၂၃-၃-၂၀၂၀ အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Twitter / Goal

ဟီဂူအင် ။       ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ဟီဂူအင် အနေနဲ့ အီတလီနိုင်ငံတွင်းမှာ Covid-19 အတွက် စောင့်ကြည့်မှု (၁၄)ရက် မပြည့်မီ အာဂျင်တီးနားနိုင်ငံဆီ ပြန်လာရခြင်းအပေါ် အစ်ကိုဖြစ်သူက ဖွင့်ဟလိုက်ပါတယ်။ ဟီဂူအင် ဟာ စောင့်ကြည့်ကာလ (၇)ရက်မှာပဲ အာဂျင်တီးနားနိုင်ငံဆီကို ပြန်လာခဲ့တာဖြစ်ပြီး အကြောင်းရင်းကတော့ သူတို့ရဲ့ မိခင်ဖြစ်သူဟာ ကင်ဆာရောဂါကို ခံစားနေရတာကြောင့် ဖြစ်တယ်လို့ အစ်ကိုဖြစ်သူ နီကိုလာ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။


ဖယ်လိုင်နီ ။     ။ တရုတ်နိုင်ငံတွင်းမှာ Covid-19 ရောဂါ ကူးစက်ခံထားရတဲ့ ကွင်းလယ်လူ ဖယ်လိုင်နီ က သူ့အနေနဲ့ ရောဂါအခြေအနေ တိုးတက်ကောင်းမွန်ကြောင်းနဲ့ စိတ်ပူစရာမရှိကြောင်း ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ ဖယ်လိုင်နီဟာ တရုတ်စူပါလိဂ်မှာ Covid-19 ကူးစက်ခံရတဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့ပြီး သူ့ရဲ့ ဆေးစစ်မှုအဖြေက Positive ဖြစ်နေခဲ့တယ်လို့ ကျန်းမာရေးဌာနက ကြေညာသွားခဲ့တာပါ။

မက်ဂင်း ။        ။ ဗီလာအသင်းဟာ သူတို့ရဲ့ အဓိက ကွင်းလယ်ကစားသမား ဂျွန်မက်ဂင်းကို ဒီအပြောင်းအရွှေ့မှာ ထိန်းသိမ်းထားဖို့ မလွယ်ကြောင်း Goal က သုံးသပ်ပါတယ်။ အဲဗာတန်၊ လက်စတာနဲ့ ၀ုဗ်အသင်းတို့က ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဒီကစားသမားကို ဗီလာ အနေနဲ့ ခက်ခက်ခဲခဲ ထိန်းသိမ်းထားရဖွယ်ရှိနေပြီး အခြားကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဂရီယယ်လစ်ရှ်နဲ့အတူ လက်လွှတ်ရဖွယ်ရှိကြောင်း သုံးသပ်ထားပါတယ်။

ဘာစီလိုနာ ။    ။ ဘာစီလိုနာအသင်းဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားတဲ့ အပြောင်းအရွှေ့စည်းမျဉ်းတွေကို အသုံးချပြီး နေမာ ကို ပြန်လည်ခေါ်ယူသွားဖို့ရှိနေတယ်လို့ သတင်းထွက်နေပါတယ်။ FIFA က ချမှတ်ထားတဲ့ အပြောင်းအရွှေ့စည်းမျဉ်းထဲမှာ ကစားသမားဟာ အသင်းတစ်သင်းတည်းမှာ (၃)နှစ်ကြာ ကစားပြီးသွားရင် အဲဒီအသင်းကနေ ထွက်ခွာသွားနိုင်တယ် လို့ ပါရှိတာကြောင့် ဘာစီလိုနာအသင်းက နေမာ ကို PSG ကနေ ထွက်ခွာဖို့ တွန်းအားပေးမှာဖြစ်ပြီး အဲဒီနောက်မှာ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

READ
ဟယ်ရီကိန်းဟာ အင်္ဂလန်ကို ဆက်လက်သယ်ဆောင်သွားနိုင်ပါဦးမလား…..

မူဆို ။   ။ အူဒီးနီးစ်အသင်းရဲ့ ဂိုးသမား မူဆို ကိုခေါ်ယူဖို့ အင်တာမီလန်နဲ့ အေစီမီလန်တို့ အပြိုင်ချိတ်ဆက်နေကြကြောင်း Mirror က ဖော်ပြပါတယ်။ အဓိက ဂိုးသမား ဒွန်နာရမ်မာ ကို ဆုံးရှုံးရဖို့ရှိနေတဲ့ အေစီမီလန်ဟာ မူဆို ကိုခေါ်ယူဖို့ အရှိန်မြှင့်လှုပ်ရှားနေပြီး အင်တာမီလန် ကလည်း ဒီဂိုးသမားကို အလိုရှိနေတာဖြစ်တယ်လို့ Mirror က ရေးသားပါတယ်။

Linn

Source : TheSun , Goal , Mirror

SHARE