစ်မှာ အသင်းအတွက် ဒုတိယမြောက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် အသက်(၁၉)နှစ်နဲ့ (၂၃)ရက်သာရှိသေးတဲ့ ကီယန်ဟာ ပြီးခဲ့တဲ့နှစ်ပေါင်း (၆၀)အတွင်း အီတလီအသင်းရဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်ခဲ့တာပါ။ အသင်းရဲ့ သမိုင်းနဲ့ ပြောမယ်ဆိုရင်တော့ သမိုင်းတစ်လျှောက် ဒုတိယမြောက်အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်ခဲ့ပြီး သူ့ရဲ့ရှေ့မှာ ဘရူနိုနီကိုးလ် က အသက်(၁၈)နှစ် (၂၅၃)ရက်နဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူစံချိန်ကို ရရှိထားခဲ့ပါတယ်။

မိုရာတာ ။        ။ စပိန်လက်ရွေးစင်အသင်းနည်းပြ အင်းနရစ် က မနေ့ညက ကစားခဲ့တဲ့ စပိန်နဲ့နော်ဝေ တို့ပွဲစဉ်မှာ ဂိုးပေါက်လွဲချော်မှု အကြိမ်ကြိမ်ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး မိုရာတာ ကို အပြစ်တင်ဖို့မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ စပိန်က နော်ဝေကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မိုရာတာ ဟာ အပိုင်အခွင့်အရေး (၆)ကြိမ်အထိ ရရှိခဲ့ပြီး တစ်ကြိမ်မှာ အဆုံးသတ်နိုင်ခြင်းမရှိခဲ့တာပါ။ အင်းနရစ်က မိုရာတာဟာ ချယ်လ်ဆီးမှာ ကစားစဉ်တုန်းကထက် ပိုပြီး ပုံစံကောင်းပြနိုင်တာ မြင်တွေ့နေရကြောင်းနဲ့ သူ့ရဲ့လွဲချော်မှုတွေကို အပြစ်တင်ဖို့မရှိကြောင်း ပြောဆိုလိုက်ပါတယ်။

AFP

ဟာဇက် ။        ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဟာဇက် ဟာ ရီးယဲလ်ကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ Marca သတင်းစာက ဖော်ပြပါတယ်။ အသက် (၂၈)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒီရာသီ ကုန်ဆုံးချိန်မှာမှ အသင်းကနေ ထွက်ခွာဖို့ရှိနေပြီး ပရိသတ်တွေရဲ့အမုန်းကို ရှောင်ရှားနိုင်ဖို့ အပြောင်းအရွှေ့ကို အလောတကြီးမလုပ်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ ချယ်လ်ဆီးအသင်းဟာ အပြောင်းအရွှေ့ပိတ်ပင်ခံထားရတဲ့ အနေအထားမှာ ဟာဇက်ကို ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေပေမယ့်လည်း ကစားသမားကိုယ်တိုင်က အသင်းပြောင်းဖို့ ဆန္ဒပြင်းထန်နေခဲ့တာကြောင့် လက်လွှတ်ရတော့မယ့်အခြေအနေ ဖြစ်ခဲ့တယ်လို့ Marca က ဖော်ပြပါတယ်။

READ
ရော်နယ်ဒိုရဲ့ အခင်ဆုံးသူငယ်ချင်းမော်ရိုကို ကစ်ဘောက်ဆာသမားဘာဒ်ဟာရီ ထောင်ကျ
TheSun

မော်ရင်ဟို ။     ။ မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟို က လာမယ့်နွေရာသီကာလမှာ သူ့အနေနဲ့ နည်းပြလောကထဲ ပြန်လည်ဝင်ရောက်ဖို့ ဆန္ဒရှိနေပြီး သူတစ်ခါမှ မကိုင်တွယ်ဖူးတဲ့ လိဂ်တစ်ခုမှာ သွားရောက်နည်းပြဖို့ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မော်ရင်ဟိုရဲ့ ဒီ မှတ်ချက်စကားကြောင့် PSG အသင်းရဲ့နည်းပြ ဖြစ်လာမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာခဲ့ပြီး PSG အသင်းပိုင်ရှင်နဲ့ မော်ရင်ဟိုတို့ရဲ့ တွေ့ဆုံခဲ့မှုကို မီဒီယာတွေက ပြန်လည်ဖောက်သည်ချခဲ့ကြပါတယ်။ မော်ရင်ဟို ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ရီးယဲလ်အသင်းနည်းပြအဖြစ် ခန့်အပ်ခံရမလို ဖြစ်ခဲ့သေးပြီး ဇီဒန်းကို မကျော်နိုင်ခဲ့တာကြောင့်သာ အဲဒီရာထူးနဲ့ လွဲချော်ခဲ့ရတာပါ။

TheSun

ဘက်ပီ ၊ ဂရစ်ဇ်မန်း ။    ။ (၂၀၁၈)ခုနှစ်ရဲ့ ၀င်ငွေအကောင်းဆုံး ပြင်သစ်အားကစားသမား စာရင်းမှာ PSG တိုက်စစ်မှူး ဘက်ပီနဲ့ အက်သလက်တိုက်စစ်မှူး ဂရစ်ဇ်မန်း တို့ ဦးဆောင်ခဲ့ကြပါတယ်။ ဘက်ပီ ဟာ (၂၀၁၈)ခုနှစ်အတွင်းမှာ ၀င်ငွေအဖြစ် ယူရို (၂၄.၇)သန်း ရရှိခဲ့ပြီး ပြင်သစ်အားကစားလောကရဲ့ ၀င်ငွေအများဆုံးစာရင်းမှာ ပါဝင်ခဲ့တာပါ။ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကတော့ (၂၀၁၈)ခုနှစ်အတွင်း ၀င်ငွေ ယူရို (၃၃)သန်း ရှိခဲ့ပြီး လက်ရှိပြင်သစ်အားကစားလောကရဲ့ ၀င်ငွေအများဆုံး ကစားသမားအဖြစ် ဦးဆောင်သွားနိုင်ခဲ့ပါတယ်။

READ
တစ်ဖက်အသင်းတိုက်စစ်မှူးခြေထဲကဘောလုံးကို ကိုယ်တိုင်ဝင်ဖျက်တဲ့နည်းပြ
SkySports

တီတေး ။        ။ ဘရာဇီးအသင်းနည်းပြ တီတေး က ပနားမားနဲ့ပွဲစဉ်မှာ သရေကျခဲ့တာဟာ လူငယ်ကစားသမားတွေကို အများကြီးနေရာပေးခဲ့တာကြောင့်ဖြစ်ကြောင်း ပြောဆိုလိုက်ပြီး ဒါဟာ ဖြစ်ရိုးဖြစ်စဉ် အခြေအနေပဲလို့ ဆိုလိုက်ပါတယ်။ (၁-၁)ရလဒ်နဲ့ သရေကျခဲ့တဲ့ အဲဒီပွဲစဉ်မှာ လူငယ်ကစားသမားလေး ပါကီတာ က ဘရာဇီးရဲ့ကျောနံပတ် (၁၀)ကို ၀တ်ဆင်ခဲ့ပြီး ပွဲချိန် (၃၂)မိနစ်မှာ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မာချာဒိုက ပနားမားအသင်းအတွက် ပြန်လည်ချေပသွားခဲ့လို့ ဘရာဇီးအသင်း ပွဲအပြီးမှာ တစ်ဂိုးစီသရေကျခဲ့ရတာပါ။ နည်းပြတီတေးဟာ အသင်းရဲ့ခံစစ်ပိုင်းမှာ အီဒါမီလီတို၊ တဲလက်စ် စတဲ့ လူငယ်ကစားသမားတွေကို အသုံးပြုခဲ့သလို တိုက်စစ်မှာ ပါကီတာ ၊ ရစ်ချာလီဆန် စတဲ့ကစားသမားတွေကို အသုံးပြုသွားခဲ့ပါတယ်။

Linn

Source : TheSun , Dailymail , Mirror

 

SHARE