၂၅-၅-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

ဒမ္ဘီလီ ။       ။ မန်ယူအသင်းဟာ လိုင်ယွန်အသင်းတိုက်စစ်မှူး ဒမ်ဘီလီအတွက် ကမ်းလှမ်းမှုကို ပေါင်(၃၅)သန်းနဲ့ စတင်ပြုလုပ်လိုက်ပြီပဲ ဖြစ်တယ်လို့ Goal.com ကဖော်ပြပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက လိုင်ယွန်အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး (၂၃)ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူးဟာ ဒီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေပြီး စပါးအသင်းကလည်းခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

လမ်းပတ် ။      ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမားဟောင်း လမ်းပတ်ဟာ ဒါဘီအသင်းကို ကိုင်တွယ်နေရာကနေ ချယ်လ်ဆီးအသင်းဆီရောက်ရှိလာဖို့ အနီးစပ်ဆုံးအနေအထား ဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့လက်ရှိနည်းပြ ဆာရီ ဟာ ရာထူးကနေ ထွက်ခွာသွားဖို့ရှိနေပြီး ချယ်လ်ဆီးအသင်းအနေနဲ့ လမ်းပတ်ကိုဆွေးနွေးမှုတွေတောင် ပြုလုပ်နေပြီလို့ ဗြိတိန်သတင်းစာတွေက ဖော်ပြသွားခဲ့ကြပါတယ်။

GOAL

မန်ယူ ။ ။ မန်ယူအသင်းဟာ နော်ဝစ်ခ်ျအသင်းရဲ့အမှုဆောင်ချုပ် စတူးဝပ်ဝက်ဘာ ကို အသင်းရဲ့အားကစားဒါရိုက်တာရာထူးမှာ ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ ၀က်ဘာဟာ ဟက်ဒါဖီးလ်နဲ့ နော်ဝစ်ခ်ျအသင်းကို ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး မန်ယူအမှုဆောင်ချုပ် ၀ုဒ်ဝါ့ဒ် က ၀က်ဘာဟာ ဆိုးလ်ရှားအတွက် အကူအညီပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေတာပါ။

READ
(၁၄-၃-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
AFP

စပါး ။   ။ စပါးအသင်းဟာ ဘုန်းမောက်အသင်းရဲ့ကွင်းလယ်နဲ့တိုက်စစ်အတွဲဖြစ်တဲ့ တိုက်စစ်မှူး ၀ီလ်ဆင်နဲ့ ကွင်းလယ်လူ ဘရွတ်ခ်တို့ကို ပေါင်သန်း(၈၀)ပေးပြီး ခေါ်ဖို့ပြင်နေပါတယ်။ ပိုချက်တီနိုက ဒီကစားသမား နှစ်ယောက်စလုံးဟာ သူ့ရဲ့အသင်းနဲ့ထိုက်တန်သူတွေဖြစ်တယ်လို့ ယူဆထားခဲ့ပြီး အသင်းဘုတ်အဖွဲ့ကို တင်ပြထားခဲ့တာပါ။ အင်္ဂလန်အသင်းရဲ့ လက်ရွေးစင်တိုက်စစ်မှူး ၀ီလ်ဆင် ဟာ ဟယ်ရီကိန်းရဲ့နေရာကို ယှဉ်ပြိုင်နေသူဖြစ်ပြီး ဝေးလ်အသင်းရဲ့ကွင်းလယ်လူ ဘရွတ်ခ်ဟာလည်း အသက်(၂၁)နှစ်သာ ရှိသေးလို့ အများကြီးတိုးတက်လာဖို့ရှိနေတယ်လို့ ပိုချက်တီနိုက ယူဆထားပါတယ်။

AP

မက်ဆီ ။         ။ ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီက ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်ကို ဂိုးပြတ်အရှုံးပေးခဲ့ရတာဟာတကယ့်ကို နာကျင်စရာပဲဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာဟာ ဒီနေ့ညမှာ ကိုပါဒယ်ရေးဗိုလ်လုပွဲအဖြစ် ဗလင်စီယာအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး မက်ဆီက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်နဲ့အကြောင်းကို ပြန်လည်ပြောပြခဲ့တာပါ။ မက်ဆီက အဲဒီပွဲမှာ ပရိသတ်တွေအပြစ်တင်ရမယ့်သူဟာ နည်းပြဗယ်လ်ဗာဒီမဟုတ်ပဲ ကစားသမားတွေသာ ဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါသေးတယ်။

READ
၂၆-၆-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

မော်ရင်ဟို ။     ။ မန်ယူအသင်းနည်းပြဟောင်း မော်ရင်ဟို က လီဗာပူးလ်အသင်းရဲ့နည်းပြ ကလော့ပ်ဟာ ဒီရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲမှာသာ ထပ်မံရှုံးနိမ့်ခဲ့မယ်ဆိုရင် ဝေဖန်မှုများစွာနဲ့ရင်ဆိုင်ရဖို့ရှိနေတယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ကလော့ပ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း လီဗာပူးလ်ကို ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ပြီး ရီးယဲလ်ကို ရှုံးနိမ့်ခဲ့ရတာပါ။ ဒါ့အပြင် (၂၀၁၃)ခုနှစ်၊ ဒေါ့တ်မွန်အသင်းကို တာဝန်ယူခဲ့စဉ်ကလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုရောက်ခဲ့သေးပြီး ဘိုင်ယန်အသင်းကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ မော်ရင်ဟို က ကလော့ပ်အနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲ(၃)ကြိမ်မှာ တစ်ကြိမ်မှ အနိုင်မရဘူးဆိုရင် ပရိသတ်တွေရဲ့မေးခွန်းထုတ်မှုတွေကို ခံရလိမ့်မယ်လို့ပြောဆိုသွားခဲ့ပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE