၂၅-၇-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter "Goal"

စပါး ။   ။ စပါးအသင်းဟာ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဒိုင်ဘာလာ ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ Evening Standard သတင်းစာက ဖော်ပြပါတယ်။ ဒီအပြောင်းအရွှေ့မှာ လိုင်ယွန်တောင်ပံကစားသမား အန်ဒွန်ဘီလီ ကို ပေါင်(၆၅)သန်းနဲ့ခေါ်ယူခဲ့ပြီး ကလပ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်စေခဲ့တဲ့ စပါးဟာ အဲဒီထက် မြင့်မားတဲ့ငွေပမာဏကို အသုံးပြုဦးမယ့်ပုံပါ။ ဂျူဗင်တပ်စ်ကတော့ သူတို့ရဲ့ တိုက်စစ်ကစားသမားအတွက် ပေါင်သန်း(၈၀) သတ်မှတ်ထားခဲ့ပြီး ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေပါတယ်။

အဆန်ဆီယို ။   ။ ရီးယဲလ်ကွင်းလယ်ကစားသမား အဆန်ဆီယိုရဲ့ ဒဏ်ရာဟာ (၆)လကနေ (၉)လအထိ အနားယူရမယ့် ဒဏ်ရာမျိုးဖြစ်ပြီး (၂၀၁၉)ခုနှစ်အတွင်းမှာ ရီးယဲလ်ရဲ့ပွဲစဉ်တွေအားလုံးကို လွဲချော်မှာဖြစ်တယ်လို့ နည်းပြ ဇီဒန်းက အတည်ပြုလိုက်ပါတယ်။ အဆန်ဆီယို ဟာ ဒူးအရွတ်စုတ်ပြဲသွားတဲ့ ဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ဇီဒန်းကတော့ အဆန်ဆီယိုတစ်ယောက် အခုလို ဒဏ်ရာရသွားခြင်းဟာ အသင်းအတွက် နစ်နာမှုတစ်ရပ်ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ကော်တင်ဟို ။   ။ လီဗာပူးလ်အသင်းနည်းပြ ဂျာဂန်ကလော့ပ်က ဒီနွေရာသီအပြောင်းအရွှေ့မှာ ကော်တင်ဟို ကို ပြန်လည်ခေါ်ယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ၀န်ခံလိုက်ပါတယ်။ လီဗာပူးလ်ကနေ ဘာစီလိုနာအသင်းဆီကို ပေါင်(၁၄၂)သန်းနဲ့ရောက်ရှိသွားတဲ့ ကစားသမားဟာ အသင်းဟောင်းဆီ ပြန်ရောက်လာလိမ့်မယ်လို့ သတင်းတွေ ထွက်နေခဲ့တဲ့အပေါ် ကလော့ပ်က ဖြေရှင်းသွားခဲ့တာဖြစ်ပြီး ကော်တင်ဟို ကိုခေါ်ယူနိုင်ဖို့ အခွင့်အရေးတွေမရှိသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။

READ
(၁၄-၅-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Shuji Kajiyama)

ဂျော်ဂျင်ဟို ။     ။ ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို က နည်းပြဆာရီလက်ထက်မှာ အခွင့်အရေးတွေပိုရခဲ့တယ်ဆိုတဲ့အပေါ် ငြင်းဆန်သွားခဲ့ပြီး ဆာရီဟာ သူ့ရဲ့မန်နေဂျာသာဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းတစ်ယောက် မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဂျော်ဂျင်ဟို ဟာ ချယ်လ်ဆီးမှာ ဆာရီနည်းပြ ပြုလုပ်နေစဉ်ကာလအတွင်း ချယ်လ်ဆီးကွင်းလယ်မှာ နေရာတစ်ခုအခိုင်အမာရနေခဲ့ပြီး ချယ်လ်ဆီးပရိသတ်တွေကတော့ သူ့ရဲ့ကစားပုံကို အားမရခဲ့ကြပါဘူး။ ဂျော်ဂျင်ဟို က သူ့အနေနဲ့ နည်းပြသစ် လမ်းပတ်ရဲ့လက်ထက်မှာလည်း ပွဲထွက်ခွင့်အတွက် ကြိုးစားသွားမှာဖြစ်ပြီး ပရိသတ်တွေရဲ့အမြင်တွေအပေါ် သက်သေပြသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

(AP Photo/Eugene Hoshiko)

အဲဗာတန် ။      ။ အဲဗာတန်ဟာ ပဲလေ့စ်အသင်းတောင်ပံကစားသမား ဇာဟာ အတွက် ပေါင်(၅၅)သန်းနဲ့ စတင်ကမ်းလှမ်းလိုက်ပြီလို့ ESPN က ဖော်ပြပါတယ်။ အာဆင်နယ်အသင်းရဲ့ ပစ်မှတ်တောင်ပံကစားသမားဟာ ဒီအပြောင်းအရွှေ့မှာ ပဲလေ့စ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိနေသူဖြစ်ပြီး ပဲလေ့စ်ကတော့ ဇာဟာ ရဲ့ တန်ကြေးကို ပေါင်သန်း(၈၀)လို့ သတ်မှတ်ထားခဲ့ပါတယ်။

READ
ပရီးမီးယားလိဂ်ကို ပြန်ရောက်တော့မယ့် မန်ယူတိုက်စစ်မှူးဟောင်း ဟာနန်ဒက်ဇ်နဲ့ သတင်းအတိုများ

ဆီဘယ်လို့စ် ။   ။ ရီးယဲလ်အသင်းဟာ ကွင်းလယ်လူ အဆန်ဆီယို ကို ဒဏ်ရာကြောင့်ဆုံးရှုံးရမှာဖြစ်ပေမယ့်လည်း ဆီဘယ်လို့စ်ကိုတော့ အာဆင်နယ်အသင်းဆီ အငှားချထားမှာဖြစ်တယ်လို့ TheSun က ဖော်ပြပါတယ်။ အာဆင်နယ်ဟာ ဆီဘယ်လို့စ်ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့အတွက် ရီးယဲလ်အသင်းနဲ့အကြိုသဘောတူညီမှု ရရှိထားခဲ့ပြီး အဆန်ဆီယို ရဲ့ ဒဏ်ရာရရှိသွားမှုက ကစားသမားရဲ့အပြောင်းအရွှေ့ကို ထိခိုက်လာမှာ စိုးရိမ်နေခဲ့တာပါ။

Linn

Source : TheSun , Goal , Mirror

SHARE