၂၆-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

Twitter

စပါး ။   ။ စပါးအသင်းဟာ လိုင်ယွန်အသင်းရဲ့ကွင်းလယ်လူ နွန်ဘီလီ ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီလို့ တယ်လီဂရပ်သတင်းစာက ဖော်ပြပါတယ်။ စပါးဟာ နွန်ဘီလီ အတွက် ပေါင်(၅၅)သန်းအထိ ပေးချေသွားဖို့ရှိနေပြီး ကလပ်အသင်းသမိုင်းမှာ ပြောင်းရွှေ့ကြေးအများဆုံးပေးချေမှု ဖြစ်လာမှာပါ။ စပါးအသင်းရဲ့နောက်ဆုံး စံချိန်တင်အပြောင်းအရွှေ့ဟာ နောက်ခံလူ ဆန်းချက်ဇ်ကိုခေါ်ယူခဲ့မှုပဲဖြစ်ပြီး ပြီးခဲ့တဲ့ (၂)နှစ်အကြာက ခေါ်ယူခဲ့တဲ့ ဆန်းချက်ဇ်ဟာ ပေါင်(၄၂)သန်းတန်ကြေးရှိခဲ့သူပါ။

ဘာနာဒိုဆေးလ်ဗား ။    ။ မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဘာနာဒို ဆေးလ်ဗား ဟာ ရော်နယ်ဒိုနဲ့မက်ဆီတို့ဘောလုံးလောက ကနေ အနားယူသွားတဲ့အချိန်မှာ ဘလွန်းဒီအော ဆု ကို ရနိုင်မယ့်ကစားသမားဖြစ်တယ်လို့ ပေါ်တူဂီ ကစားသမားဟောင်း ပေါ်လို ဖူရီ က ဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းအတွက် ပြီးခဲ့တဲ့ဘောလုံးရာသီက ပွဲစဉ်(၅၁)ပွဲအထိ ကစားပေးခဲ့တဲ့ ဆေးလ်ဗား ဟာ ပေါ်တူဂီအသင်းကို နေးရှင်းဖလားချန်ပီယံဖြစ်အောင်လည်း ကူညီပေးနိုင်ခဲ့ပြီး သူ့ရဲ့ခြေစွမ်းဟာ သူနဲ့ရွယ်တူ ကစားသမားတွေထဲမှာ ထိပ်တန်းအဆင့်ပဲလို့ ပေါ်တူဂီကစားသမားဟောင်းကြီးက သုံးသပ်သွားတာပါ။

(AP Photo/Luis Vieira)

လမ်းပတ် ။      ။ မန်ယူအသင်းနောက်ခံကစားသမားဟောင်း ဂယ်ရီနဗီးလ်က လမ်းပတ်ရဲ့နည်းပြအတွေ့အကြုံဟာ ချယ်လ်ဆီးအသင်းကို တာဝန်ယူဖို့အတွက် လုံလောက်သေးမှာ မဟုတ်ဘူးလို့ သုံးသပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈)ဘောလုံးရာသီကမှ ဒါဘီအသင်းကို ကိုင်တွယ်ခဲ့ပြီး နည်းပြဘ၀ထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ လမ်းပတ်အနေနဲ့ သူ့ရဲ့နည်းပြသက်တမ်း တစ်နှစ်ဆိုတဲ့ အတွေ့အကြုံနဲ့ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ရ ခက်ခဲလိမ့်မယ်လို့ နဗီးလ်က မှတ်ချက်ပေးသွားခဲ့တာပါ။

READ
၂၆-၁၂-၂၀၁၈ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
(AP Photo/Kirsty Wigglesworth, file)

ဆေးလ်ဗား ။    ။ မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗား က လာမယ့်ဘောလုံးရာသီဟာ သူ့ရဲ့မန်စီးတီးကစားသမား နောက်ဆုံးရာသီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ ဗလင်စီယာကနေ မန်စီးတီးအသင်းဆီကို (၂၀၁၀)ခုနှစ်ကတည်းက ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားဟာ မန်စီးတီးအသင်းရဲ့အဓိက ကွင်းလယ်ကစားသမားအဖြစ် ရပ်တည်နေခဲ့ပေမယ့် လာမယ့်ဘောလုံးရာသီအကုန်မှာ မန်စီးတီးကနေ ထွက်ခွာမယ်ဆိုတဲ့အကြောင်း အတည်ပြုသွားခဲ့တာပါ။

ဘူဖွန် ။ ။ ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီး PSG အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ ဂိုးသမားကြီး ဘူဖွန် ဟာ အသင်းဟောင်း ဂျူဗင်တပ်စ်ဆီကို အံ့အားသင့်ဖွယ်ပြန်လာဖို့ ပြင်ဆင်နေပါတယ်။ အသက် (၄၁)နှစ်အရွယ် ဂိုးသမားကြီးဟာ PSG မှာ တစ်ရာသီသာ ကစားခဲ့ပြီးနောက် စာချုပ် ကုန်ဆုံးသွားခဲ့ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ တစ်နှစ်စာချုပ် ပြန်လည်ချုပ်ဆိုဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လိုင်ယွန် ။       ။ ပြင်သစ်ကလပ် လိုင်ယွန်အသင်းဟာ လိုင်လီအသင်းရဲ့ကွင်းလယ်ကစားသမား သီယာဂို မန်ဒက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။ ဘရာဇီးကွင်းလယ်ကစားသမားဟာ လိုင်ယွန်အသင်းဆီကို ပေါင်(၂၂)သန်းဝန်းကျင်နဲ့ရောက်ရှိသွားခဲ့တာဖြစ်ပြီး လိုင်ယွန်အသင်း တာဝန်ရှိသူတွေက သူတို့ရဲ့ တရားဝင်ဝက်ဆိုက်ကနေတစ်ဆင့် ကြေညာသွားခဲ့ပါတယ်။

 

နယူးကာဆယ် ။ ။ နယူးကာဆယ်အသင်းရဲ့အဓိက တိုက်စစ်ကစားသမား ပီရက်ဇ်နဲ့ ကစားသမားအချို့ဟာ ဘင်နီတက်ဇ်ထွက်ခွာသွားပြီးတဲ့နောက် သူတို့ရဲ့အနာဂတ်ကို စဉ်းစားနေကြပြီဖြစ်တယ်လို့ TheSun က ဖော်ပြပါတယ်။ အယိုဇီပီရက်ဇ် ၊ ဖက်ဒရစ်ကို ၊ ဖေဘီယန်ရှားနဲ့ ဒူဗရက်ကာ တို့ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးနေမှုတွေကို ရပ်ဆိုင်းလိုက်ကြပြီး ဘင်နီတက်ဇ် မရှိတော့တဲ့ နယူးကာဆယ်အသင်းရဲ့အခြေအနေတွေကို စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြသွားခဲ့ပါတယ်။

READ
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်လူစာရင်းကို ရုရှားအသင်းထုတ်ပြန်ကြေညာ

 

Linn

Source : Goal , Mirror , TheSun

SHARE