၂၉-၇-၂၀၁၈ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

လီဗာပူးလ် ။     ။ လီဗာပူးလ်အသင်းဟာ ဒီနေ့ ကစားခဲ့တဲ့ ICC ဖလားပွဲမှာ မန်ယူအသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက် အဖွင့်ဂိုးကို မာနေးက ပွဲချိန် (၂၈)မိနစ်မှာ ပင်နယ်တီက တစ်ဆင့် သွင်းယူခဲ့ပြီး ပွဲချိန် (၃၁)မိနစ်မှာ ပါရဲရားက ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲချိန် (၆၆) မိနစ်မှာ စတူးရစ်ခ်ျက လီဗာပူးလ်အတွက် ဦးဆောင်ဂိုးတစ်ဂိုးသွင်းယူလိုက်ပြီးတဲ့နောက် ပွဲချိန် (၇၄)မိနစ်မှာ အိုဂျိုရဲ့ ပင်နယ်တီဂိုး၊ ပွဲချိန် (၈၂)မိနစ်မှာ ရှာကွီရီရဲ့ သွင်းဂိုးတွေကို မန်ယူအသင်းထပ်မံ ခွင့်ပြုခဲ့ရပြီး ပွဲအပြီးမှာ ၄-၁ ဂိုးနဲ့ အရှုံးပေးလိုက်ရပါတယ်။

ICC ဖလားပွဲရလဒ်များ

အာဆင်နယ် ၅ – ၁ ပီအက်စ်ဂျီ

ဘင်ဖီကာ ၁ – ၁ ဂျူဗင်တပ်စ် (ပင်နယ်တီဖြင့် ဂျူဗင်တပ်စ်နိုင်)

ချယ်လ်ဆီး ၁ – ၁ အင်တာ (ပင်နယ်တီဖြင့် ချယ်လ်ဆီးနိုင်)

မန်ယူ ၄ – ၁ လီဗာပူးလ်

ဘိုင်ယန် ၂ – ၃ မန်စီးတီး

အမ်မရီ ။         ။ အာဆင်နယ်အသင်းနည်းပြ အမ်မရီက ကွင်းလယ်ကစားသမား အိုဇေးလ်ဟာ အသင်းခေါင်းဆောင်နေရာအတွက် အဆင်သင့်ဖြစ်နေပြီလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ ကစားခဲ့တဲ့ ICC ဖလားပွဲစဉ်မှာ အသင်းရဲ့အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ အဲဒီပွဲစဉ်မှာ ပီအက်စ်ဂျီကို ၅-၁ ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့တာပါ။

READ
(၂-၆-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Standard

ဟာနန်ဒက်ဇ် ။  ။ ၀က်စ်ဟမ်းအသင်းရဲ့ အားကစားဒါရိုက်တာ ဟူစီလော့စ်က တိုက်စစ်မှူး ဟာနန်ဒက်ဇ်ဟာ ရောင်းချဖို့မဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မက္ကဆီကို တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက အသင်းပြောင်းဖို့အတွက်ရေပန်းစားနေခဲ့ပြီး နည်းပြ ဘီလစ်နဲ့ မိုရက်စ်တို့လက်ထက်မှာ ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဟူစီလော့စ်က နည်းပြသစ် ပယ်လီဂရီနီရဲ့ လက်ထက်မှာ ဟာနန်ဒက်ဇ်အနေနဲ့ အခွင့်အရေးပိုမိုရရှိလာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

Youtube

အိုဇေးလ် ။       ။ ICC ဖလားပွဲအဖြစ် အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးက အာဆင်နယ်အသင်းခေါင်းဆောင် အိုဇေးလ်ရဲ့ လက်မှတ်ကို သူ့ရဲ့ အ၀ါကတ်ပြားပေါ်မှာ အမှတ်တရအဖြစ် ရေးထိုးခိုင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်က တွစ်တာပေါ်မှာ နာမည်ကြီးနေတာဖြစ်ပြီး အာဆင်နယ်အသင်းခေါင်းဆောင်သစ်ဟာ ဒိုင်လူကြီးရဲ့ အ၀ါကတ်ပေါ်မှာတောင် လက်မှတ်ထိုးပေးရတယ်လို့ ပရိသတ်တွေက ရေးသားခဲ့ကြပါတယ်။

PA

အိုဆိုရီယို ။      ။ ၂၀၁၈ ကမ္ဘာ့ဖလားမှာ မက္ကဆီကိုအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ နည်းပြ အိုဆိုရီယို ကတော့ သူ့ရဲ့စာချုပ်သက်တမ်းကို ဆက်လက်တိုးမြှင့်ဖို့ ငြင်းဆန်သွားခဲ့ပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။ မက္ကဆီကိုအသင်းဟာ အိုဆိုရီယိုကို (၃)နှစ်စာချုပ်နဲ့ ခန့်အပ်ထားခဲ့တာဖြစ်ပြီး မက္ကဆီကို ဘောလုံးအဖွဲ့ချုပ်က သက်တမ်းတိုးဖို့ ထပ်မံကမ်းလှမ်းခဲ့ပေမယ့် အိုဆိုရီယိုက ငြင်းဆန်သွားခဲ့တာဖြစ်ပါတယ်။

READ
(၁၅-၃-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဖူလ်ဟမ် ။       ။ ဖူလ်ဟမ်အသင်းဟာ နယူးကာဆယ်အသင်းရဲ့တိုက်စစ်မှူး မီထရိုဗစ်ကို ပေါင် သန်း (၂၀)နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ မီထရိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဖူလ်ဟမ်အသင်းကို အငှားလာရောက်ကစားခဲ့သူဖြစ်ပြီး ပွဲ(၂၀)ကစား၊ (၁၂)ဂိုး သွင်းယူပေးခဲ့သူပါ။ ဖူလ်ဟမ်အသင်းဟာ ဆွမ်ဆီးအသင်းရဲ့ နောက်ခံလူ မော်ဆွန် ကိုလည်းခေါ်ယူဖို့ ကြိုးစားနေပါတယ်။

အန်ဒရေအယူး ။                   ။ ဆွမ်ဆီးအသင်းရဲ့ တိုက်စစ်မှူး အန်ဒရေအယူး ဟာ တူရကီကလပ် ဖီနာဘာချီအသင်းဆီကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ချန်ပီယံရှစ်ကို တန်းဆင်းသွားခဲ့ရတဲ့ ဆွမ်ဆီးအသင်းဟာ အသင်းရဲ့ ကုန်ကျစရိတ်တွေကိုလျော့ချဖို့အတွက် ကစားသမားတွေကို ရောင်းချဖို့နဲ့ အငှားချဖို့တွေ ပြင်ဆင်နေခဲ့ရပြီး သူတို့ရဲ့ အဓိက တိုက်စစ်မှူး အယူး ကို ဖီနာဘာချီအသင်းဆီ အငှားချလိုက်ရပါတယ်။

Linn

Source : Dailymail , TheSun , ESPN

SHARE