(၂၈-၄-၂၀၁၉)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

(AP Photo/Alastair Grant)

စပါး VS ဝက်စ်ဟမ်း – ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်အခြေစိုက်နှစ်သင်းရဲ့ ဒါဘီပြိုင်ပွဲမှာတော့ စပါးအသင်းတို့ ချန်ပီယံလိဂ်ဝင်ခွင့် ပီပြင်လာစေမယ့် ခြေတစ်လှမ်းကို မလှမ်းလိုက်နိုင်ခဲ့ပါဘူး။ စပါးအသင်းဟာ မာမာထန်ထန် တုန့်ပြန်ကစားနေတဲ့ ဝက်စ်ဟမ်းကြောင့် ကစားကွက်တည်ဖို့ကိုပင် အတော်လေး ကြိုးစားခဲ့ရပါတယ်။ ပွဲချိန်(၆၇)မိနစ်မှာ အန်တိုနီယိုက ဝက်စမ်းဟမ်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

The Sun

ဟဲလင်ဝုဒ် – အသက်(၃၂)နှစ်အရွယ် ဟယ်လင်ဝုဒ်က သူမနဲ့ ရွန်းနီတို့ရဲ့ပတ်သက်မှုကို သတင်းမီဒီယာများနဲ့ တွေ့ဆုံစဉ်မှာ ဆက်လက်ထုတ်ဖော်ခဲ့ရာ၊ ရွန်းနီဟာ သူမနဲ့ ချစ်တင်းနှောပြီးနောက်၊ ဇနီးဖြစ်သူ ကောလင်း လွယ်ထားရတဲ့ ကလေးရဲ့ Scan ဓာတ်ပုံကိုကြည့်ပြီး ငိုကြွေးခဲ့တယ်လို့ ဆိုပါတယ်။ အခုတော့ သူတို့နှစ်ယောက်ရဲ့ အရှုပ်ဇာတ်လမ်းဟာ တစ်ကြော့ပြန် ခေါင်းထောင်လာပြီး၊ ရွန်းနီတို့ရဲ့ အိမ်ထောင်ရေးကို ကိုင်လှုပ်လာပြန်ပါတယ်။

ဆိုးလ်ရှား – လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်နေရဆဲ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေအနက် ပြိုင်ဘက်တွေဟာ ခြေချော်မှာဖြစ်ပြီး၊ ဒီအခွင့်အရေးကောင်းကို မိမိတို့ ရယူနိုင်ပြီဆိုရင် ထိပ်သီး(၄)သင့်အဆင့် ဝင်နိုင်လိမ့်မယ်လို့ ဆိုးလ်ရှားက အသင်းသားတွေကို အားပေးခဲ့ကြောင်း သိရပါတယ်။

(AP Photo/Manu Fernandez)

လာလီဂါချန်ပီယံ ဘာစီလိုနာ – ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ဘာကာနဲ့ လီဗန်တေးတို့ ပွဲစဉ်မှာ အဓိက ကစားသမား မက်ဆီ မပါဝင်ခဲ့ပေမယ့်၊ ဘာကာအတွက် အနိုင်ဂိုးကို လူစားဝင်လာတဲ့ မက်ဆီက ပွဲချိန်(၆၂)မိနစ်မှာ သွင်းယူခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ကစားဖို့(၃)ပွဲ ကျန်နေချိန်မှာပဲ စောစောစီးစီး လာလီဂါဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ ဒီလာလီဂါဖလားဟာ ဘာစီလိုနာအတွက်တော့ (၂၇)ကြိမ်မြောက် ဖလားကြီးဖြစ်ပါတယ်။

(AP Photo/Thibault Camus)

အမ်ဘာပေး – မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ PSG အသင်းနဲ့ ရင်းနက်စ်အသင်းတို့ပွဲစဉ်မှာ အမ်ဘာပေးဟာ အချိန်ပို (၁၁၈)မိနစ်မှာ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဒီထုတ်ပယ်ခံရမှုမှာ ဘာပေးရဲ့ ဘောလုံးဖြတ်ထုတ်မှုဟာ တစ်ဖက်ကစားသမားကို မလေးမစားနဲ့ တမင် ရည်ရွယ်ချက်ရှိရှိ ဖြတ်ထုတ်ခဲ့တာလို့ လူမှုကွန်ရက်တွေပေါ်မှာ ဝေဖန်နေပြီး၊ ဘာပေးဟာ သန့်ရှင်းတည်ကြည်တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်မဟုတ်လို့ ဝေဖန်နေကြပါတယ်။

ရင်းနက်စ် VS PSG – ပြင်သစ်ပြည်တွင်းဖလားတစ်ခုဖြစ်တဲ့ French Cup ဖိုင်နယ်ပွဲစဉ်မှာ PSG အသင်းဟာ ပွဲချိန်အတွင်းမှာ 2-2 သရေရလဒ် ထွက်ပေါ်ခဲ့ရာ၊ အချိန်ပို ကစားခဲ့ရပါတယ်။ အချိန်ပို (၁၁၈)မိနစ်မှာ အမ်ဘာပေး ဘောလုံးယှဉ်လုရာမှာ ကြမ်းတမ်းခဲ့လို့ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ အချိန်ပိုအတွင်းမှာ ဂိုးထပ်မသွင်းနိုင်တာကြောင့် ပင်နယ်တီကန်ခဲ့ရာ ရင်းနက်စ်အသင်းက 6-5 ရလဒ်နဲ့ ဖလားသိမ်းနိုင်ခဲ့ပါတယ်။

READ
၂၀၁၇ ဘောလုံးလောကို အမှတ်တရရှိစေမယ့် အကောင်းဆုံးအခိုက်အတန့်များ
(AP Photo/Martin Meissner)

ဆန်ချို – မကြာသေးခင်က ယှဉ်ပြိုင်ခဲ့တဲ့ ဒေါ့မွန်နဲ့ ရှော်လ်ကေးအသင်းတို့ရဲ့ ဒါဘီပွဲစဉ်မှာ ဒေါ့မွန်ရဲ့ အဓိကကစားသမား ဆန်ချိုဟာ အသင်းသားတွေနဲ့အတူ အောင်ပွဲခံစဉ် မီးခြစ်နဲ့ အထုခံခဲ့ရပါတယ်။ အဲဒီဒါဘီပွဲမှာ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပြီး ဒေါ့မွန်ဘက်က နှစ်ယောက် ထုတ်ပယ်ခံခဲ့ရပါတယ်။ ပွဲစဉ်မှာ ရှော်လ်ကေးက 4-2 နဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

လင်းဇော်ကို (SportAhtar)

Source : thesun.co.uk/ metro.co.uk/ goal.com/ skysports.com

SHARE