(၂၄-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Alvaro Barrientos)

ဘာစီလိုနာ – ဘာစီလိုနာအသင်းဟာ မက်ဆီကို ချန်ပီယံလိဂ်အတွက် အနားပေးထားပေမယ့်လည်း ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အလာဗက်စ်နဲ့ ပွဲစဉ်ကို အနိုင်ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ အလီနာနဲ့ ဆွာရက်ဇ်တို့က ပွဲချိန် (၅၄)(၆၀)မိနစ်တွေမှာ ဘာကာအတွက် ဂိုးတွေ သွင်းယူခဲ့ကြပါတယ်။ ဆွာရက်ဇ်ကတော့ ပင်နယ်တီကနေ ကန်သွင်းယူခဲ့တာပါ။

ပိုချက်တီနို – စပါးအသင်းနည်းပြ ပိုချက်တီနိုဟာ ၎င်းတို့ရဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင်ကို မန်ယူနဲ့ ထိပ်သီးအသင်းကြီးတွေက ကမ်းလှမ်းနေကြသော်လည်း၊ အဲရစ်ဆင်အနေဖြင့် စပါးနဲ့ ရေရှည်လက်တွဲမယ့် စာချုပ်မျိုး ထပ်မံချုပ်ဆိုလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

(AP Photo/Frank Augstein)

စပါး VS ဘရိုက်တန် – စပါးအသင်းဟာ ယမန်နေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ အမှတ်ပြည့် ရယူနိုင်ခဲ့ပြီး၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မျှော်လင့်ချက်တွေ ပိုမိုခိုင်မာလာခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီပွဲမှာ အဲရစ်ဆင်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ စပါးတို့ အခွင့်ကောင်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆိုးလ်ရှား – မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မန်စီးတီးနဲ့ကစားရမယ့် မန်ချက်စတာဒါဘီဟာ၊ မန်ယူအတွက် အလွန်အရေးပါတဲ့ သိက္ခာပိုင်းဆိုင်ရာ ပွဲစဉ်တစ်ခုဖြစ်တာကြောင့်၊ မန်ယူတို့ လိုအပ်တဲ့ အနိုင်ကို ရှာဖွေဖို့လိုကြောင်း၊ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေမယ့်ပွဲမို့လို့ အထူးသတိထားကစားမှာဖြစ်ကြောင်း ဆိုပါတယ်။

(AP Photo/Rui Vieira)

ဒီဘရိုင်း – မန်ယူအသင်းနဲ့ကစားရမယ့် မန်ချက်စတာဒါဘီမှာ မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ ဒဏ်ရာကြောင့် လွဲချော်မှာဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ဒီဘရိုင်းမပါလာပေမယ့် မန်ယူကို ကောင်းကောင်း ဒုက္ခပေးနိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

FA – အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ချယ်လ်ဆီးအသင်းနဲ့ ဘန်လေအသင်းပွဲစဉ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး၊ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်ဖို့ သုံးသပ်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

(AP Photo/Joan Monfort)

ဆိုးလ်ရှား – လက်တလောမှာ ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ မန်ယူနည်းပြ ဆိုးလ်ရှားက သူဟာ မန်ယူအသင်းအတွက် အလွန်သင့်တော်တဲ့ နည်းပြတစ်ဦးဖြစ်ကြောင်း၊ လက်တလောရရှိနေတဲ့ ဖိအားတွေကို ဖိအားတွေလို့ မယူဆကြောင်း၊ သူ့အတွက် သင်ခန်းစာများပင် ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

Billy McNeill – ဆဲလ်တစ်အသင်းရဲ့ ဂန္ထဝင်ကပ္ပတိန်ကြီး Billy McNeill ဟာ အသက်(၇၉)နှစ်အရွယ်မှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရပါတယ်။ McNeill ဟာ ဆဲလ်တစ်အသင်းတစ်ခုတည်းအတွက်သာ ကစားခဲ့သူဖြစ်ပြီး ပွဲပေါင်း (၄၈၆)ပွဲကစားကာ (၂၂)ဂိုး သွင်းယူခဲ့ပါတယ်။ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ အသင်းတွေထဲမှာ ဆဲလ်တစ်၊ မန်စီးတီး၊ အက်စတွန်ဗီလာ အစရှိတဲ့ အသင်းတွေ ပါဝင်ခဲ့ပါတယ်။

 

READ
(၁၂-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လင်းဇော်ကို (SportAhtar)

Source : skysports.com/ goal.com/ marca.com/ thesun.co.uk/ mirror.co.uk

SHARE