၂၅-၁၀-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီ က မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းအတွက် Free Kick ကနေ သွင်းဂိုး(၂)ဂိုးသွင်းယူပေးခဲ့တဲ့ ပီပီ ဟာ သူ့ရဲ့တန်ကြေးကို သက်သေပြလိုက်တာပဲဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဂွီမာရေးစ်အသင်းကို (၃-၂)နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်မှာ ဂွီမာရေးစ်အသင်းက အာဆင်နယ်ကို ဦးဆောင်ဂိုးတွေအကြိမ်ကြိမ်သွင်းပြီး ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် မိနစ်(၈၀)နဲ့ (၉၂)မိနစ်တွေမှာ ပီပီက ပြစ်ဒဏ်ဘောတွေကနေ အာဆင်နယ်အတွက် သွင်းဂိုး(၂)ဂိုးသွင်းပြီး အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဝီလီယံ ။         ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက မနေ့ညက ပွဲစဉ်မှာ ပွဲထွက်ခွင့်ရခဲ့ပြီး အသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ လူငယ်နောက်ခံလူ ၀ီလီယံကို ပြိုင်ပွဲရဲ့အကောင်းဆုံး ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။ အသက် (၁၉)နှစ်အရွယ် နောက်ခံကစားသမားလေးဟာ မန်ုယူအသင်းရရှိခဲ့တဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးကိုဖြစ်ပေါ်စေခဲ့သူဖြစ်ပြီး အသင်းရဲ့ခံစစ်မှာလည်း အကောင်းဆုံး ခြေစွမ်းပြသွားခဲ့သူဖြစ်ပါတယ်။

 

နာပိုလီ ။         ။ နာပိုလီအသင်းခေါင်းဆောင် အင်ဆစ်ဂ်နီ က အရန်ခုံမှာထိုင်နေရတဲ့ အခြေအနေကို အဖြေရှာဖို့အတွက် နည်းပြ အန်ဆယ်လော့တီနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ အင်ဆစ်ဂ်နီဟာ စက်တင်ဘာလအစောပိုင်းကစပြီး နာပိုလီအသင်းရဲ့ ပွဲစဉ်တွေမှာ အရန်အဖြစ်သာ ပါဝင်ခွင့်ရတော့သလို သူနဲ့ နည်းပြ အန်ဆယ်လော့တီရဲ့ကြားမှာလည်း တင်းမာမှုတွေ ဖြစ်နေခဲ့တာပါ။

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ ကစားသမားခေါ်ယူမှုတွေမှာ ပိုပြီးမှန်ကန်စေဖို့နဲ့ အဆင်ပြေစေဖို့အတွက် ဗလင်စီယာအသင်းရဲ့ GM ဖြစ်သူ အလီမာနီ ကိုခေါ်ဖို့ ပြင်ဆင်နေတယ်လို့ RAC1 က ဖော်ပြပါတယ်။ အလီမာနီဟာ လက်ရှိမှာ ဗလင်စီယာအသင်းပိုင်ရှင်နဲ့ အဆင်မပြေဖြစ်နေပြီး အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်နေခဲ့သူပါ။

READ
မော်ရင်ဟိုလက်အောက်မှာ ပိုကောင်းတဲ့ကစားသမားဖြစ်လာဖို့ကြိုးစားမယ့်ပေါ့ဘာ

ဝဲလ်ဘတ် ။      ။ ၀က်ဖို့ဒ်အသင်းတိုက်စစ်မှူး ဒန်နီဝဲလ်ဘတ် ကတော့ ဒဏ်ရာကြောင့် တစ်လကျော်လောက် အနားယူရဖို့ရှိနေတယ်လို့ နည်းပြ ဖလော်ရက်စ်က အတည်ပြုလိုက်ပါတယ်။ စပါးအသင်းနဲ့ ၀က်ဖို့ဒ်အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ၀ဲလ်ဘတ်တစ်ယောက် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ထင်ထားတာထက် ပိုဆိုးတဲ့ ဒဏ်ရာမျိုးဖြစ်တယ်လို့ နည်းပြ ဖလော်ရက်စ ပြောဆိုသွားခဲ့တာပါ။

ရော့ဒ်ဝဲလ် ။     ။ မန်စီးတီးအသင်းကွင်းလယ်ကစားသမားဟောင်း ဂျက်ရော့ဒ်ဝဲလ်ကတော့ ရိုးမားအသင်းနဲ့ စာချုပ် ချုပ်ဖို့ အနီးစပ်ဆုံးအခြေအနေဖြစ်နေပါပြီ။ ရော့ဒ်ဝဲလ်ဟာ လက်ရှိမှာ အလွတ်ခေါ်ယူလို့ရတဲ့ ကစားသမားအဖြစ်ဈေးကွက်ထဲမှာရှိနေပြီး ဒီနေ့ညနေ မတိုင်မီ ခေါ်ယူနိုင်လိမ့်မယ်လို့ အီတလီသတင်းစာတွေက ဖော်ပြနေကြပါတယ်။

READ
ဒိုလေးကို မာနာဒိုနာ၊ ပီလီတို့နဲ့ နှိုင်းယှဉ်ချီးကျူးခဲ့သည့် ဝါရင့်ဂိုးသမားကြီး ဘူဖွန်

Linn

Source : TheSun , Goal , Mirror

SHARE