၂၄-၈-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဇီဒန်း ။ ။ ရီးယဲလ်အသင်းရဲ့ နည်းပြဟောင်း ဇီဒန်းဟာ မန်ယူအသင်းရဲ့နည်းပြရာထူးအပေါ် စိတ်ဝင်စားနေကြောင်း သူ့ရဲ့ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ကိုပြောပြခဲ့ပါတယ်။ ဇီဒန်းအနေနဲ့ မော်ရင်ဟိုသာ မန်ယူအသင်းကနေ ထုတ်ပယ်ခံရရင် မန်ယူနည်းပြရာထူးကို ရယူချင်နေတယ်လို့ သူ့ရဲ့မိတ်ဆွေဖြစ်သူကိုပြောပြခဲ့တာပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အသင်းရဲ့ဘုတ်အဖွဲ့က မော်ရင်ဟိုကို အပြည့်အ၀ထောက်ခံနေတယ်ဆိုတဲ့သတင်းတွေကြောင့် ဇီဒန်းတစ်ယောက် မန်ယူနည်းပြဖြစ်လာဖို့ မလွယ်သေးပါဘူး။

မန်ယူ ။          ။ မန်ယူအသင်းရဲ့ ဘုတ်အဖွဲ့က လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ မော်ရင်ဟို လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပေးမယ်လို့ ကတိပြုလိုက်ပါတယ်။ လက်စတာရဲ့ မက်ဂွိုင်းယားနဲ့ စပါးရဲ့ အယ်ဒါဝီး တို့ဟာ မော်ရင်ဟို လိုချင်တဲ့နောက်ခံကစားသမားတွေအဖြစ် ရှိနေဆဲဖြစ်ပြီး လာမယ့် ဇန်န၀ါရီအပြောင်းအရွှေ့မှာ မော်ရင်ဟိုလိုချင်တဲ့ ငွေကြေးပမာဏကို ထောက်ပံ့ပေးသွားမယ်လို့ ဘုတ်အဖွဲ့က ကတိပြုလိုက်တာပါ။

READ
၁၂-၁၁-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
PA

ဘလက်ဘန်း ။  ။ ဘလက်ဘန်းအသင်းဟာ အင်္ဂလန်ကွင်းလယ်ကစားသမား ဂျက်ရော့ဒ်ဝဲလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူလိုက်ပါတယ်။ အသက် (၂၇)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဲဗာတန်နဲ့ မန်စီးတီး ကွင်းလယ်လူဟောင်းဟာ ဆန်းဒါးလန်းအသင်းမှာ နောက်ဆုံးကစားခဲ့တာဖြစ်ပြီး ဒီအပြောင်းအရွှေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့တာကြောင့် အသင်းကနေ ထွက်ခွာခဲ့တာပါ။

Twitter

ရာမို့စ် ။ ။ ရီးယဲလ်အသင်းရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ သူ့ရဲ့တွစ်တာအကောင့်မှာ စီးရီးအေကလပ် ဆမ်ဒိုးရီးယားအသင်းရဲ့လိုဂိုအရောင်နဲ့ ဆင်တူနေတဲ့ အင်္ကျီကိုဝတ်ဆင်ပြီး ဓာတ်ပုံရိုက်ခဲ့တာကြောင့် ဆမ်ဒိုးရီးယားပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရပါတယ်။ ဆမ်ဒိုးရီးယားအသင်းရဲ့ တရားဝင် တွစ်တာအကောင့်က ရာမို့်စ်ဟာ သူတို့အသင်းကို ပြောင်းလာချင်တာကြောင့် ဒီလို အင်္ကျီအရောင်ကိုဝတ်ပြီး အချက်ပြတာဖြစ်မယ်လို့ ဟာသလုပ် ရေးသားသွားခဲ့ပါတယ်။

ပယ်လီဂရီနီ ။    ။ ၀က်စ်ဟမ်းအသင်းရဲ့နည်းပြ ပယ်လီဂရီနီကတော့ သူ့အသင်းရဲ့ ကွင်းလယ်ကစားသမား ၀ီလ်ရှိုင်းယားကို အီတလီရဲ့နာမည်ကျော်ကွင်းလယ်လူ ပီယာလိုနဲ့ နှိုင်းယှဉ်မိလို့ အလှောင်ပြောင်ခံနေရပါတယ်။ ပယ်လီဂရီနီဟာ အင်တာဗျူးတစ်ခုမှာ ၀ီလ်ရှိုင်းယားရဲ့ ကစားပုံဟာ အီတလီကွင်းလယ်လူ ပီယာလိုနဲ့တူကြောင်းနဲ့ ခံစစ်ကစားသမားတွေရဲ့အရှေ့မှာ ဖျက်ထုတ်ကစားနိုင်သူဖြစ်ကြောင်း ချီးကျူးလိုက်တာပါ။

READ
၁၃-၁၀-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Arsenal FC

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းရဲ့ ကွင်းတွင်းမှတ်တမ်းတွေအရ အသင်းရဲ့အမြန်ဆုံး ကစားသမားဟာ တိုက်စစ်မှူး အူဘာမီယန် ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ အသင်းရဲ့အမြန်ဆုံး ကစားသမားဟာ နောက်ခံလူ ဘယ်လာရင်ဖြစ်ပြီး ဒီနှစ်မှာတော့ ဘယ်လာရင်ဟာ အူဘာမီယန်ရဲ့အနောက်မှာ အသင်းရဲ့  ဒုတိယအမြန်ဆုံးကစားသမားအဖြစ် ရပ်တည်နေရပါတယ်။

Linn

Source : TheSun , Dailymail , Mirror

 

SHARE