၂၅-၁၁-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter / Mirror

အာဆင်နယ် ။   ။ အာဆင်နယ်အသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ (၂)ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်ပရိသတ်တွေက နည်းပြ အမ်မရီ ကို ရာထူးကနေ ထွက်သွားဖို့ တောင်းဆိုနေခဲ့ကြပါတယ်။ အာဆင်နယ်အသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိထားတယ်ဆိုတဲ့ အမ်မရီ ဟာ အာဆင်နယ်အသင်းကို နိုင်ပွဲတွေကနေ ဝေးကွာနေစေခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေပြီး ပရိသတ်ပေါင်း (၁၀၀၀၀၀) က အမ်မရီ ကို ထုတ်ပေးဖို့ တိုက်တွန်းတဲ့စာကို လက်မှတ်ရေးထိုးသွားဖို့ ပြင်ဆင်နေကြပါတယ်။

ပိုချက်တီနို ။     ။ စပါးအသင်းနည်းပြ ပိုချက်တီနို တစ်ယောက် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီးတဲ့နောက်မှာ စပါးကစားသမားတွေဟာပိုချက်တီနိုရဲ့ အိမ်အထိ သွားရောက်ပြီး နှစ်သိမ့်ပေးခဲ့ကြတယ်လို့ Mirror က ဖော်ပြပါတယ်။ အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဦးဆောင်တဲ့ ကစားသမားတွေဟာ ပိုချက်တီနိုရဲ့ အိမ်ကို သွားရောက်လည်ပတ်ခဲ့ကြပြီး ထုတ်ပယ်ခံရမှုအပေါ် နှစ်သိမ့်ပေးခဲ့ကြတယ်လို့ သတင်းတွေကဖော်ပြသွားခဲ့ပါတယ်။

 

စပိန် ။  ။ စပိန်အသင်းရဲ့ နည်းပြအဖြစ် အင်းနရစ် ပြန်လည်ရောက်ရှိလာပြီးတဲ့နောက် လက်ထောက်နည်းပြအဖြစ် ဂျီးဆပ် ကာဆက် ကို ခန့်အပ်လိုက်တယ်လို့ Marca က ဖော်ပြပါတယ်။ စပိန်အသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ မိုရီနို ဟာ သူ့ရဲ့ မူလရာထူးဖြစ်တဲ့ လက်ထောက်နည်းပြ အဖြစ် ပြန်လည်လုပ်ကိုင်ဖို့ ငြင်းဆန်ခဲ့တာကြောင်း အင်းနရစ်က လက်ထောက်နည်းပြသစ်တစ်ဦးကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မိုဗစ် ။  ။ အေစီမီလန်အသင်းဟာ ဂလက်ဆီအသင်းကနေ ထွက်ခွာလာမယ့် တိုက်စစ်မှူး မိုဗစ် ကို (၁၈)လ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းလိုက်တယ်လို့ Calciomercato သတင်းစာက ဖော်ပြပါတယ်။ အသက် (၃၈)နှစ်အရွယ် တိုက်စစ်မှူးဟာ အသင်းဟောင်း အေစီမီလန်ဆီကို ပြန်လည်ခြေချမယ့် အရိပ်အယောင်တွေရှိနေပြီး စပါးအသင်းဆီ ရောက်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဝက်စ်ဟမ်း ။     ။ ၀က်စ်ဟမ်းအသင်းဟာ ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြ ပယ်လီဂရီနီ ရဲ့နေရာကို အစားထိုးဖို့အတွက် ရှက်ဖီးယူနိုက်တက်နည်းပြ ခရစ်ဝိုင်းလ်ဒါး ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Mirror က ဖော်ပြပါတယ်။ မန်ယူအသင်းကို (၃)ဂိုးစီ သရေကျအောင် ကစားပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် (၆)ပွဲဆက် ရှုံးပွဲမရှိအောင် ကစားထားနိုင်တဲ့ ၀ိုင်းလ်ဒါး ကို ၀က်စ်ဟမ်းအသင်း ဘုတ်အဖွဲ့က စောင့်ကြည့်နေကြပါပြီ။

READ
ံဘောလုံးလောက၏ အသင်းဖော်အချင်းချင်း အကြမ်းဆုံးရန်ဖြစ်ခဲ့မှုများ

Linn

Source : TheSun , Goal , Mirror

SHARE