၂၅.၆.၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter

ရော်နယ်ဒို ။     ။ ဂရိနိုင်ငံမှာ အပန်းဖြေခရီးထွက်နေတဲ့ ရော်နယ်ဒို ဟာ ခရီးစဉ်အတွင်းမှာ ဂရိဟိုတယ်တစ်ခုက ၀န်ထမ်းတွေကို ပေါင်(၂၀၀၀၀)နီးပါး – မြန်မာငွေ သိန်း(၃၅၀)ကျော်လောက် မုန့်ဖိုးပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ ဂရိနိုင်ငံတွင်းက နာမည်ကြီး အပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ နာဗာရီနို က ၀န်ထမ်း(၁၀)ဦးအတွက် ရော်နယ်ဒိုက ပေါင်(၂၀၀၀၀)လောက် ဆုကြေးပေးခဲ့တာဖြစ်ပြီး သူ့ရဲ့ ရက်ရောမှုကြောင့် ၀န်ထမ်းတွေ ပျော်ရွှင်ခဲ့ကြရတယ်လို့ ဟိုတယ်ရဲ့တာဝန်ရှိသူက ဆိုပါတယ်။

နယူးကာဆယ် ။ ။ နယူးကာဆယ်အသင်းဟာ နည်းပြဘင်နီတက်ဇ်နဲ့ လမ်းခွဲလိုက်ပြီလို့ ကြေညာပြီးတဲ့နောက် နည်းပြသစ်တစ်ဦးကို အမြန်ဆုံးခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ ပရိသတ်တွေဆီ အသိပေးလိုက်ပါတယ်။ ပိုင်ရှင်အပြောင်းအလဲတွေ ဖြစ်လာတော့မယ့် နယူးကာဆယ်အသင်းဆီကို ပထမတန်းစားနည်းပြတစ်ယောက် ရောက်လာလိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပြီး လက်ရှိမှာတော့ မန်ယူနဲ့ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟို ဟာ ဒီရာထူးအတွက် ထိပ်ဆုံးကနေ ရေပန်းစားနေခဲ့ပါတယ်။

 

ဆန်းချက်ဇ် ။    ။ ချီလီကစားသမားဟောင်း ဇာမိုရာနို က တိုက်စစ်မှူးဆန်းချက်ဇ်အနေနဲ့ ပုံမှန်ကစားခွင့်ရဖို့သာ လိုအပ်နေတာဖြစ်ပြီး မန်ယူအသင်းအနေနဲ့ သူ့ကိုအခွင့်အရေးပေးသင့်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ (၂၀၁၈)ဇန်န၀ါရီမှာ အာဆင်နယ်ကနေ မန်ယူကို ပြောင်းရွှေ့လာခဲ့တဲ့ ဆန်းချက်ဇ်ဟာ အိုးထရက်ဖို့ဒ်မြေမှာ ပုံစံကောင်းရဖို့ ရုန်းကန်ခဲ့ရပြီး ပြီးခဲ့တဲ့ရာသီတုန်းက အသင်းနဲ့ (၉)ပွဲသာ ပွဲထွက်ခွင့်ရခဲ့တာပါ။ ဇာမိုရာနို က မန်ယူအသင်းအနေနဲ့ ဆန်းချက်ဇ်ဆီက သွင်းဂိုးတွေကို လိုချင်တယ်ဆိုရင် ပုံမှန်ပွဲထွက်ခွင့်သာ ပေးရမှာဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

READ
ဘာစီလိုနာမှာ အိမ်ရှာနေပြီဆိုတဲ့ ကော်တင်ဟိုကြောင့် စိုးရိမ်မှု မြင့်တက်လာတဲ့လီဗာပူး
(AP Photo/Silvia Izquierdo)

ဟာနန်ဒက်ဇ် ။  ။ ၀က်စ်ဟမ်းအသင်းတိုက်စစ်မှူး ချီချာရီတို ဟာနန်ဒက်ဇ်က သူ့အနေနဲ့ အသင်းပြောင်းဖို့ ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အသက် (၃၁)နှစ်အရွယ် တိုက်စစ်မှူးဟာ (၂၀၁၇)ခုနှစ်ကတည်းက ၀က်စ်ဟမ်းအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး (၃)နှစ်စာချုပ် ချုပ်ဆိုထားခဲ့တာပါ။ ဒါပေမယ့်လည်း အသင်းရဲ့တိုက်စစ်မှာ ပွဲထွက်ဖို့ ရုန်းကန်နေရတဲ့အနေအထားက သူ့အတွက် အသင်းပြောင်းရွှေ့ဖို့ ဆန္ဒဖြစ်လာစေတယ်လို့ ဟာနန်ဒက်ဇ်ကဆိုပါတယ်။

ထရစ်ပီယာ ။    ။ စပါးအသင်းနောက်ခံကစားသမား ထရစ်ပီယာ အတွက် ဂျူဗင်တပ်စ်အသင်းနဲ့ နာပိုလီအသင်းတို့ အပြိုင်ဖြစ်နေကြတယ်လို့ Mirror က ဖော်ပြပါတယ်။ စပါးရဲ့ ညာနောက်ခံကစားသမားကို ပေါင်(၂၅)သန်းနဲ့ ဂျူဗင်တပ်စ်အသင်းက ခေါ်ယူချင်နေတာဖြစ်ပြီး မန်စီးတီးကိုရောက်ရှိတော့မယ့် ကန်ဆယ်လိုရဲ့နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေတာပါ။

(AP Photo/Felipe Dana)

ဂျရတ် ။ ။ ရိန်းဂျားအသင်းနည်းပြ စတီဗင်ဂျရတ် က ဒါဘီအသင်းရဲ့နည်းပြအဖြစ် ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူ့အနေနဲ့ ရိန်းဂျားအသင်းအတွက်သာ အပြည့်အ၀ အာရုံစိုက်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းဟာ သူတို့ရဲ့လက်ရှိနည်းပြ လမ်းပတ် ကို ချယ်လ်ဆီးအသင်းဆီ ပေးလိုက်ရဖွယ်ရှိနေတာကြောင့် ဂျရတ်ကိုနည်းပြအဖြစ် စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့အပေါ် ဂျရတ်က တုန့်ပြန်သွားခဲ့တာဖြစ်ပါတယ်။

READ
ဘောလုံးသမိုင်းမှာလန်းဆုံး ဖရီးကစ်(၁၀)ဂိုး

Linn

Source : TheSun , Mirror , Goal

SHARE