၂၉-၆-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

(AP Photo/Edison Vara)

အာဂျင်တီးနား ။ ။ ကိုပါအမေရိကပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေမှာ အုပ်စုကတက်ဖို့ရုန်းကန်ခဲ့ရတဲ့ အာဂျင်တီးနားဟာ ဒီနေ့ နံနက်ပိုင်းကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာတော့ ဗင်နီိဇွဲလားအသင်းကို (၂-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဂျင်တီးနားကပွဲချိန် (၁၀)မိနစ်မှာတင်ပဲ ဦးဆောင်ဂိုးရခဲ့တာဖြစ်ပြီး ကိုပါအမေရိကမှာ အာဂျင်တီးနားအတွက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မာတီနက်ဇ်က သွင်းယူပေးခဲ့တာပါ။ အာဂျင်တီးနားအတွက် ဒုတိယမြောက်အနိုင်ဂိုးကိုတော့ ပွဲချိန် (၇၄)မိနစ်မှာ ကွင်းလယ်လူ လိုဆယ်လို က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မာလီ ။ ။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ မာလီအသင်းတိုက်စစ်မှူး အဒါမာ နီယိမ်း ဟာ ဆံပင်ညှပ်တဲ့ကိစ္စနဲ့ပတ်သက်လို့ အသင်းခေါင်းဆောင်ကို ရိုက်နှက်ခဲ့တာကြောင့် အသင်းကနေ အိမ်ပြန်ပို့ခံခဲ့ရပါတယ်။ မာလီအသင်းကစားသမားတွေဟာ ဆံပင်ညှပ်သမားတစ်ဦးကို သူတို့ရဲ့ဟိုတယ်ဆီ ခေါ်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် ဒီယာဘီ ကအရင်ဆုံးညှပ်ခဲ့လို့ နီယိမ်းက မကျေမနပ်ဖြစ်ခဲ့ပြီး အချင်းချင်းထိုးကြိတ်ကြတဲ့အထိ ဖြစ်ခဲ့တာပါ။

 

ချီလီ ။  ။ ချီလီအသင်းဟာ ကိုပါအမေရိကပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကိုလံဘီယာအသင်းကို ပင်နယ်တီနဲ့အနိုင်ယူပြီးနောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့ကြတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ကြပြီး ကိုလံဘီယာအသင်း နောက်ခံလူ တက်ဆီလို ရဲ့ ပင်နယ်တီကန်သွင်းမှု လွဲချော်ခဲ့တာကြောင့် ချီလီအသင်းနောက်တစ်ဆင့်တက်သွားနိုင်ခဲ့တာပါ။

READ
(၂၆-၂-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
(AP Photo/Andre Penner)

နော်တင်ဟမ်ဖောရက်စ် ။          ။ ချန်ပီယံရှစ်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ ပြီးခဲ့တဲ့ (၅)လ ကမှ နည်းပြသစ်အဖြစ် ခန့်အပ်ထားတဲ့ မာတင်အိုနေးလ် ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်ပြီး မိနစ်(၂၀)အကြာမှာပဲ နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားခဲ့ပါတယ်။ အိုနေးလ်ဟာ အသင်းရဲ့အဓိက ကစားသမားအချို့နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီး လက်ထောက်နည်းပြ ရွိုင်ကိန်းက သူ့ရဲ့ရာထူးကနေ နုတ်ထွက်သွားတဲ့အထိ ပြဿနာတွေကြီးထွားခဲ့တာပါ။ အဲဒီနောက်မှာတော့ အသင်းဘုတ်အဖွဲ့က အိုနေးလ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။

ဂရစ်ဇ်မန်း ။      ။ ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်း ကိုခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း Dailymail က ဖော်ပြပါတယ်။ မက်ဆီ၊ဆွာရက်ဇ်တို့လို စီနီယာကစားသမားတွေကြောင့် ဘာစီလိုနာကိုပြောင်းဖို့အတွက် ခက်ခဲနေခဲ့တဲ့ ဂရစ်ဇ်မန်းဟာ တစ်နှစ်လုပ်ခ ပေါင်(၁၅)သန်းနဲ့ သဘောတူညီလိုက်ပြီဖြစ်ကြောင်း Dailymail က ဖော်ပြသွားခဲ့တာပါ။

READ
Rashford ပွဲထွက်လူစာရင်းမှာပါဝင်လာမည့်ပွဲကို မော်ရင်ဟိုပြောကြား
(AP Photo)

ချယ်လ်ဆီး ။     ။ ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှူး မိုရာတာကို အသင်းမှာဆက်လက်ထားရှိဖို့ ဆန္ဒရှိနေပြီး အက်သလက်တီကိုဆီ အပြီးသတ်ရောင်းချဖို့ ငြင်းပယ်သွားဖွယ်ရှိနေပါတယ်။ အက်သလက်တီကိုဟာ မိုရာတာကို ပေါင်သန်း(၅၀)နဲ့ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း အက်သလက်မှာ ဆက်လက်ရှိနေနိုင်ဖို့ မျှော်လင့်နေတာပါ။ ဒါပေမယ့် ချယ်လ်ဆီးရဲ့နည်းပြသစ် ဖြစ်လာမယ့် လမ်းပတ်ကတော့ မိုရာတာကို အငှားစာချုပ်မပြည့်ခင်တောင် ပြန်လည်ခေါ်ယူသွားဖွယ်ရှိနေတယ်လို့ Daily Telegraph သတင်းစာက ဖော်ပြသွားပါတယ်။

Linn

Source : TheSun , Goal , Dailymail

SHARE